Friday, March 17, 2017
ပေးစာကဏ္ဍ(ဆောက်လုပ်ရေးတင်ဒါ ဧရာဝတီတိုင်းရေစီးနဲ့ ဘုန်းကြီးရူးနဲ့လှေလူးများကြားက ကုမ္ပဏီများဘဝ)
ပြည်သူအားနဲ့ အစိုးရဖွဲ့နိုင်ပြီး စ တက်လာတဲ့ အစိုးရသစ်တနှစ်တာကာလအတွင်းမယ် ဧရာဝတီတိုင်းမှာတော့ ဥပဒေစာအုပ်ကိုသာနမူနာပြုလို့ မူသေကိုင်စွဲလုပ်ကိုင်ကာ နည်းလမ်းစည်းကမ်းတသွယ်ချမှတ်လုပ်ကိုင်ပေးနိုင်မှု အားနည်းတော့ အသေးစား အလပ်စား အလုပ်အကိုင်တွေ ရပ်တည်လည်ပတ်နိုင်မှုအားနည်းလာရပါသဗျာ ၊
ဆောက်လုပ်ရေး ကုမ္ပဏီအလပ်အသေးအများစုကလည်း အစိုးရလုပ်ငန်းတင်ဒါကိုသာ တဖက်တလမ်းက အားထားလုပ်ကိုင်ရပ်တည် နေကြရတယ်လေ ၊ ဘဏ်သွင်းငွေဒပို့စစ်အသီးသီးတင် တွက်ချက်မှု ပုံဆွဲစရိတ်အများအပြား အကုန်အကျခံ တင်ဒါတင်တဲ့ ကုမ္ပဏီတွေကို အေးအေးဆေးဆေး ကလေးမွေးသလို လ ပေါင်းများစွာထားပြီးမှ စိစစ်နေတာက ဧရာဝတီတိုင်း ကုသရေးဦးစီး ၊ ကျန်းမာဦးစီးတို့ပါပဲဗျ ၊
ကုမ္ပဏီအလပ် အသေးတွေဟာ တင်ဒါအောင်ဖို့ စည်းကမ်းအချက် ပြည့်စုံရမယ့်အပြင်မယ် ဒီတိုင်းဦးစီးဌာနတွေရဲ့ မှုးကြီးတွေကို ရင်းနှီးဆက်သွယ်နိုင်ရင်တော့ ပိုသေချာတာပေါ့ဗျာ ၊ အကျိုးအမြတ်ထက် အလုပ်ရဖို့လိုလားနေတဲ့ ကုမ္ပဏီတွေဟာ ပရောဂျက်တန်ဖိုးရဲ့ ပါစင့်တင့်ကို လေလံပစ်သလို ချွေခြပေးနေတာဟာ တိုင်းဌာနမှုးကြီးတွေအတွက် ဒီနေရာမယ် တိုင်း ကျန်းမှုးကြီးအတွက် အတော်ချိုမြိန်ခဲ့ဘူးလေသဗျ ၊
အထက်ဌာနဝန်ကြီးရဲ့ အလိုကို ကန့်လန့်မသိမသာတိုက်သလို ၊ အိပ်ဖောင်းဖို့ အခြေမပေးရင်လည်း ဒီအလုပ်ကိစ္စကို စိတ်မဝင်စားမပတ်သက်ချင်သလို ၊ သက်ဆိုင်တဲ့ လုပ်ငန်းရှင်တွေကို တာဝန်ရှောင်လွှဲလို့ ၊ လုပ်ငန်းပြီးစီးမှု ရာနှုန်းအလိုက် ဘဏ်ငွေထုပ်ယူဖို့ကအစ ကြန့်ကြာစေတော့သဗျ ၊
အုပ်ချုပ်ရေးအစိုးရသစ်အနေနဲ့လည်း ကုမ္ပဏီအငယ်နဲ့ လုပ်ငန်းငယ်တွေအပေါ် နည်းအမျိုးမျိုး ဥပဒေဘောင်တွေချ ပညာပေးနိုင်သလောက် ကုမ္ပဏီအကြီးတွေရဲ့ ပရောဂျက်ကြီးတွေ ဌာနဆိုင်ရာကြီးတွေရဲ့ ပရောဂျက်ကြီးတွေအပေါ် နားလည်စာနာမှု အတော်ပေးနိုင်သဗျ ၊
အခုပြဿနာကတော့ဗျာ ကြန့်ကြာသွားမှုအတွက် အသနားခံတင်ပြတဲ့ လုပ်ငန်းကို ပစ်ပယ်လို့ နီးစပ်ရာ လက်သိပ်ထိုးပေးဖို့ စီစဉ်နေကြတဲ့ ကျန်းမာရေးပရောဂျက်ငယ်လေး ကိစ္စပါ ၊
ဧရာဝတီတိုင်းထဲက လုပ်ငန်းရှင်လေးတွေ ပြည်သူတွေအဖို့တော့ဗျာ အခုအနေအထားမယ် ဘုန်းကြီးရူးနဲ့ လှေလူးတွေ့ကြလေပြီပေါ့ဗျာ ။
Yarzar Di Yarzar Patheinland
https://www.facebook.com/photo.php?fbid=1859628634300120&set=a.1443736582555996.1073741827.100007590047461&type=3&theater
ပေးစာကဏ္ဍ(ဆောက်လုပ်ရေးတင်ဒါ ဧရာဝတီတိုင်းရေစီးနဲ့ ဘုန်းကြီးရူးနဲ့လှေလူးများကြားက ကုမ္ပဏီများဘဝ)
Reviewed by timeayeyar
on
4:14 AM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment