Latest News

Sunday, March 5, 2017

လောက်ကိုင်တိုက်ပွဲကြောင့် ယနေ့ မနက်က ကျောင်းဆရာမတစ်ဦး သေဆုံးရာ လသားကလေးငယ်ကျန်ခဲ့

လောက်ကိုင်တိုက်ပွဲကြောင့် ယနေ့ မနက်က ကျောင်းဆရာမတစ်ဦး သေဆုံးရာ လသားကလေးငယ်ကျန်ခဲ့


မတ်၊ ၆

မနေ့ညက စပြီး အခုချိန်ထိ ဆက်လက်ဖြစ်ပွားနေတဲ့  လောက်ကိုင်တိုက်ပွဲကြောင့် ကျောင်းဆရာမတစ်ဦးသေဆုံးသွားခဲ့တာနဲ့ပတ်သတ်ပြီး  ဆရာမရဲ့ ကျန်ရစ်သူ လသားကလေးငယ်နဲ့မိသားစုကို ထောက်ပံ့ကူညီသွားမယ်လို့   မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာဆရာမများအဖွဲ့ချုပ်က ကြေညာထားပါတယ်။

တိုက်ပွဲကြောင့်သေဆုံးသွားတဲ့ ကျောင်းဆရာမကတော့ အမက လောင်အဲချီ ကျောင်းက မူလတန်းပြ ဆရာမ ဒေါ်ပြာမှီ ဖြစ်ပြီး ဒီကနေ့ မနက် ၂ နာရီလောက်က ထိခိုက်သေဆုံးသွားတာဖြစ်ကြောင်း  မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာဆရာမများအဖွဲ့ချုပ်က သူတို့ရဲ့ ဖေ့ဘွတ်စာမျက်နှာမှာဖော်ပြထားပါတယ်။

သေဆုံးသွားသူ ဆရာမ ဒေါ်ပြာမှီမှာ လသားကလေးငယ်တစ်ဦးကျန်ရှိခဲ့တယ်လို့  ဆိုထားပါတယ်။

ရဲလွင် ( Popular News )

No comments:

Post a Comment