Latest News

Thursday, March 9, 2017

တောင်ကိုးရီးယား ဖွဲ့စည်းပုံတရားရုံးက သမတ-ပါက့်-ကို ရာထူးကနေ အပြီး ဖယ်ရှားလိုက်ပြီ

တောင်ကိုးရီးယား ဖွဲ့စည်းပုံတရားရုံးက သမတ-ပါက့်-ကို ရာထူးကနေ အပြီး ဖယ်ရှားလိုက်ပြီ

တောင်ကိုးရီးယားသမတ ပါက်-ဂွန်ဟေးကို လဘ်စားမှုနဲ့သံသယရှိတဲ့အတွက် သမတရာထူးကနေ အပြီးတိုင် ဖယ်ရှားလိုက်ကြောင်း တောင်ကိုးရီးယားဖွဲ့စည်းပုံတရားရုံးက မတ်လ-၁၀ ရက်နေ့က ဆုံးဖြတ်လိုက်ပါတယ်။

သမတ-ပါကက်ကို လဘ်စားမှုနဲ့သံသယရှိတာကြောင့် ရာထူးကနေဖယ်ရှားဖို့ ကိုးရီးယားလွှတ်တော်နှစ်ရပ်လုံးက ပြီးခဲ့တဲ့ ဒီဇင်ဘာလထဲမှာ ဆုံးဖြတ်ခဲ့တဲ့အတွက် ဒီကိစ္စကို နိုင်ငံရေးအရ အမြင့်ဆုံး ဖွဲ့စည်းပုံတရားရုံးက ဆက်လက်စစ်ဆေးနေတာဖြစ်ပါတယ်။

ဒီကနေ့မှာတော့ သမတ-ပါ့က်ကို ရာထူးကနေ အပြိတိုင်ဖယ်ရှားလိုက်တာဟာ တိုင်းပြည်အတွက် ကြီးမားတဲ့အကျိုးရလဒ်ကို ဖြစ်စေနိုင်မယ်လို့ ဖွဲ့စည်းပုံတရားရုံး တရားသူကြီးအားလုံးက ချွင်းချက်မရှိ ဆုံးဖြတ်ခဲ့ကြပါတယ်။

သူ့ကို လဘ်စားမှုနဲ့ ဆက်ပြီး စွဲချက်တင်မတင်ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

 သမတ-ပါက့်ကို အခုလို ရာထူးကနေ အပြီးဖယ်ရှားလိုက်တဲ့အတွက် သမတသစ်ရွေးကောက်ပွဲကို ရက် ၆၀-အတွင်း ကျင်းပရမှာဖြစ်ပါတယ်။

 အသက်-၆၅ နှစ်အရွယ်ရှိ သမတ-ပါက်ဟာ အရင်းနှိးဆုံးမိတ်ဆွေ ချိုအီ-စွန်းစီနဲ့ပူးပေါင်းပြီး သူနဲ့ပတ်သက်နေတဲ့ အဖွဲ့အစည်းတွေကို ရန်ပုံငွေထဲ့ဝင်ဖို့ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေကို ဖိအားပေးခဲ့တယ်လို့ အတိုက်အခံတွေက စွပ်စွဲပါတယ်။

အဲဒီ့အထဲမှာ တောင်ကိုးရီးယား အကြီးဆုံးလုပ်ငန်းတစ်ခုဖြစ်တဲ့  Samsung Group လည်းပါဝင်ပြီး ကိုးရီးယားဝမ်ငွေ  သန်းနဲ့ ထောင်နဲ့ချီပြီး သမတ-ပါ့က်နဲ့ ချိုအီ- စွန်းစီလ်ကို လဘ်ထိုးခဲ့ကြောင်း ဒီကနေ့ ဆိုးလ်ြမို့က ပေးပို့တဲ့ ရိုက်တာသတင်းမှာ ဖေါ်ပြထားပါတယ်။

Sources Writer : Aye Aye Mon

No comments:

Post a Comment