Latest News

Thursday, March 9, 2017

ဂျပ်စတင်ဘီဘာ အယောင်ဆောင်ပြီး ကလေးငယ် ၉၀၀ ကျော်ကို လိင်ပိုင်းကျူးလွန်ခဲ့သူ ဥပဒေပါမောက္ခ ဖမ်းဆီးခံရ

ဂျပ်စတင်ဘီဘာ အယောင်ဆောင်ပြီး ကလေးငယ် ၉၀၀ေ
ကျာ်ကို လိင်ပိုင်းကျူးလွန်ခဲ့သူ ဥပဒေပါမောက္ခ ဖမ်းဆီးခံရ

သြစတြေးလျနိုင်ငံမှာ အွန်လိုင်းပေါ်မှတဆင့် အဆိုတော် ဂျပ်စတင်ဘီဘာ အယောင်ဆောင်ပြီး ကလေးငယ် ၉၀၀ ကျော်ကို လိင်ပိုင်းဆိုင်ရာပြစ်မှုတွေ ကျူးလွန်ခဲ့တဲ့ ဥပဒေပါမောက္ခတဦးကို ရဲတွေက ဖမ်းဆီးခဲ့ပါတယ်။

အသက် ၄၂ နှစ်အရွယ် အဲဒီအမျိုးသားဟာ သြစတေးလျတက္ကသိုလ်တခုမှ ဥပဒေပါမောက္ခတဦးဖြစ်ပြီး အဆိုတော်အယောင်ဆောင်ကာ ကလေးငယ်တွေရဲ့ပုံတွေကို ရယူပြီး ပြည့်တန်ဆာအဖြစ် အသုံးချဖို့ ရည်ရွယ်ခဲ့တာလို့ ကွင်းစလန်ပြည်နယ်ရဲတွေက ပြောပါတယ်။

အဲဒီအမျိုးသားဟာ ကလေးငယ် ၃ ဦးကို မုဒိမ်းမှု အပါအဝင် ပြစ်မှုပေါင်း ၉၃၁ မှုကို ဆယ်စုနှစ်တစုနီးပါး ကျူးလွန်ခဲ့တာဖြစ်တယ်လို့ ဘီဘီစီသတင်းတပုဒ်မှာ ဒီကနေ့ ဖော်ပြပါတယ်။

စုံစမ်းစစ်ဆေးရေးအရာရှိ ဂျွန်ရောက်စ်ကတော့ ခုလိုကျူးလွန်မှုဟာ ဆိုးဝါးဗြောင်ကျတဲ့ ပြစ်မှုကျူးလွန်မှုတခု ဖြစ်တယ်လို့ ပြောလိုက်ပြီး ဂျပ်စတင်ဘီဘာရဲ့ ပရိသတ် ကလေးငယ်တွေနဲ့ မိဘတွေကို နိုးနိုးကြားကြားနေကြဖို့ သတိပေးလိုက်ပါတယ်။

လက်ရှိမှာတော့ ရဲတွေဟာ သူ့ကို စုံစမ်းစစ်ဆေးနေပြီး သူဟာ ၂၀၀၇ ခုနှစ်ကစပြီး ပြစ်မှုတွေ ကျူးလွန်နေခဲ့တာလို့ ဆိုပါတယ်။

သူဟာ အင်တာနက် လူမှုကွန်ရက် ပလက်ဖောင်းတွေဖြစ်တဲ့ ဖေ့စ်ဘွတ်ခ်နဲ့ တွစ်တာတို့ကို အသုံးပြုခဲ့တာပါ။

ကျူးလွန်ခံခဲ့ရတဲ့ ကလေးတွေရဲ့ နာမည်တွေကိုတော့ ရဲတွေက အသေးစိတ် ထုတ်ဖော်မပြောခဲ့ပါဘူး။

ရောက်စ်ကတော့ မိဘတွေအနေနဲ့ သူတို့ကလေးငယ်တွေ အွန်လိုင်းအသုံးပြုရာမှာ အန္တရာယ်ကင်းကင်းနဲ့ အသုံးပြုနိုင်စေဖို့ စောင့်ကြပ်ကူညီကြဖို့ သတိပေးလိုက်ပါတယ်။

ဒီအမှုကို ဘရစ္စဘိန်းပြည်နယ်တရားရုံးက လာမယ့် ဧပြီ ၆ ရက်နေ့မှာ စီရင်ချက် ချမှတ်သွားမှာ ဖြစ်ပါတယ်။

DVB

No comments:

Post a Comment