Latest News

Thursday, March 9, 2017

ဗြိတိန်က မြို့တစ်မြို့မှာ ဆဲရေးတိုင်းထွာတာကို ဥပဒေနဲ့ ပိတ်ပင်တော့မလား

ဗြိတိန်က မြို့တစ်မြို့မှာ ဆဲရေးတိုင်းထွာတာကို ဥပဒေနဲ့ ပိတ်ပင်တော့မလား

လူအတော်များများဟာ နေ့စဉ်ဘဝမှာ ဆဲရေးတိုင်းထွာ ပြောဆိုတာကို ဗန်းစကားအဖြစ် ဒါမှမဟုတ် အာမေဍိတ်အဖြစ်လည်း သုံးတတ်ကြပါတယ်။ သင်ဟာ အဆဲသန်သူ ဆိုရင်တော့ ဗြိတိန်က နယ်မြို့လေးတစ်မြို့မှာ ပါးစပ်ပိတ်နေရတော့မယ့် အခြေအနေပါပဲ။ ရော့ခ်ျဒါလီမြို့ဟာ ဆဲရေးတိုင်းထွာတာ အပါအဝင် လူဝင်မဆံ့တဲ့ အပြုအမူတွေကို ပိတ်ပင်ဖို့ စဉ်းစားနေပြီ ဖြစ်ပါသတဲ့။ မြို့ကောင်စီဟာ အများပြည်သူနေရာ ကာကွယ်ရေး အမိန့်ကို မိတ်ဆက်ဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။

ဒီနေရာမှာ ဆဲရေးတိုင်းထွာ နေလို့ကတော့ သတိပေး၊ ဒဏ်ငွေရိုက်တာ ဒါမှမဟုတ် ဆွဲထုတ်သွားတာ လုပ်မှာ ဖြစ်ပါသတဲ့။ တောင်းရမ်း စားသောက်တာ၊ သီချင်းကျယ်ကျယ် ဖွင့်တာ၊ ကားအင်ဂျင် ကျယ်ကျယ်စက်နှိုးတာ၊ လမ်းဘေးမှာ သောက်စားတာ၊ အလှူခံတာနဲ့ စကိတ်စီးတာတွေကိုပါ ပိတ်ပင်ဖို့ စဉ်းစားနေတာ ဖြစ်ပါတယ်။

အသက် ၁၈ နှစ်အောက် မြို့သားတွေကိုလည်း မြို့ထဲကို ည ၁၁ နာရီကနေ မနက် ၆ နာရီအတွင်း မလာဖို့၊ ပိတ်ပင်ဖို့လည်း စီစဉ်ထားပါသေးသတဲ့။ ခုလို ပိတ်ပင်မယ့် အစီအစဉ်တွေကို လူ့အခွင့်အရေးအဖွဲ့ တစ်ဖွဲ့ဖြစ်တဲ့ Liberty က လုပ်ပိုင်ခွင့်ကို အလွဲသုံးစား လုပ်တာလို့ ပြောကြားထားပါတယ်။

F-02

The Voice

No comments:

Post a Comment