Latest News

Thursday, March 9, 2017

တက္ကသိုလ်ဝင်ကျောင်းသူတစ်ဦး စာမေးပွဲဖြေဆိုရန် သွားရောက်စဉ် လမ်း၌ ဓားခုတ်ခံရ

တက္ကသိုလ်ဝင်ကျောင်းသူတစ်ဦး စာမေးပွဲဖြေဆိုရန် သွားရောက်စဉ် လမ်း၌ ဓားခုတ်ခံရ

ပေါက် မတ် ၉

မကွေးတိုင်း ဒေသကြီး ပေါက်မြို့နယ် စသိန်းကျေးရွာအုပ်စု ညောင်ရင်းကျေးရွာနေ တက္ကသိုလ်ဝင်ကျောင်းသူတစ်ဦး မတ် ၉ ရက် နံနက် ၈ နာရီ ၃၀ မိနစ်က စာမေးပွဲဖြေဆိုရန် သွားရောက်စဉ် လမ်း၌ ဓားခုတ်ခံရကြောင်း သိရသည်။

အဆိုပါ ကျေးရွာနေ တက္ကသိုလ်ဝင်တန်း ကျောင်းသူ မဌေးဌေးအေး အသက်(၂၀)နှစ်|ခုံအမှတ် ဖညစ-၁၃၇| အတွဲ(၇)|အဖ ဦးခင်မောင်ဆွေ သမီး ဖြစ်သူသည် စသိန်း(အ•ထ•က)သို့စာ မေးပွဲဖြေဆိုရန်သွားရောက်စဉ် စသိန်း ကျေးရွာနေ ဝင်းကျော်(စိတ်မနှံ့သူ)|အ သက်(၃၅)နှစ်က မတ် ၉ ရက် နံနက် ၈ နာရီ ၃၀ မိနစ်က စသိန်းကျေးရွာ ရွာ လယ်လမ်းမတွင် ဓားဖြင့်ဝင်ရောက် ခုတ်ခဲ့ခြင်းဖြစ်သည်။

 ကျောင်းသူ မဌေးဌေးအေးမှာ ဘယ်ဘက်ခြမ်းနားထင် ပေါက်ပြဲဒဏ်ရာရှိခဲ့သဖြင့် ပေါက်ဆေးရုံ တွင် ကုသခံယူလျက်ရှိပြီး ဆေးရုံ၌စာ မေးပွဲဆက်လက်ဖြေဆိုသွားမည်ဖြစ် ကြောင်းသိ ရသည်။

ပေါက် မြို့နယ်ပြန်/ဆက်
သတင်း - ဓါတ်ပုံ ။  ။ မြန်မာ့အလင်း

No comments:

Post a Comment