Latest News

Tuesday, March 7, 2017

ထောင်ထဲက ပေးတဲ့အကြံ

ထောင်ထဲက ပေးတဲ့အကြံ


အမေရိကန်နိုင်ငံ၊ မင်နီဆိုးတားပြည်နယ်က အဖိုးကြီးတစ်ယောက်ဟာ စိတ်ညစ်နေတယ်။ အာလူးစိုက်ဖို့ အချိန်ရောက်လို့ သူ့ခြံထဲက မြေကြီးကို ထွန်ယက်ရတော့မယ်။ အရင် စိုက်ပျိုးနေကျ သူ့သားဟာ ခိုးမှုနဲ့ မကြာခင်ကပဲ ထောင်ကျသွားတယ်။

သူလည်း အိုမင်းနေလို့ မြေကြီးကို ထွန်ယက်ဖို့ ခွန်အား မရှိတော့ဘူး။ သူ့သားဆီကို စာရေုးပီး ထွန်ယက်ဖို့ ဘယ်လိုလုပ်ရမလဲလို့ မေးလိုက်တယ်။

သူ့သားဆီက နေ့တွင်းချင်း ကြေးနန်းပြန်လာတယ်။ "အဖေ၊ ခြံထဲကမြေကြီးကို လုံးဝမတူးဆွလိုက်ပါနဲ့။ မြေကြီးအောက်မှာ လက်နက်နဲ့ခဲယမ်းမီးကျောက်တွေ ဖွက်ထားလို့ပါ"

နောက်နေ့ မနက်အစောကြီးမှာ အက်ဖ်ဘီအိုင်စုံထောက်တွေနဲ့ ရဲသား တစ်ရာကျော် အဖိုးကြီးခြံကို ရောက်လာကြတယ်။ ချက်ခြင်းပဲ မြေကြီးကို တူးဆွပြီး လက်နက်တွေ ရှာကြတယ်။ ညနေစောင်းတဲ့အထိ ဘာလက်နက်မှ ရှာမတွေ့လို့ လက်လျှော့ပြန်သွားကြတယ်။ အဖိုးကြီးရဲ့ မြေနေရာဟာ သူတို့တူးဆွထားလို့ ပွစာကျဲနေပါတယ်။

အဖိုးကြီးက သားဆီကို စာပြန်ရေးလိုက်တယ်။ ရဲတွေ ဘာလက်နက်မှ ရှာမတွေ့ဘူးလို့။သးဆီက ကြေးနန်းရောက်လာတယ်။ "သူတို့တူးဆွထားတဲ့ နေရာမှာ အာလူးတွေ စိုက်လိုက်ပါ။ အဖေ့ကို သားကူညီနိုင်တာ ဒါပါပဲ"။

ဦးနှောက်ဉာဏ်ကောင်းရင် သူများကို ခိုင်းစားလို့ ရပါတယ်နော်။
Credit:ဗန်းမော်သိန်းဖေ

No comments:

Post a Comment