Latest News

Thursday, March 23, 2017

"ရန်ကုန်သင်္ကြန်လုံခြုံရေးကောင်းရန် ဆောင်ရွက်ပေးမည်ဟု ဦးဖြိုးမင်းသိန်းပြော"

"ရန်ကုန်သင်္ကြန်လုံခြုံရေးကောင်းရန် ဆောင်ရွက်ပေးမည်ဟု ဦးဖြိုးမင်းသိန်းပြော"

၂၀၁၇ရန်ကုန်မဟာသင်္ကြန်ကို ပြည်သူများ လုံခြုံစွာပျော်ရွှင်စေရန် လုံခြုံရေးကောင်းမွန်စွာဖြင့် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားလိုက်သည်။

သင်္ကြန်ကို စီးပွားဖြစ်အဖြစ် လုပ်ဆောင်နေမှုကို ရပ်ဆိုင်းသွားမည်ဖြစ်ကြောင်း ယနေ့(မတ်လ၂၄ရက်)က ရန်ကုန်တိုင်းဒေသကြီးအစိုးရရုံးတွင် ၂၀၁၇ရန်ကုန်မဟာသင်္ကြန်ပွဲတော် နှင့်ပတ်သက်ပြီး ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဝန်ကြီးချုပ်က အထက်ပါအတိုင်း ပြောကြားလိုက်ခြင်း ဖြစ်သည်။

အင်းလျားလမ်းနှင့် ကန်တော်ကြီးပတ်လမ်းများတွင် သင်္ကြန်မဏ္ဍပ်များ ခွင့်ပြုမည်မဟုတ်ကြောင်းနှင့် မဏ္ဍပ်ပေါ်တွင် အလုံပိတ်အခန်းများကို ခွင့်ပြုသွားမည်မဟုတ်ကြောင်း ဝန်ကြီးချုပ်က ပြောသည်။

ရန်ကုန်မြို့ကို အပိုင်းလေးပိုင်းခွဲ၍ စည်စည်ကားကားဖြစ်အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြောသည်။
ရန်ကုန်သင်္ကြန်ပွဲတော်ကြီးကို အစိုးရက ဦးဆောင်ကျင်းပခြင်းမဟုတ်ဘဲ ပြည်သူများက ဦးဆောင်ကျင်းပသည့် သင်္ကြန်ပွဲတော်ဖြစ်အောင် လုပ်ဆောင်သွားမည်ဟု ဝန်ကြီးချုပ်က ပြောသည်။

သင်္ကြန်ရက်များအတွင်း သွားလာရေးအဆင်ပြေစေရန်အတွက် YBS ယာဉ်လိုင်းများကိုလည်း  စနစ်တကျ ပြေးဆွဲပေးသွား မည်ဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြောသည်။
ဓာတ်ပုံ-ငြိမ်းချမ်း( 7Day )

No comments:

Post a Comment