Sunday, March 26, 2017
ခင်ပွန်းဖြစ်သူမှ ဇနီးဖြစ်သူအား ကြိုးချည်ပြီး ၀ါးရင်းတုတ်ဖြင့် ရိုက်နှက်
မြ၀တီ၊ မတ်၂၃
ခင်ပွန်းဖြစ်သူမှ ဇနီးဖြစ်သူအား ကြိုးချည်ပြီးဝါးရင်းတုတ်ဖြင့်ရိုက်နှက်ခဲ့ပြီးနောက် သေနတ်ဖြင့်ပါချိန်းခြောက်ကြောင်း ဇနီးဖြစ်သူနှင့်သူငယ်ချင်းဖြစ်သူတို့၏ပြောပြချက်အရ မြ၀တီမြို့မရဲစခန်းမှရဲတပ်ဖွဲ့ဝင်များကသွားရောက်ရှာဖွေရာ တရားခံဟုစွပ်စွဲခံရသူ အောင်ဆန်းထွန်းအိမ်မှလက်နက်များသိမ်းဆည်းရမိခဲ့ကြောင်းသိရသည်။
ဖြစ်စဉ်မှာ မတ်လ(၂၁)ရက်နေ့ ၊ ည(၀၉း၃၀)အချိန်ခန့်က မြ၀တီမြို့၊ အမှတ်(၅)ရပ်ကွက်၊ ပတ္တမြားဆီဆိုင်လမ်း၊ ရှမ်းလမ်းခွဲနေ မအေးပပ(ဘ)ဦးမြင့်ဆွေ(၃၄)နှစ်အား ၄င်း၏ခင်ပွန်းဖြစ်သူ အောင်ဆန်းထွန်း(ဘ)ဦးမောင်ငယ်(၄၄)နှစ် (လိပ်စာတူ)နေထိုင်သူမှ နေအိမ်တန်းလျား၌အတူရှိနေစဉ် မအေးပပ၏ ခန္ဓာကိုယ်အားကြိုးဖြင့်ချည်ပြီး ၀ါးရင်းဒုတ်ဖြင့်ရိုက်ခြင်း၊ လက်သီးဖြင့်ထိုးခြင်း၊ ခြေထောက်ဖြင့်ကန်ခြင်း၊ မိန်းမကိုယ်အင်္ဂါစပ်များအား ဆေးလိပ်မီးဖြင့်ထိုးခြင်း၊ ၀ဲဘက်လက်လက်ဖျံရိုးအားကျိုးသည်အထိရိုက်နှက်ခြင်း၊ ခေါင်းနောက်စေ့ဖူးရောင်ဒဏ်ရာ၊ နဖူးတွင်ဖူးရောင်ဒဏ်ရာ၊ ၀ဲဘက်ခြေထောက်ခြေကျင်းဝတ်ဖူးရောင်ဒဏ်ရာများရရှိအောင်ရိုက်နှက်သဖြင့် မြ၀တီမြို့ပြည်သူ့ဆေးရုံတွင်တင်ပို့ကုသထားရကြောင်းသိရသည်။
အခင်းဖြစ်ရပ်နှင့်ပတ်သက်၍ အောင်ဆန်းထွန်းမှာ သေနတ်အားဆောင်ထားလေ့ရှိပြီး မအေးပပအား ပစ်သတ်မည်ဟုခြိမ်းခြောက်ခဲ့ပြီး ၄င်းသေနတ်ကိုင်ဆောင်ခြိမ်းခြောက်သည်ကို မအေးပပ၏သူငယ်ချင်းဖြစ်သူ မသီတာထွန်း(၃၅)နှစ်(ဘ)ဦးတင်ထွန်းမှသိရှိတွေ့မြင်သဖြင့် မြ၀တီမြို့မရဲစခန်းသို့သွားရောက်အကြောင်းကြားရာ မြ၀တီမြို့မရဲစခန်းမှ မတ်လ(၂၅)ရက်နေ့ ၊ ညနေ(၀၆း၃၀)အချိန်ခန့်တွင် မြို့မရဲစခန်းမှ ဒုရဲအုပ်သိန်းကြွယ်စိုး၊ နယ်ထိန်းရဲတပ်ကြပ် တင်နိုင်ဝင်း၊ ရဲဒုတပ်ကြပ်အောင်ကိုကို၊ ရဲဒုတပ်ကြပ်ဇော်မင်းထွန်း၊ သက်သေအမှတ်(၅)ရပ်ကွက် ဆယ်အိမ်မှူး ဦးကျော်စိုး၊ ဦးဌေးစိုးတို့နှင့်အတူ မြ၀တီမြို့၊ အမှတ်(၅)ရပ်ကွက်၊ ရှမ်းလမ်းခွဲ(မြတ်လင်းအေးမြိုင်လမ်း)နေ အောင်ဆန်းထွန်း၏နေအိမ်သို့ဝင်ရောက်ရှာဖွေရာ အောင်ဆန်းထွန်းအား ၄င်းနေအိမ်ဧည့်ခန်းတွင်အသင့်တွေ့ရှိရပြီး နေအိမ်အတွင်းဆက်လက်ရှာဖွေရာ နေအိမ်ဧည့်ခန်းထောင့်တွင် အရှည်(၃)ပေ(၁၀)လက်မခန့်ရှိ သစ်သားဒင်တပ်ယမ်းထောင်း၍ ပစ်ခတ်ရသောတူမီးသေနတ်(၁)လက်၊ အရှည်(၅)ပေခန့်ရှိ သစ်သားဒင်တပ်ယမ်းထောင်း၍ ပစ်ခတ်ရသော တူမီးသေနတ်(၁)လက်၊ ပေါင်း တူမီးသေနတ်(၂)လက်တို့အား ထောင်လျက်တွေ့ရှိရပြီး အဆိုပါတူမီးသေနတ်နှင့်ပတ်သက်၍ အောင်ဆန်းထွန်းအားမေးမြန်းရာ ၄င်းသေနတ်များသည် တောင်ယာတဲတွင်ကိုင်ဆောင်သည့်တူမီးသေနတ်များဖြစ်ကြောင်း သက်သေများရှေ့ပြောပြပေးအပ်သဖြင့် ရှာဖွေပုံစံရေးသွင်းသိမ်းဆည်းပြီး တူမီးသေနတ်တရားမ၀င်လက်ဝယ်ထားကိုင်ဆောင်သူ အောင်ဆန်းထွန်းအား ဒုရဲအုပ်သိန်းကြွယ်စိုးမှ တရားလိုပြုလုပ်ကာ မြ၀တီမြို့မရဲစခန်းမှ (ပ)၂၆၈။၂၀၁၇၊ လက်နက်-၁၉(စ)အရအမှုဖွင့်အရေးယူထားကြောင်းသိရသည်။
တင်ဝင်းလှိုင်(ကော့ကရိတ်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
ခင်ပွန်းဖြစ်သူမှ ဇနီးဖြစ်သူအား ကြိုးချည်ပြီး ၀ါးရင်းတုတ်ဖြင့် ရိုက်နှက်
Reviewed by timeayeyar
on
3:21 PM
Rating: 5
![](https://2.bp.blogspot.com/-RPAVLZTLeUE/WNfNqEPY6nI/AAAAAAABFP8/sj4LCwD6-fICJpJfvYMYq5dVm5o7LPFPgCLcB/s72-c/14.jpg)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment