Latest News

Wednesday, March 29, 2017

စမ်းချောင်းမြို့နယ်ရှိ မွေးနေ့အလှူတွင်ဝင်ရောက်စားသောက်ပြီး လက်ကိုင်ဖုန်းခိုးယူသွားသူအား ဖမ်းဆီးရအရေးယူ

စမ်းချောင်းမြို့နယ်ရှိ မွေးနေ့အလှူတွင်ဝင်ရောက်စားသောက်ပြီး
လက်ကိုင်ဖုန်းခိုးယူသွားသူအား ဖမ်းဆီးရအရေးယူ

ရန်ကုန်၊ မတ် ၂၉

၁၉.၃.၂၀၁၇ ရက်နေ့ ၁၂၀၀ အချိန်ခန့်တွင် လှိုင်မြို့နယ်နေ ဦး-----
သည် စမ်းချောင်းမြို့နယ်၊ မြေနီကုန်း(မြောက်)ရပ်ကွက်၊ ကျောင်းလမ်း
ရှိ ဘုန်းတော်ကြီးကျောင်းသို့ မွေးနေ့မင်္ဂလာအလှူပွဲတွင် ဝေယျာဝစ္စ
ပြုလုပ်ရန်ရောက်ရှိစဉ် ကျောင်းတိုက်အလယ်အောက်ထပ်ရှိ စားပွဲခုံ
ပေါ်တွင် လက်ကိုင်ဖုန်း(၃)လုံးထည့်ထားသည့် လက်ကိုင်အိတ်အား
တင်ထားခဲ့ပြီး အလုပ်လုပ်ကိုင်နေခဲ့ရာ ခဏအကြာတွင် ဖုန်းဆက်ရန်
အတွက် အဆိုပါဖုန်းထားရာနေရာသို့ပြန်လည်လာရောက်ပြီး ဖုန်းဆက်မည်ပြုစဉ် လက်ကိုင်ဖုန်း(၃)လုံးအနက် Asus အမျိုးအစားလက်ကိုင်ဖုန်းမှာ ပျောက်ဆုံးနေသည်ကိုတွေ့ရှိရသဖြင့် ဖုန်းခိုးယူသွားသူအား စုံစမ်းအရေးယူပေးရန် တိုင်တန်းချက်အရ စမ်းချောင်းမြို့မရဲစခန်း(ပ)၁၀၉/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၈၀ဖြင့် အမှုဖွင့်ကာ စုံစမ်းဆောင်ရွက်ခဲ့ပါသည်။

အမှုနှင့်ပတ်သက်၍ အနောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှတပ်ဖွဲ့ဝင်များက
စုံစမ်းဆောင်ရွက်ခဲ့ရာ ယင်းနေ့ ၁၅၀၀ အချိန်ခန့်တွင် ပန်းဘဲတန်းမြို့နယ်၊ (၅)ရပ်ကွက်၊ ရွှေဘုံသာလမ်းရှိ ပစ္စည်းအဟောင်းများရောင်းဝယ်သည့်ဆိုင်များ၌ အမျိုးသားတစ်ဦးမှ လက်ကိုင်ဖုန်း(၁)လုံးအား လိုက်လံရောင်းချနေကြောင်းသတင်းအရ သွားရောက်၍ သတင်းအတည်ပြုပြီး စောင့်ဆိုင်းဖမ်းဆီးခဲ့ရာ အမှုမှပါဆုံးသွားသော ASUS လက်ကိုင်ဖုန်း နှင့်အတူ မရမ်းကုန်းမြို့နယ်နေ အသေးလေး(ခ)အာကာစိုး၊ (၁၈)နှစ်အား ဖမ်းဆီးရမိခဲ့ပါသည်။

၎င်းအား အခြားခိုးမှုများကျူးလွန်ထားခြင်းရှိ/မရှိစစ်ဆေးခဲ့ရာ ၂၀၁၇ ခုနှစ်၊ ဇန်န၀ါရီလအတွင်းက စမ်းချောင်းမြို့နယ်အတွင်းရှိ နေအိမ်တစ်အိမ်
အတွင်းမှ SAMSUNG Note 3 အမျိုးအစားလက်ကိုင်ဖုန်း (၁)လုံးနှင့် Mi Note 3 အမျိုးအစားလက်ကိုင်ဖုန်း(၁)လုံးအား ခိုးယူရောင်းချထားကြောင်းပေါ်ပေါက်ခဲ့သဖြင့် သက်သေခံပစ္စည်းများပြန်လည်သိမ်းဆည်းနိုင်ခဲ့ပြီး အမှုဖြင့်ဆက်လက်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

No comments:

Post a Comment