Latest News

Friday, March 17, 2017

သင်္ချာမေးခွန်းမပြည့်စုံမှု မနစ်နာအောင် ဆောင်ရွက်ပေးမည်ဟု ပညာရေးဝန်ကြီးပြော

သင်္ချာမေးခွန်းမပြည့်စုံမှု မနစ်နာအောင် ဆောင်ရွက်ပေးမည်ဟု ပညာရေးဝန်ကြီးပြော

တက္ကသိုလ်ဝင်စာမေး ပွဲ သင်္ချာဘာသာရပ်မေးခွန်းတွင် မေးခွန်းပုံစံမပြည့်စုံ၍ ကျောင်း သားများအခက်တွေ့ခဲ့သော ကြောင့် အမှတ်ပေးရာ၌ နစ်နာမှု မရှိစေရန် ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးက ပြောကြားသည်။

၂၀၁၇ တက္ကသိုလ်ဝင်စာ မေးပွဲ သင်္ချာဘာသာရပ်မေးခွန်း တွင် တစ်မှတ်တန်မေးခွန်းအမှတ် စဉ် ၂၄၊ သုံးမှတ်တန်မေးခွန်းအ မှတ်စဉ် ၄ နှင့် ငါးမှတ်တန်မေးခွန်း၇ (a) နှင့် (b) ၊ အမှတ်စဉ် ၈ (a) နှင့် (b) ၊ အမှတ်စဉ် ၁၅ (a) တို့တွင်စုစုပေါင်းအမှတ် ၂၄ မှတ်ဖိုးပေး ထားချက်မပြည့်စုံမှုဖြစ်ပေါ်ခဲ့ ကြောင်း သင်္ချာဘာသာရပ်သင် ကြားသော ဆရာများက ဝေဖန်ထောက်ပြခဲ့ကြသည်။

‘‘၂၀၁၇ တက္ကသိုလ်ဝင်စာ မေးပွဲ သင်္ချာဘာသာရပ်မှာ မေးခွန်းမှားနေတာရှိခဲ့တယ်။ တချို့ မေးခွန်းတွေက အဖြေမရှိတဲ့ ပုစ္ဆာတွေဖြစ်နေတယ်။ မေးခွန်းပြုစုတဲ့ သူက လျှို့ဝှက်ကုတ်နဲ့ ပြုစုတာ ဖြစ်တဲ့အတွက် ဒီကုတ်နံပါတ်ကို စာမေးပွဲပြီးမှ ပြန်စိစစ်သွားမယ်။ မေးခွန်းထုတ်ခဲ့သူက ဒီအပေါ်မှာ တာဝန်ယူဆောင်ရွက်ရမယ်။ သင်္ချာဘာသာရပ်ဆိုင်ရာစာစစ် မှူးတွေက အမှတ်ပေးစည်းမျဉ်း ကို ရေးဆွဲကြမှာ ဖြစ်ပါတယ်။ ဒီ အပေါ်မှာ သူတို့က မှားနေတဲ့ ပုစ္ဆာတွေကို ကျောင်းသား၊ ကျောင်းသူ တွေ မနစ်နာအောင် စီစဉ်ဆောင် ရွက်သွားမှာ ဖြစ်ပါတယ်’’ဟု ဒေါက်တာမျိုးသိမ်းကြီးက မြန်မာ့ အသံနှင့် ရုပ်မြင်သံကြားမှတစ် ဆင့် ပြောသည်။

ပြည်ထောင်စုဝန်ကြီးက ကျောင်းသား၊ ကျောင်းသူများနစ် နာမှုမရှိစေရန် ဆောင်ရွက်ပေး မည်ဟု ပြောကြားခဲ့သော်လည်း တိုင်းပညာရေးမှူးရုံးများသို့ တစ် စုံတစ်ရာညွှန်ကြားထားခြင်းမရှိ ကြောင်း ရန်ကုန်တိုင်းပညာရေး မှူးရုံးမှ အဆင့်မြင့်အရာရှိတစ်ဦး က ပြောသည်။

‘‘မေးခွန်းမှားတဲ့ ကိစ္စနဲ့ ပတ် သက်ပြီး ၀န်ကြီးက ကျောင်းသား တွေနစ်နာမှုမရှိအောင် ဆောင် ရွက်ပေးမယ်လို့ ပြောပေမယ့် ဆရာမတို့ဆီကို အခုထိ ညွှန်ကြား စာ၊ အကြောင်းကြားတာမရှိသေး ဘူး’’ဟု ရန်ကုန်တိုင်းပညာရေးမှူး ရုံးမှ အဆင့်မြင့်အရာရှိတစ်ဦးက ပြောသည်။

မတ်လ ၁၀ ရက်က စစ်ဆေး ခဲ့သော စာမေးပွဲတွင် သင်္ချာဘာ သာရပ်ဖြေဆိုပြီးနောက် ကျောင်း သားအချို့သည် ဖြေဆိုခဲ့သည့် မေးခွန်းများကို ဆရာနှင့် အဖြေ ရလဒ်များ ပြန်လည်စစ်ဆေး ကြည့်ရှုရာမှ မေးခွန်းအားနည်း ချက်ကို တွေ့ရှိခဲ့သည်။

ယခုနှစ်တက္ကသိုလ်ဝင်စာ မေးပွဲတွင် ဘာသာရပ်များအ လိုက် ကျောင်းသား၊ ကျောင်းသူ များဖြေဆိုနိုင်ခဲ့ကြသော်လည်း သင်္ချာဘာသာရပ်ကို ဖြေဆိုနိုင်မှုအားနည်းခဲ့ပြီး အနည်းငယ်သာဖြေဆိုနိုင်ခဲ့ကြောင်း ကျောင်းသား၊ကျောင်းသူများက ပြောသည်။

 
7Day News Journal

No comments:

Post a Comment