Latest News

Thursday, March 9, 2017

မဘိမ်းမြို့နယ်အတွင်း မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

မဘိမ်းမြို့နယ်အတွင်း မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော်၊ မတ် ၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မဘိမ်းမြို့နယ်အတွင်း နယ်မြေခံတပ်မတော်သားများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မတ် ၆ ရက် နံနက် ၈ နာရီ ၄၅ မိနစ်ခန့်တွင် ကုန်းခါးရပ်ကွက်နေ ဦးစိုးမြင့်နိုင် (ဘ) ဦးချစ်ဟူး၏ နေအိမ်အား သတင်းအရ ဝင်ရောက်ရှာဖွေရာ အဆိုပါ နေအိမ်အတွင်းမှ WY စာတန်းပါ စိတ်ကြွ ရူးသွပ်ဆေးပြား ၂၁၅ ပြား (ခန့်မှန်းတန်ဖိုး ငွေကျပ် လေးသိန်းကျော်ခန့်)၊ ဘိန်းမည်း ၁၅ ဂရမ်ခန့် (ခန့်မှန်းတန်ဖိုး ငွေကျပ် တစ်သောင်းကျော်ခန့်)နှင့် ဘိန်းဖြူအမှုန့် ၅ဝ ဂရမ် (ခန့်မှန်းတန်ဖိုး ငွေကျပ် ကိုးသိန်းခန့်) တို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
အဆိုပါ ဖမ်းဆီးရမိသူနှင့် မူးယစ်ဆေးဝါးများအား မဘိမ်းမြို့မရဲစခန်းသို့ စနစ်တကျ လွှဲပြောင်းအပ်နှံပြီး ဖြစ်ကြောင်း သတင်းရရှိသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

No comments:

Post a Comment