Latest News

Thursday, March 30, 2017

ချမ်းမြသာစည်မြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြား ၁,၉၂၅ ပြား ဖမ်းဆီးရမိ

ချမ်းမြသာစည်မြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြား ၁,၉၂၅ ပြား ဖမ်းဆီးရမိ

နေပြည်တော်၊ မတ် ၂၉

မတ်လ ၂၈ ရက်က မူးယစ်တပ်ဖွဲ့စု(၁၈)မန္တလေးတောင်ပိုင်းမှ တပ်ဖွဲ့ဝင်များသည် ချမ်းမြ သာစည်မြို့နယ်၊ မြို့သစ်(၁)ရပ်ကွက်၊ သိပ္ပံလမ်းနှင့် ချယ်ရီလမ်းကြား၊ ၆၅ လမ်းမပေါ်ရှိ Jazz Palace KTV၊ အခန်းအမှတ်(B-2)တွင် တွေ့ရှိသူ အေးထွန်း၊ ဇော်ဇော်ဝင်း၊ အောင်ခန့် နှင့် ကျော်ဇင် တို့အား ရှာဖွေရာ အောင်ခန့် ၏လက်တွင်ကိုင်ဆောင်ထားသော ပလတ်စတစ်အိပ်အတွင်းမှ စိတ်ကြွရူးသွပ် ဆေးပြား ၁,၉၂၅ ပြားသိမ်းဆည်းရမိသဖြင့် အောင်ခန့်(၂၆)နှစ်၊ အေးထွန်း(၄၃)နှစ်၊ ဇော်ဇော်ဝင်း(၂၈)နှစ် နှင့် ကျော်ဇင်ကို(ခ)ပိစိ(၂၁)နှစ် တို့ (၄) ဦးအပေါ် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။
ရဲဇာနည်

တရားခံ အောင်ခန့်၊ အေးထွန်း၊ ဇော်ဇော်ဝင်း နှင့် ကျော်ဇင်ကို(ခ)ပိစိ တို့အား ဖမ်းဆီးရမိ မူးယစ်ဆေးဝါးများနှင့်အတူ တွေ့ရစဉ်

No comments:

Post a Comment