Latest News

Monday, March 27, 2017

တစိမ်းတစ်ယောက်ရဲ့ သုတ်ပိုး မှားယွင်းထည့်သွင်းခြင်းခံခဲ့ရတဲ့ စင်္ကာပူအမျိုးသမီးတစ်ဦး


တစိမ်းတစ်ယောက်ရဲ့ သုတ်ပိုး မှားယွင်းထည့်သွင်းခြင်းခံခဲ့ရတဲ့ စင်္ကာပူအမျိုးသမီးတစ်ဦးက
မွေးလာတဲ့ကလေးကိုမွေးမြူစောင့်ရှောက်ရာမှာ ကုန်ကျစရိတ် ပေးဖို့ ဆေးရုံကိုတရားစွဲခဲ့တဲ့အမှုကို   တရားရုံးက အမိန့်ချပါတယ်။
တရားရုံးက
" မိဘတစ်ယောက်အနေနဲ့ သားသမီးကိုတာဝန်ယူကျွေးမွေးစောင့်ရှောက်ရမယ်ဆိုတဲ့ မူနဲ့ဆန့်ကျင်
တာကြောင့် ကလေးကို ကျွေးမွေးကြီးပြင်းအောင်စောင့်ရှောက်ရတဲ့ကုန်ကျမှုကို နစ်နာမှုအဖြစ် မစဉ်းစား
သင့်ဘူး"လို့ဆိုပါတယ်။
 "သားသမီးကို ထိန်းသိမ်းစောင့်ရှောက်ရခြင်းဟာ မိဘတွေရဲ့  နှလုံးသားကလာတဲ့ တာဝန်ဝတ္တရားဖြစ်ပါ
တယ်။ဒါကြောင့် ဒီအတွက် ကလေးကိုမြေတောင်မြှောက်ရတဲ့ ကုန်ကျမှုကို  ဆုံးရှုံးနစ်နာမှုအဖြစ်
မသတ်မှတ်နိုင်ပါဘူး"  လို့ ငါးဦးပါဝင်တဲ့ တရားသူကြီးအဖွဲ့က ဆုံးဖြတ်ပါတယ်။

ဒီအမှုက ၂၀၁၂ ကစတင်ခဲ့တာမို့ ကြာခဲ့ပါပြီ။  သူမရဲ့ လင်ယောက်ျားထံကမဟုတ်တဲ့ သုတ်ပိုးတွေကို
မှားယွင်းထည့်သွင်းခဲ့တဲ့ ဆရာဝန်နှစ်ဦးနဲ့  ပုဂ္ဂလိက ဆေးရုံကို အမျိုးသမီးကတရားစွဲခဲ့ ပါတယ်။
သူ့အမျိုးသားက ကော့ကေးဆပ်ကဆင်းသက်လာတဲ့ဂျာမန်အမျိုးသားဖြစ်ပါတယ်။
သူ့ကိုမှားယွင်းထည့်သွင်းပေးလိုက်တဲ့သုတ်ပိုးကတော့ အိန္ဒိယအမျိုးသားတစ်ဦးထံကဖြစ်ပါတယ်။

တရားရုံးမှတ်တမ်းအရ ဒီလို သုတ်ပိုးမှားယွင်းပြီးထည့်သွင်းတဲ့အမှု ဟာ ဒီအမှုနဲ့ဆို နှစ်ကြိမ်မြောက်ဖြစ်ပါ
တယ်။
ကလေးမွေးပြီးတဲ့နောက်မှာတော့ သမီးမိန်းကလေးရဲ့ အသားအရောင်ဟာ သူ့အကိုနဲ့ လုံးဝမတူပဲကွဲပြားနေတာကိုတွေ့ရလို မျိုးရိုးဗီဇ ပြသနာရှိနေတယ်လို့စိုးရိမ်ပူပန်ကြပြီး  ဆေးစစ်ရာကသုတ်ပိုးမှားယွင်းထည့်သွင်းမှုပေါ်ပေါက်ခဲ့တာပါ။

ဆေးရုံက သူတို့ရဲ့အမှားကိုဝန်ခံခဲ့ပါတယ်။ သူတို့ သုတ်ပိုးကို အမျိုးသမီးခန္ဓာကိုယ်ထဲထည့်သွင်းချိန်မှာ
သုတ်ပိုး အမျိုးအစားနှစ်ခု အလုပ်လုပ်တဲ့နေရာမှာ ထားရှိခဲ့တာကြောင့် မှားယွင်းထည့်သွင်းမိတာဖြစ်ပါ
တယ်။
တရားရုံးက ဒေါ်လာ ၁၄၃၀၀ ပြစ်ဒဏ်အဖြစ် ချမှတ်ခဲ့ပေမယ့်  BABY P  လို့ခေါ်ဝေါ်ကြတဲ့
ဒီကလေးမရဲ့ အမှုက မပြီးပြတ်ခဲ့ပါဘူး။

ကလေးအမေက ဒီကလေးကိုကိုယ်ဝန်ဆောင်ရတဲ့အတွက်ကြောင့်၊ဒီအတွက်စိတ်ကျဆင်းမှု၊ကိုယ်
ဝန်ဆောင်ရတာကြောင့် ဆက်နွယ်ပြီးခံစားရတဲ့နာကျင်ရမှုကာယိကဝေဒနာတွေအတွက် ၂၀၁၂ မှာဆက်ပြီး တရားစွဲခဲ့ပါတယ်။
အောက်ရုံးကပယ်ချခဲ့ပေမယ့် ဆက်လက်ပြီးအသနားခံခဲ့ရာမှာ  တရားရုံးက
'BABY P လျော်ကြေးပေးဖို့ဆုံးဖြတ်ခဲ့ရင်မွေးဖွားခြင်းဟာ အမှားတစ်ခုလို့ သတ်မှတ်လိုက်တာ
မျိုးဖြစ်မယ်'လို့ မှတ်ချက်ပြုပါတယ်။

မှားယွင်းမှုကြောင့် ပတ်ဝန်းကျင်မှာအမည်းစက်ထင်ပြီး  အရှက်ရစေနိုင်တဲ့ နစ်နာကြေးအဖြစ်
ကလေးငယ်ကို ကြီးပြင်းအောင်ပြုစုစောင့်ရှောက်ရတဲ့ကုန်ကျစရိတ် ၃၀ ရာနှုန်းနစ်နာကြေးပေးဖို့
ဆုံးဖြတ်ခဲ့ပါတယ်။

ဒီနှစ်မှာ အသက် (၇)နှစ်ရှိပြီဖြစ်တဲ့ မိန်းကလေး Baby P ဟာပီကင်းက နိုင်ငံတကာကျောင်းမှာ အခု
တက်ရောက်ပညာသင်ကြားနေပါတယ်။
ref: AFP News
SZ(Time Ayeyar_တိုင်းဧရာ) ဘာသာပြန်သည်

No comments:

Post a Comment