Latest News

Friday, March 10, 2017

ကိုဆွေဝင်းကို ဝန်းရံကြ!

ကိုဆွေဝင်းကို ဝန်းရံကြ!


ကျနော့်ကို ၆၆ ဃ၊ သာသနာညိုးနွမ်းစေမှု နဲ. အခြားအခြားသောပုဒ်မပေါင်းစုံနဲ. ထောင်ထဲမှာနှစ်ရှည်စံမြန်းနီုင်အောင် ပူးပေါင်းလုပ်ဆောင်မှုတွေလုပ်နေကြပြီလို့သိရပါတယ်။ ကျနော်ထွက်မပြေးပါဘူး။ ခုချိန်ထိရဲလာမှာကိုစောင့်နေတယ်။

ထောင်ထဲမှာငတ်ခဲ့ဖူးတယ်။ သွေးသံရဲရဲရိုက်နှက်နှိပ်စက်ခံရဖူးတယ်။ ဖတ်စရာစာမရှိ၊ စကားစမြည်ပြောစရာလူမရှိ၊ အိမ်ကိုလွမ်း၊ ရွှေတိဂုံဘုရားကိုလွမ်း၊ ကောင်းကင်ပေါ်လေယဉ်ပျံတွေပျံသွားရင် ကိုယ့်အခန်းထဲပျက်ကျပြီး ကိုလည်းနောင်ဘ၀ကိုကူးသွားပါစေဆိုပြီး အတွေးတွေလည်းခေါင်ဖူးတယ်၊ တိရစ္ဆာန်ရုံထဲက ကျားတစ်ကောင်လိုအခန်းကျဉ်းထဲ ခေါက်တုံ.ခေါက်ပြန်လျှောက်ရင်း အုတ်နံရံကပြက္ခဒိန်တွေကိုကြည့်ပြီး နှစ်လများစွာဖြတ်သန်းခဲ့ရတယ်၊ လူကြီးဆိုတဲ့သူများလာမှာမို့လို.တစ်နေကုန်အခန်းထဲမှာနေခဲ့ရတာတွေလည်းရှိတယ်။

ဘယ်လိုပဲဖြစ်ဖြစ် လူမျိုးရေးဘာသာရေးအမုန်းတရားတွေကို ဗုဒ္ဓရဲ.ဓမ္မပါဆိုပြီးလုပ်ကြံနေတဲ့သူတွေကို ရင်ဆိုင်ထောက်ပြရတဲ့အတွက် သိပ်ဂုဏ်ယူတယ်။ မြတ်စွာဘုရားရဲ. ဗွေဆော်ဦးနဲ.အရေးကြီးအထူးတရားတွေဖြစ်တဲ့ ဓမ္မစကြာလက္ခဏသုတ္တန်၊ အနတ္တလက္ခဏသုတ္တန်တွေကိုလေ့လာကြည့်ရင် အကုန်လုံးက ဓမ္မ၊အဓမ္မ၊ အနိစ္စ၊ ဒုက္ခ၊ အနတ္တ နဲ. လွတ်မြောက်ရာ နိဂြောဓလမ်းစဉ်အကြောင်းတွေချည်းပဲ။ ကျန်တရားတော်တွေအားလုံးအားလည်း ဒီသဘောဒီအကြောင်းတွေချည်းပဲ။

မြတ်စွာဘုရားဒေသနာအားလုံးမှာ တစ်လုံးတစ်ပါဒမှ ငါ့လူမျိုး၊ငါ့ဘာသာဆိုတာမပါဘူး။  ရုပ်သဘော၊ နာမ်သဘောသာရှိတယ်၊ ရုပ်ဆိုတာတောင်မှခွဲခြမ်းလိုက်ရင် ဘာမှမကျန်တာမို့ ပူခြင်း၊အေးခြင်း၊ တောင့်တင်းခြင်း အစရှိတဲ့ ပထ၀ီ၊ အာပေါ၊ ၀ါယောသဘောတွေသာရှိတယ်၊ ဘာမှလက်ဆုပ်လက်ကိုင်မရှိဘူး။ လူမျိုးရေး၊ ဘာသာရေးဆိုတာဝေလာဝေး။ ဒေသနာအားလုံး သဗ္ဗသတ္တာ လောကလူသားတွေအားလုံးအတွက်ပဲ။ အတိုင်းမရှိတဲ့ အပမာဏ မေတ္တာ၊ အပမာဏမုဒိတာ၊ အပမာဏဥပေက္ခာ၊ အပမာဏဂရုဏာတွေ ချည်းပဲ။

တစ်ခွန်းမှလူမျိုးရေး၊ ဘာသာရေးအပုပ်ချ၊ မုန်းတီးလှုံ.ဆော်တာဘာတစ်ခုမှမပါဘူး။ ဒီမပါတဲ့အဓမ္မတွေကို ဗုဒ္ဓဓမ္မပါဆိုပြီးရေးသား၊ ပြောဆိုနေတဲ့သူတွေမှားကြောင်းလူသိရှင်ကြားထောက်ပြခွင့်ရတာကျေနပ်တယ်။ သေချာသိချင်ရင် မဘသက ထုတ်တဲ့ အောင်ဇေယျတု၊ သာကီသွေး၊ အတုမရှိနှစ်ချုပ်လချုပ်တွေဝယ်ဖတ်ကြည့် အဓမ္မတရားတွေချည်းပဲ။

မြတ်စွာဘုရားတရားတော်ကိုမြန်မာမှုပြုထားပါတယ်လို့ ဘုန်းကြီးတစ်ပါးကမိန့်တယ်။ဒီမှာတင်တော်တော်လွဲနေပြီ။ မြတ်စွာဘုရားတရားတော်ဆိုတာ စစ်တပ်ရေးထားတဲ့ဖွဲ.စည်းပုံမဟုတ်ဘူး။ ထပ်ထည့်စရာလည်းမလိုသလို၊ နှုတ်ပယ်စရာလည်းမလိုတဲ့တရား။ ဒါကိုလိုသလိုပြင်ပြီးအဓမ္မတရားတွေဖန်တီးတာဘယ်သူက ဒီသာသနာကြီးကိုညိုးနွမ်းစေတာလည်း အဖြေကတော့ရှင်းနေတာပဲ။

နောက်ထပ်မေးလိုက်မယ်၊ ရွေးကောက်ပွဲမတိုင်မီက ဒေါ်အောင်ဆန်းစုကြည်ကိုတိုက်ခိုက်တဲ့စာဘယ်ကစထွက်လဲ၊ ၂၀၁၅ မဘသညီလာခံကပဲထွက်ခဲ့တာပဲ။ ဘယ်သူတွေဖြန်.လဲ ပြည်ခိုင်ဖြိုးကဖြန်.တယ်ဆိုတာ NLD က ရွေးကော်ကိုအကြိမ်ကြိမ်တိုင်ကြားခဲ့တယ်။ နောက်ပြီး ဒီဒေါ်အောင်ဆန်းစုကြည်ကို အောက်လုံးတွေနဲ. တိုက်ခိုက်တဲ့စာကိုဘယ်သူရေးသလဲစုံစမ်းလိုက်ရင် သိပ်ရွံ.မုန်းစရာကောင်းကြလိမ့်မယ်၊ ပြဿနာမဖြစ်လိုလို့ ထိန်းသိမ်းပြီး ဒါတွေကိုမပြောခဲ့ဘူး။

ဘယ်လိုပဲဖြစ်ဖြစ် အဓမ္မ၀ါဒဟာ ကျဆုံးရတယ်ဆိုတယ် သံသယဖြစ်စရာမရှိဘူး။

Copied from ကိုဆွေဝင်း

Poe Phyu Thant ( မယ်ပိုး )

No comments:

Post a Comment