Latest News

Saturday, March 11, 2017

မောင်တောတွင် နယ်​ခြား​စောင့်​ရဲတပ်​ဖွဲ့ထံမှ လက်​နက်​နှင့်​ဆက်​စပ်​ပစ္စည်းများ လုယူမှု ဖြစ်ပွား

မောင်တောတွင် နယ်​ခြား​စောင့်​ရဲတပ်​ဖွဲ့ထံမှ လက်​နက်​နှင့်​ဆက်​စပ်​ပစ္စည်းများ လုယူမှု ဖြစ်ပွား


မောင်​တောမြို့နယ်ခနယ်​​မြေ(၂) ​အောင်​စံရွာတွင်​ ဆိုင်​ကယ် ၅ စီးဖြင့်​ တရားမဝင်​ပစ္စည်းများတင်​​ဆောင်​လာ​​ကြောင်း သတင်းရရှိသဖြင့် စစ်ဆေးရာမှ ရဲတပ်ဖွဲ့ဝင်များ၏ လက်နက်များ လုယူထွက်ပြေးမှု ယနေ့ မတ်လ ၁၁ ရက် ညနေပိုင်းက ဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ မတ် ၁၁ ရက် ညနေ ၄ နာရီ ၁၅ မိနစ်တွင်​ရွာသားတစ်​ဦး၏ သတင်း​ပေးချက်​အရ ​အောင်​ဇံရဲကင်းမှုးနှင့်အဖွဲ့ဝင်များသည်​သွား​ရောက်​စစ်​​ဆေးခဲ့သည်ဟု နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီမှ ထုတ်ပြန်သည်။

ဆိုင်​ကယ်​စီးလာသည့် ဒိုင်းနက်လူမျိုးဟု ယူဆရသည့်ငါးဦးအား ​အောင်​ဇံရဲကင်းသို့​ခေါ်၍ ၎င်းတို့နှင့်အတူပါလာသည့်​ဆာလာအိတ်၊ ကျောပိုးအိတ်​များကို စစ်​​ဆေးရာ ဘီယာဘူး၊ ဆားကစ်​ပြားနှင့်​ ရီမုများကိုရှာ​ဖွေ​တွေ့ရှိခဲ့သည်​။

ထိုသို့ စစ်​​ဆေး​နေစဉ်​ ၎င်းတို့ငါးဦးမှ ရဲတပ်​ဖွဲ့ဝင်​ငါးဦးအား လုံးထွေး၍ ရဲကင်းမှBA 94 (၂)​လက်​၊ (ကျည်​အိမ်​ကျည်​မပါ)နှင့်​ BA 63 ၁ လက်​၊ (ကျည်​အိမ်​တစ်​ခု ကျည်​ဆံ ၁၅ ​တောင့်​)တို့အားလုယူ၍ နယ်​စပ်​မှတ်​တိုင်​ ၄၃ ဘက်​သို့ထွက်​ပြေးသွားခဲ့သည်။

လက်​နက်​များလုယူထွက်​​ပြေးသွားသူများအား နယ်​ခြား​​စောင့်​ရဲတပ်​ဖွဲ့ဝင်​များက လိုက်​လံရှင်းလင်းလျက်​ရှိပြီး ဘင်္ဂလား​ဒေ့ရှ်နိုင်​ငံ နယ်​ခြား​စောင့်​တပ်​သို့ ကူညီဖမ်းဆီး​ပေးရန်​ အ​ကြောင်းကြားထား​ကြောင်းသိရှိရသည်။

Mizzima - News in Burmese

No comments:

Post a Comment