Latest News

Tuesday, March 7, 2017

ဂျပန်ရေပိုင်နက်ထဲ ဒုံးကျည်စမ်းသပ်ပစ်လွှတ်မှု အောင်မြင်ဟု မြောက်ကိုရီးယား ပြော

ဂျပန်ရေပိုင်နက်ထဲ ဒုံးကျည်စမ်းသပ်ပစ်လွှတ်မှု အောင်မြင်ဟု မြောက်ကိုရီးယားြြေြေေ
ပာ

မြောက်ကိုရီးယားနိုင်ငံက ဂျပန်ရေပိုင်နက်ထဲ မတ်လ ၆ ရက်နေ့က ဒုံးကျည် ၄ စင်း ပစ်လွှတ်မှုကို ခေါင်းဆောင် ကင်ဂျုံအန်းကိုယ်တိုင် အနီးကပ်ကြီးကြပ်ခဲ့ပြီး ဒုံးကျည်ပစ်လွှတ်စမ်းသပ်မှု အောင်မြင်တယ်လို့ မြောက်ကိုရီးယားအစိုးရက မတ်လ ၇ ရက်နေ့မှာ ပြောပါတယ်။

ဒီဒုံးကျည်ပစ်လွှတ်မှုဟာ ဂျပန်မှာတပ်စွဲထားတဲ့ အမေရိကန်တပ်ဖွဲ့တွေကို ရည်ရွယ်ပစ်ခတ် စမ်းသပ်မှုလို့ မြောက်ကိုရီးယားအစိုးရပိုင် သတင်းဌာနက ပြောပါတယ်။

ဒုံးကျည် ၄ စင်းကို နိုင်ငံအနောက်မြောက်ပိုင်း တရုတ်နယ်စပ်နားက ဒုံးပျံလွှတ်တင်ရေးစခန်းကနေ ပစ်လွှတ်ခဲ့ပြီး မိုင် ၆၀၀ ကျော်အရောက် ဂျပန်ရေပိုင်နက် အထူးစီးပွားရေးဇုန်ထဲ ၃ စင်း ကျရောက်ခဲ့ပါတယ်။

ဒီဒုံးကျည်ပစ်လွှတ်မှုဟာ အမေရိကန်-တောင်ကိုရီးယား ပူးတွဲစစ်ရေးလေ့ကျင့်မှုကို တုံ့ပြန်ပစ်ခတ်ပုံရတယ်လို့လည်း သုံးသပ်ကြပါတယ်။

ဒီစစ်ရေးလေ့ကျင့်မှုတွေကို လုပ်နေတဲ့ ရန်သူတွေ၊ ကိုရီးယားကျွန်းဆွယ်မှာ နျူကလီးယားစစ်ဖြစ်အောင် သွေးထိုးနေတဲ့ ရန်သူတွေကို မြောက်ကိုရီးယားတပ်ဖွဲ့တွေက အကြီးအကျယ် တိုက်ခိုက်ချင်နေကြတယ်လို့လည်း သတင်းမှာ ဖော်ပြပါတယ်။

အခုလို ဒုံးကျည်တွေ ပိုမိုတိကျအောင် ဆက်လက်ကြိုးစားဖို့နဲ့ အရည်အသွေးရော၊ အရေအတွက်ပါ တိုးမြှင့်ထုတ်လုပ်ဖို့ လိုက်ပါသူ မြောက်ကိုရီးယား စစ်အရာရှိကြီးတွေကို ခေါင်းဆောင် ကင်ဂျုံအန်းက ညွှန်ကြားခဲ့တယ်လို့လည်း အစိုးရပိုင် သတင်းဌာနက ဆိုပါတယ်။

DVB

No comments:

Post a Comment