Latest News

Monday, March 6, 2017

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗီယက်နမ်နိုင်ငံ သွားရောက်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗီယက်နမ်နိုင်ငံ သွားရောက်


မြန်မာ-တရုတ်နယ်စပ် ကိုးကန့်ဒေသမှာ တိုက်ပွဲတွေ ပြင်းထန်ဖြစ်ပွားနေချိန် မြန်မာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ခေါင်းဆောင်တဲ့  ကိုယ်စားလှယ်အဖွဲ့ဟာ ဗီယက်နမ် နိုင်ငံ ဟနွိုင်းမြို့မှာ  ချစ်ကြည်ရေးခရီး ရောက်ရှိနေပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ အဖွဲ့ဟာ ဗီယက်နမ် အမျိုးသားကာကွယ်ရေးဝန်ကြီးရဲ့ ဖိတ်ကြားချက်အရ  မနေ့ညနေက  ဟနွိုင်းမြို့  အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိပြီး လေဆိပ်မှာ  ဗီယက်နမ်တပ်မတော် နိုင်ငံခြားဆက်ဆံရေးဌာန အကြီးအကဲနဲ့ တပ်မတော်အရာရှိကြီးတွေက လာရောက်ကြိုဆိုတယ်လို့ တပ်မတော်က သတင်းထုတ်ပြန်ပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က  ဗီယက်နမ်အခြေစိုက် မြန်မာနိုင်ငံသံရုံးကို မနေ့ညက သွားရောက်ပြီး သံအမတ်ကြီးနဲ့တကွ  သံရုံးမိသားစုတွေကို တွေ့ဆုံပြီး သံရုံးနှင့်စစ်သံရုံးဟာ ညီနောင်တွေဖြစ်လို့  စည်းလုံးညီညွတ်စွာ နေထိုင်ဖို့၊  လုပ်ငန်းတာဝန်တွေကို ပူးပေါင်းကူညီ ဆောင်ရွက်ဖို့ မှာကြားခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် လက်ရှိမြန်မာနိုင်ငံမှာ  ပြည်သူကရွေးချယ်တဲ့  ပါတီစုံလမ်းကြောင်း ခိုင်ခိုင်မာမာ တည်တည်ငြိမ်ငြိမ်ဖြစ်စေရေးအတွက် တပ်မတော်က ပူးပေါင်းပါဝင်ဆောင်ရွက်နေတဲ့အခြေအနေတွေ တိုင်းပြည်အတွက် အဓိကလိုအပ်ချက်ဖြစ်တဲ့  တည်ငြိမ်အေးချမ်းမှုအတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ွေ အောင်မြင်စေရန် ပူးပေါင်းတွေ ဆာင်ရွက်နေမှု အခြေအနေတွေကိုကို ရှင်းလင်းပြောကြားခဲ့တယ်လို့ သိရပါတယ်။


DVB TV News

No comments:

Post a Comment