Latest News

Thursday, March 23, 2017

မြန်မာပြည် သင်္ကြန်


မြန်မာပြည် သင်္ကြန်

ကျွန်တော်တို့ မြန်မာနိုင်ငံမှာ
သင်္ကြန်ဆိုရင်... လမ်းဘေးမှာ အိပ်ပျော်နေတဲ့ ခွေးကို ပိတ်ကန်လိုက်ရင်တောင်
"ဂိန်" လို့အော်မယ့်အစား.. " မြနန္ဒာ" လို့တောင် ထအော်ရလောက်အောင်ကို အောင်မြင်ခဲ့တဲ့ သီချင်းတစ်ပုဒ်ပါ..    ( အငဲ )

သင်္ကြန်နားနီးလာတော့ သင်္ကြန်သီချင်းတွေ နားထောင်ပြီး
တစ်ချိန်တုန်းက သင်္ကြန်သီချင်းတစ်ပုဒ်နဲ့ ပတ်သက်တဲ့ ကိုကြီးငဲ ရဲ့ အဖြစ်အပျက်လေးတစ်ခုကို ပြောပြချင်ပါတယ်..

အချိန်က1996 ခုနှစ်ခန့်က ကိုလေးဖြူရဲ့ .." ပင်လယ်အော်သံ" စီးရီးထွက်ပြီးကာစ အချိန်မှာ
ရန်ကုန်မြို့၊ ဖဆပလရပ်ကွက်ရှိ ကိုလေးဖြူတို့ လူပျိုဆောင်ပမာ စုဝေးနေထိုင်ရာ တိုက်ခန်းဆီသို့
မာစီဒီးကားကြီးကို မောင်းပြီး နိုင်ငံကျော်ရုပ်ရှင်သရုပ်ဆောင် မင်းသားကြီးတစ်ဦး ရောက်ရှိလာပါတယ်

ခမ်းနားပြင်ဆင်မှု မရှိသော တိုက်ခန်းအတွင်းမှာ ကိုလေးဖြူ၊ ကိုအငဲတို့နှင့် တစ်သားတည်းဝင်ထိုင်ချပြီး
" မောင်ငဲ... မင်းရေးတဲ့ အလွမ်းများ၊ သေခြင်းရဲ့တံခါးများ သီချင်းတွေကို နားထောင်ပြီးသဘောကျလို့
ဦး......... က သီချင်းအပ်ချင်လို့ပါ.ကွာ..

မင်းတို့ခေတ်လူငယ်တွေရဲ့ တိုးတက်တဲ့အမြင်ကို ဦး က သဘောကျတယ်..
အဲ့လို အသစ် အသစ်တွေ ဖန်တီးနိုင်ရမယ်..
ဒါမှ ဂီတလောက .. က တိုးတက်လာမယ်....
အကြောင်းအရင်းက ဒီလိုကွာ...
ဦး....... စိတ်ထဲမှာ မြနန္ဒာ(မန်းတောင်ရိပ်ခို) သီချင်းနဲ့ ပတ်သက်ပြီး ဘ၀င်မကျတာ တစ်ခုရှိတယ်ကွ...

အဲ့ဒီသီချင်းကို မြို့မငြိမ်းက အရက်မူးပြီးရေးထားတဲ့သီချင်းလို့ အင်တာဗျူးတစ်ခုမှ ဖတ်ဘူးတယ်...
အဲ့ဒီတော့ ဒီလိုမူးမူးရူးရူးနဲ့ ရေးထားတဲ့ သီချင်းတစ်ပုဒ်က အခုထိ နိုင်ငံကျော်သီချင်းတစ်ပုဒ်ဖြစ်နေတာကို
မကျေနပ်ဘူးကွာ...

အဲ့ဒီတော့ ဦး..... ပြောချင်တာက မောင်ငဲက ဦး.... ကို သီချင်းတစ်ပုဒ်ရေးပေးပါ...
ဦး....က ဆိုမယ်..
မြနန္ဒာ(မန်းတောင်ရိပ်ခို)သီချင်းထက် သာချင်တယ်ကွာ....

အဲ့အချိန်မှာ ကိုအငဲ ထပြောလိုက်တာက....
" ဟုတ်ကဲ့... အဲ့လိုဆိုရင်တော့ ဦး....... ပြန်လိုက်ပါတော့ဗျာ.... "

ကျွန်တော်တို့ မြန်မာနိုင်ငံမှာ................
သင်္ကြန်ဆိုရင်... လမ်းဘေးမှာ အိပ်ပျော်နေတဲ့ ခွေးကို ပိတ်ကန်လိုက်ရင်တောင်
"ဂိန်" လို့အော်မယ့်အစား.. " မြနန္ဒာ" လို့တောင် ထအော်ရလောက်အောင်ကို အောင်မြင်ခဲ့တဲ့ သီချင်းတစ်ပုဒ်ပါ..

ဆရာမြို့မငြိမ်းက သူ့ဘာသာသူ အရက်မူးပြီးရေးရေး..ဘယ်လိုပုံစံနဲ့ပဲ ရေးရေး..
ဆရာက ကျွန်တော်လေးစားရတဲ့ ၀မ်းစာပြည့်တဲ့ ဆရာတစ်ဦးပါ...
ကျွန်တော့်အိမ်မက်ထဲမှာတောင် သူ့ကိုယှဉ်ဖို့ စိတ်တောင် မကူးဘူးပါဘူး...

ဆရာမြို့မငြိမ်း ထက်သာအောင် ကျွန်တော့်တစ်သတ် ရေးနိုင်မယ်မထင်ပါ..
ရေးဖို့လည်း မစဉ်းစားပါ.. ဘယ်လိုပုံစံနဲ့ပဲဖြစ်ဖြစ် မရေးနိုင်ပါဘူး..
ဦး...... လည်း ဒီလိုစိတ်ကူးတွေ ရှိနေရင် ကျွန်တော့်ဆီ မလာပါနဲ့..

မြနန္ဒာ(မန်းတောင်ရိပ်ခို)လို သီချင်းထက်သာဖို့ မပြောနဲ့...
မှီအောင်တောင် ဒီတစ်သက် ကျွန်တော် မရေးနိုင်ပါဘူး..

အသစ် အသစ်တွေ ဖန်တီးနိုင်တာနဲ့......
ကိုယ့်ထက် ၀ါနဲ့သဘာကြီးတဲ့ လူကိုယှဉ်တာ တခြားစီပါ..

ဦး .........
ကျုပ်ဒီတစ်သက် ဘယ်တော့မှ အဲ့လိုအလုပ်မျိုး မလုပ်ပါဘူး..
တစ်ခါတည်း အပြတ်ပြောလိုက်မယ်ဗျာ...
ကျွန်တော့်ဆီကို နောက်ဘယ်တော့မှ မလာပါနဲ့....! ဟုဆိုကာ တံခါးဖွင့်ပေးလိုက်ပါတယ်..

ကိုအငဲ.. ပြောနေဆိုနေတာကို ဘေးကထိုင်နေပြီး နားထောင်နေသော..
ကိုလေးဖြူက ပြုံးစိစိ မျက်နှာထားနှင့် ညီဖြစ်သူကို ကျေနပ်စွာကြည့်နေခဲ့ပါသည်။

ဒီနေရာမှာ ပြောချင်တာက...
ကိုအငဲ ပြောခဲ့သလိုပါပဲ..
............................. အသစ် အသစ်တွေ ဖန်တီးနိုင်တာနဲ့......
ကိုယ့်ထက် ၀ါနဲ့သဘာကြီးတဲ့ လူကိုယှဉ်တာ တခြားစီပါ..

Music ပေါ်မှာ ကိုအငဲတို့ညီအစ်ကိုတွေ ထားခဲ့တဲ့စိတ်..

ဂီတ အပေါ်မှာ ဘ၀နဲ့ရင်းပြီး ကြိုးစားခဲ့တဲ့ ဇွဲ

ဘယ်လိုအခြေအနေမျိုးပဲ ဖြစ်နေပါစေ ငွေနောက်မလိုက်ပဲ
သီချင်းတွေအပေါ်မှာ ရူးသွပ်တဲ့စိတ်....

အောင်မြင်မှုဆိုတာ ဘယ်ဆီနေမှန်းမသိ...
ဂီတ အလုပ်လုပ်နေရရင်ကျေနပ်နေတဲ့
ပကာသန မရှိတဲ့ ရိုးစင်းတဲ့ စိတ်ဓာတ်... တွေဟာ...

ကျွန်တော်တို့တွေ အတွက်တော့ အတုယူစရာတွေပါပဲ.. ကိုကြီးငဲ...
Credit to Original Writer

No comments:

Post a Comment