Latest News

Friday, March 3, 2017

ယခု နွေရာသီတွင်လည်း ရန်ကုန်မြို့၌ မီးပြတ်တောက်ဦးမည်

ယခု နွေရာသီတွင်လည်း ရန်ကုန်မြို့၌ မီးပြတ်တောက်ဦးမည်



 ယခုနှစ်နွေရာသီတွင် ရန်ကုန်မြို့၌ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု ရှိနေဦးမည်ဖြစ် ကြောင်း ရန်ကုန်တိုင်းစက်မှု၊ လျှပ်စစ်နှင့် လမ်းပန်းဆက်သွယ် ရေးဝန်ကြီး ဒေါ်နီလာကျော်က ပြောသည်။

‘‘ကျွန်မတို့ ရန်ကုန်တိုင်းအတွင်းမှာ လာမယ့်နှစ်နွေရာသီမှာ လျှပ်စစ်ဓာတ်အား ပြည့်ပြည့်ဝဝနဲ့ အဆင်ပြေစွာ မီးမပြတ်ဘဲနဲ့။ မီး ကတော့ပြတ်တာတော့ ပြတ်ဦး မှာပဲ။ အဲဒီလိုမျိုးတွေရရှိဖို့ အတွက် ကျွန်မတို့တွေ ကြိုးစား အားထုတ်နေကြတဲ့ အခြေအနေ မှာရှိပါတယ်’’ဟု ရန်ကုန်တိုင်း ဒေသကြီး၏ လျှပ်စစ်နှင့်စွမ်းအင် ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆွေးနွေးပွဲတွင် ဝန်ကြီးဒေါ်နီလာကျော် က ပြောသည်။

ယခုနှစ် နွေရာသီကစ၍ ရန်ကုန်တိုင်းဒေသကြီး၏ လျှပ် စစ်ဓာတ်အားလိုအပ်ချက်သည် ၁၂၅၀ မဂ္ဂါဝပ်ဖြစ်ပြီး ယခင်ထက် မဂ္ဂါဝပ် ၆၀ ကျော် တက်လာခြင်းဖြစ်သည်။ နှစ်စဉ် ၁၅ ရာခိုင်နှုန်းတိုးတက်နေသည်ဟု ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်ဓာတ်အားကော်ပိုရေးရှင်းက ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့်နှစ် နွေရာသီတွင် ရန်ကုန်မြို့၏ လျှပ်စစ်ဓာတ်အား အမြင့်ဆုံး သုံးစွဲမှုအခြေအနေ သည် မဂ္ဂါဝပ် ၁,၂၀၀ အထိ ရောက်ရှိခဲ့ပြီး ယခင် ရန်ကုန်မြို့ လျှပ်စစ်ဓာတ်အားသုံးစွဲမှုသည် တစ်ရက်လျှင် မဂ္ဂါဝပ် ၉၀၀ ကျော်မှ မြင့်တက်ခဲ့သည်။ လျှပ် စစ်ဓာတ်အား လိုအပ်ချက်မြင့် တက်ခဲ့သဖြင့် မကြာခဏ လျှပ် စစ်ဓာတ်အား ပြတ်တောက်ပြီး စနစ်ချွတ်ယွင်းချက်များဖြစ်ပေါ်ခဲ့သည်။

ယခုနှစ်၏ လျှပ်စစ်ဓာတ် အားလိုအပ်ချက်ကို လုံးဝပြည့်ဝ စွာ ဖြည့်ဆည်းမည်ဆိုပါက တစ် နှစ်အတွင်း ငွေကျပ်ဆုံးရှုံးမှု မြန်မာငွေဘီလီယံ ၉၀၀ ကျော်ရှိနိုင် ကြောင်း ဒေါ်နီလာကျော်က ထပ်မံပြောကြားသည်။

ပြီးခဲ့သည့် ဘဏ္ဍာနှစ် ၂၀၁၆-၁၇ တွင် မြန်မာငွေကျပ်သိန်း ၄၇၀ ဘီလီယံဆုံးရှုံးခဲ့ပြီး လာ မည့်နှစ်၌ ကျပ်ငွေဘီလီယံ ၉၀၀ကျော် ဆုံးရှုံးနိုင်သည်ဟု ရန်ကုန်တိုင်းဒေသကြီး၏ လျှပ်စစ်နှင့်စွမ်း အင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးပွဲတွင် ဝန်ကြီးက ပြော ကြားခဲ့သည်။

‘‘ဒီနှစ်အတွက် ကျပ် ၄၇၀ ဘီလီယံ အရှုံးခံရောင်းချခဲ့ရ တယ်။ အဲဒီအခြေအနေအတိုင်း ဆက်သွားရင် ပိုရှုံးလေပဲဖြစ်မယ်။ ၂၀၁၇-၁၈ မှာ နောက်ထပ်လို အပ်လာမည့် လျှပ်စစ်ဓာတ်အား ဖြည့်ဆည်းပြည့်မီဖို့ဆိုရင် မြန်မာ ကျပ်ငွေ ဘီလီယံ ၉၀၀ ကျော် ထပ်ရှိနိုင်တယ်’’ဟု ဝန်ကြီးက ပြောသည်။

 ရန်ကုန်တိုင်းဒေသကြီး၏ လူဦးရေသည် ခုနစ်သန်းနှင့် ရှစ် သန်း အကြားရှိသော်လည်း လျှပ်စစ်ဓာတ်အားသုံးစွဲမှုသည် မြန်မာနိုင် ငံလျှပ်စစ်ဓာတ်အား စုစုပေါင်း ထုတ်လုပ်မှု၏ ထက်ဝက်ခန့်ရှိ သည်။ နှစ်စဉ် လျှပ်စစ်ဓာတ်အား လိုအပ်ချက်များ ရှိနေသည့်အပြင် ဖြန့်ဖြူးသည့်မြေပေါ်၊ မြေအောက် မဟာဓာတ်အားလိုင်းများသက်တမ်းကြာရှည်ခြင်းကြောင့် ပျက်စီးယိုယွင်းမှုများ ရှိနေသည်။

ရန်ကုန်မြို့ လျှပ်စစ်ဓာတ် အား လုံလောက်စွာ ရရှိရေး အတွက် Master Plan များ ရေး ဆွဲဆောင်ရွက်နေသော်လည်း ဘဏ္ဍာငွေ မလုံလောက်မှုများ ရှိနေသည်။

ဘဏ္ဍာငွေ မလုံလောက်မှု များ အပြင် လျှပ်စစ်ဓာတ်အား လေ လွင့်ပျက်စီးဆုံးရှုံးမှုများ ရှိနေပြီး ဘဏ္ဍာငွေ သုံးစွဲရာ၌လုပ်ကိုင်ဆောင်ရွက်မှုကို နှောင့်နှေးစေသည့် စနစ်များလည်း ရှိနေသည်ဟု အစိုးရ တာဝန်ရှိသူများက ပြောသည်။



7Day News Journal

No comments:

Post a Comment