Latest News

Friday, March 10, 2017

အသက် ၄၉ နှစ်ဆိုသော်လည်း အရွယ်နှင့်မလိုက်အောင် အလွန်နုပျိုလွန်းနေသည့် အမျိုးသမီး


မာဆာကိုမစ်ဆူတန်နီအမည်ရှိ အမျိုးသမီးသည် ဂျပန်နိုင်ငံ၌ မကြာသေးမီက ကျင်းပခဲ့သော “Youthful Pageeant” ပြိုင်ပွဲတွင် အလွန်နုပျိုလွန်းသော အလှမယ်ဖြစ်လာခဲ့သည်။ သူမသည် အသက် ၄၉ နှစ် အရွယ်ရှိပြီဖြစ်သော်လည်း သူမမှာ အရွယ်နှင့် မလိုက်အောင်ပင် အလွန်နုပျိုလွန်းနေသည်။ သူမကိုလူအများက ထာဝရနုပျိုသူ ဂျပန်အမျိုးသမီးဟု သတ်မှတ်ထားသည်။

၁၉၆၈ ခုနှစ်တွင် မွေးဖွားခဲ့သောသူမသည် ၂၀၁၅ ခုနှစ်၌ သူမ၏ဓါတ်ပုံများကို အင်တာနက်ပေါ်သို့ တင်ခဲ့ရာမှ အရွယ်နှင့်မလိုက်အောင် နုပျိုလွန်းလှသော သူမ၏ ရုပ်ရည်ကြောင့် နာမည်ကြီးလာခဲ့သည်။ “Youthful Pageeant” ပြိုင်ပွဲတွင် အနိုင်ရရှိပြီးနောက်ပိုင်း မော်ဒယ်အေဂျင်စီ အမြောက်အမြားက သူမကို ကမ်းလှမ်းခဲ့ကြသည်။ သူမ၏ ယနေ့တိုင် နုပျိုနေခြင်းလျှို့ဝှက်ချက်မှာ သူမသည် ငယ်ရွယ်စဉ်၌ပင် သက်သက် လွတ်စားသုံးသူဖြစ်ပြီး သူမသည် အရက်၊ ဆေးလိပ်သောက်သုံးခြင်းမှ ရှောင်ကြဉ်သည့်အပြင် သူမသည် အသားအရေနှင့် နေရောင်ထိတွေ့မှုကိုလည်း အလွန်ဂရုတစိုက် ကန့်သတ်ထားလေ့ရှိသည်။ ထို့အပြင် သူမ သည် နေ့စဉ် ကာယလေ့ကျင့်ခန်းများလည်း ပြုလုပ်လေ့ရှိသည်။ သူမတွင် သမီးတစ်ဦးရှိပြီး သူမမှာ သမီးဖြစ်သူထက်ပင် နုပျိုကြောင်းတွေ့ရသည်။ ပုံတွင်သမီးဖြစ်သူမှာ အနီရောင်ဝတ်ဆင်ထားပြီး မိခင်မှာ အနက်ရောင်ဝတ်ဆင်ထားသည်။
http://www.tomorrow.com.mm/?q=articles/3322

No comments:

Post a Comment