Latest News

Tuesday, March 14, 2017

စိတ်ကြွရူးသွပ်ဆေးပြားတွေ သယ်ဆောင်မှုတွေ ရှိနေဆဲဖြစ်ကြောင်း ကော်မရှင်အဖွဲ့ဝင် ပြော

စိတ်ကြွရူးသွပ်ဆေးပြားတွေ သယ်ဆောင်မှုတွေ ရှိနေဆဲဖြစ်ကြောင်း ကော်မရှင်အဖွဲ့ဝင် ပြော

အင်းစိန်အကျဉ်းထောင်အတွင်း စိတ်ကြွရူးသွပ်ဆေးပြား သယ်ဆောင်တာတွေ ရှိနေဆဲဖြစ်ကြောင်း မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင် ဦးယုလွင်အောင် က ပြောပါတယ်။

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင် အဖွဲ့ဝင်တွေဟာ ဒီနေ့ ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်က အင်းစိန်အကျဉ်းထောင်၊ ရဲစခန်းနဲ့ တရားရုံးက အချုပ်ခန်းတွေကို သွားရောက်စစ်ဆေးပြီးနောက် ပြောခဲ့တာဖြစ်ပါတယ်။

အင်းစိန် အကျဉ်းထောင်ကို လိုက်လံစစ်ဆေးချိန်မှာ အကျဉ်းသားတွေရဲ့ ကျန်းမာရေးတွေကို စစ်ဆေးတာတွေ လုပ်ပေးနေကြောင်း၊ ကုလသမဂ္ဂက သတ်မှတ်ထားတဲ့ စံနှုန်းတွေနဲ့ အညီ ထားရှိတာတွေကို တွေ့ခဲ့ရကြောင်း ပြောပါတယ်။

အင်းစိန်အကျဉ်းထောင်ဟာ အကျဉ်းသား ၅ ထောင်လောက်ကိုသာ ထိန်းသိမ်းထားလို့ရတဲ့ ထောင်ဖြစ်ပြီး အခုဆိုရင် အကျဉ်းသားဦးရေ ၁ သောင်းကျော်အထိ ရှိနေကြောင်း နဲ့ အကျဉ်းသားတွေ နေထိုင်ရတာ ကျပ်တည်းနေတာကြောင့် ပြည်ထဲရေးဝန်ကြီးဌာနနဲ့ တခြားသက်ဆိုင်ရာဌာနတွေထံ အသိပေးတင်ပြသွားမယ်လို့လည်း ပြောပါတယ်။

အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ဟာ အင်းစိန်ထောင်အပြင် ရန်ကုန်မြို့က အချုပ်ခန်း တစ်ရာကျော်ကို လိုက်လံစစ်ဆေးသွားမှာဖြစ်ပြီး ရခိုင်ပြည်နယ် သံတွဲနဲ့ ကျောက်ဖြူက အကျဉ်းထောင်တွေကိုလည်း သွားရောက်စစ်ဆေးမှာဖြစ်တယ်လို့ သိရပါတယ်။

Photo: Thant Zin Oo/RFA

( မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်အဖွဲ့ဝင်တွေက ရန်ကုန်မြို့က အင်းစိန်အကျဉ်းထောင်ကို မတ်လ ၁၄ ရက်နေ့က သွားရောက်ကြည့်ရှုစစ်ဆေးစဉ် )

No comments:

Post a Comment