Latest News

Tuesday, March 7, 2017

မန္တလေးတွင် အပေါင်ဆိုင်မှ မီးစလောင်ပြီး အိမ်ရှစ်လုံး၊ ဆိုင်ကယ် ၉၀ နှင့် ကားတစ်စီး ဆုံးရှုံး

မန္တလေးတွင် အပေါင်ဆိုင်မှ မီးစလောင်ပြီး အိမ်ရှစ်လုံး၊ ဆိုင်ကယ် ၉၀ နှင့် ကားတစ်စီး ဆုံးရှုံး

မန္တလေးမြို့ အောင်မြေ သာစံမြို့နယ် အမရဌာနီအရှေ့ ရပ်ကွက်တွင် မတ်လ ၇ ရက်နေ့ လယ်က မီးလောင်ကျွမ်းမှုကြောင့် လူနေအိမ်ရှစ်လုံး၊ ဆိုင်ကယ် ၉၀နှင့် ကားတစ်စီးတို့ မီးလောင်ဆုံးရှုံးခဲ့သည်။
‘‘အပေါင်ဆိုင်က စလောင် တယ်လို့ သိရတယ်’’ဟု မီးလောင် မှုဖြစ်စဉ်နှင့် ပတ်သက်၍ မန္တလေး ခရိုင်မီးသတ်ဦးစီးမှူး ဦးသန်းနိုင် က ပြောသည်။

၄၅ မိနစ်ခန့်ကြာမြင့်ခဲ့သည့် အဆိုပါမီးလောင်ကျွမ်းမှုကို Level 5 အဆင့် မီးသတ်ယာဉ်အုပ်စုဖြင့် ငြှိမ်းသတ်ခဲ့ရပြီး မီးစတင်လောင် ကျွမ်းရသည့် အကြောင်းရင်းနှင့် ဆုံးရှုံးမှုတန်ဖိုးကို မတ်လ ၇ ရက် ညနေ ၄ နာရီအထိ မီးသတ်ဦးစီး ဌာနက သတင်းထုတ်ပြန်ခြင်းမရှိ သေးပေ။
‘‘မီးက ရုတ်တရက် မထင် ထားဘဲ အရမ်းများသွားတယ်။ အိမ်ခြေကလည်း စိပ်တော့ ကူး တာအရမ်းမြန်တယ်။ လောင်တာ ကတော့ ခဏလေးပဲ။ အပေါင် ဆိုင်က ဆိုင်ကယ်တွေ မီးလောင် ပြင်မှာ အများကြီးပဲ’’ဟု မီးလောင်ကျွမ်း သည့် ရပ်ကွက်အနီးနေထိုင် သူ ကိုဖြိုးသီဟက ပြောသည်။

ယင်းမီးလောင်ကျွမ်းမှုဖြစ် ပွားရာနေရာသို့ မီးသတ်ကားအစီး ရေ ၇၀၊ အုပ်ချုပ်ရေးယာဉ်ငါးစီး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် ၂၅၀ ဦး နှင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ၇၀ ဦး သွားရောက်ငြှိမ်းသတ်ခဲ့သည်။

မန္တလေးခရိုင်အတွင်းရှိ မြို့ နယ်များတွင် ဖေဖော်ဝါရီအတွင်း က မီးလောင်ကျွမ်းမှု ၁၀ ကြိမ်ဖြစ် ပွားခဲ့ပြီး ပေါ့ဆမီးကြောင့် နှစ် ကြိမ်၊ လျှပ်စစ်မီးကြောင့် ခြောက် ကြိမ်၊ အလိုအလျောက်လောင် ကျွမ်းမှု နှစ်ကြိမ်ဖြစ်ပွားခဲ့ကာ အိမ်ခြေ ၄၀ ကျော် မီးလောင်ကျွမ်းခဲ့ပြီး ပျက်စီးဆုံးရှုံးမှုတန်ဖိုး စုစုပေါင်း ကျပ်သိန်း ၂၇၀ ရှိခဲ့ကြောင်း မန္တလေးခရိုင်မီးသတ်ဦးစီးဌာန၏ စာရင်းများအရ သိရသည်။
7Day News Journal

No comments:

Post a Comment