Latest News

Tuesday, March 14, 2017

အောင်လံတွင် မြေသောက်ရေအိုး ရောင်းအားကောင်း၍ ဈေးမြင့်တက်

အောင်လံတွင် မြေသောက်ရေအိုး ရောင်းအားကောင်း၍ ဈေးမြင့်တက်



 နွေရာသီကာလသို့ ရောက်ရှိလာသဖြင့် အောင်လံ ဈေးကွက်အတွင်း မြေသောက်ရေ အိုးများ အ၀ယ်မြင့်တက်လာ သောကြောင့် ဈေးနှုန်းမြင့်တက် နေကြောင်း အောင်လံမြို့ရှိ မြေ အိုးအရောင်းဆိုင်မှ တာဝန်ရှိသူ က ပြောသည်။

ယခင်နှစ်က အောင်လံဒေ သထွက် ညောင်ပင်ဆိပ် မြေ သောက်ရေအိုး တစ်လုံးလျှင် ကျပ် ၈၀၀ မှ ၁,၀၀၀ ခန့်သာဈေး ရှိခဲ့သော်လည်း ယခုနှစ်တွင် မြေ သောက်ရေအိုးတစ်လုံးလျှင် ကျပ် ၁,၂၀၀ မှ ၁,၅၀၀ အထိ ဈေးရှိ နေကြောင်း အောင်လံမြို့မဈေး ကြီးအတွင်း မြေအိုးအရောင်းဆိုင် ရှင်တစ်ဦးက ပြောသည်။

‘‘ဒီနှစ်က မြေသောက်ရေအိုး အ၀ယ်လိုက်ပါတယ်။ တစ်နေ့ကို အလုံးငါးဆယ်ကနေ တစ်ရာဝန်း ကျင် ပုံမှန်ရောင်းနေရတယ်။ တောရွာတွေက အ၀ယ်များသလို မြို့ပေါ်ကလည်း ၀ယ်ကြပါတယ်။ ဈေးကြီးအတွင်းက အိုးအရောင်း ဆိုင်အားလုံးနီးပါး ဒီနှစ်အရောင်း အ၀ယ်ဖြစ်ကြတယ်’’ဟု အောင် လံမြို့မဈေးမှ မြေအိုးမျိုးစုံအ ရောင်းဆိုင်ရှင် ဦးငယ်လေးက ပြောသည်။

ဈေးကွက်အတွင်း ညောင် ပင်ဆိပ်၊ သံချိတ် စသောဒေသ များမှ မြေသောက်ရေအိုးများအ ပြင် သရက်နယ် စမ်းအိုင့်နှင့် တောင်တွင်းကြီးနယ် ကုက္ကိုခွဒေ သများမှ မြေသောက်ရေအိုးများ ၀င်ရောက်နေသော်လည်း ဒေသ ထွက် မြေသောက်ရေအိုးများကို သာ ၀ယ်ယူသုံးစွဲမှုများပြားကြောင်း ညောင်ပင်ဆိပ်ကျေးရွာမှ မြေအိုးလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

ထို့ကြောင့် ညောင်ပင်ဆိပ် ဒေသ အိုးလုပ်ငန်းရှင်များအနေ ဖြင့် အောင်လံဈေးကွက်သို့ ဧရာ ၀တီမြစ်ကြောင်းမှတစ်ဆင့် အိုး အလုံးရေ ၈၀၀ မှ ၁,၀၀၀ ကျော်အထိပါသော ရေယာဉ်များဖြင့် နေ့စဉ်နီးပါး တင်ပို့နေရကြောင်း ၎င်းက ဆိုသည်။



7Day News Journal

No comments:

Post a Comment