Latest News

Thursday, March 16, 2017

ဖိလစ်ပိုင် သမ္မတ ရော့ဒရီးဂိုး ဒူတာတေး ၁၉ ရက်နေ့ ရောက်မည်

ဖိလစ်ပိုင် သမ္မတ ရော့ဒရီးဂိုး ဒူတာတေး ၁၉ ရက်နေ့ ရောက်မည်

ဖိလစ်ပိုင် သမ္မတ ရော့ဒရီးဂိုး ဒူတာတေး မြန်မာ နိုင်ငံကို လာမယ့် ၁၉ ရက်နေ့က စလို့ ၂ရက်တာ ခရီးစဉ် လာရောက်ဖို့ ရှိနေပါတယ်။

မြန်မာ ကနေ တဆင့် ထိုင်းနိုင်ငံဘက် ခရီးဆက် မှာ ဖြစ်လို့ သမ္မတ ဒူတာတေးဟာ ရာထူး နေရာကို ပြီးခဲ့တဲ့နှစ် ဇွန်လက ရယူ ပြီးနောက်ပိုင်း သူ မရောက် ရသေးတဲ့ အရှေ့တောင် အာရှ ဒေသတွင်း နိုင်ငံ ၂ နိုင်ငံကို လာရောက်ဖို့ စီစဉ် ထားတာ ဖြစ်ပါတယ်။

တခါ၊  ဖိလစ်ပိုင် လွှတ်တော်ထဲ မှာတော့ သမ္မတ ဒူတာတေးကို ရာထူးနေရာက ဖယ်ရှားနိုင်တဲ့ ပြစ်တင် စွပ်စွဲမှုတွေ ပြုလုပ်ဖို့ ပထမဆုံး အကြိမ် ကြိုးစား လာပါတယ်။

မူးယစ်ဆေး သုံးစွဲသူတွေကို ထောင်နဲ့ချီပြီး ဥပဒေမဲ့ သတ်ဖြတ် ခဲ့တာဟာ ဖွဲ့စည်းပုံနဲ့ လူ့အခွင့်အရေးကို ချိုးဖောက်တာပဲ စွဲချက်နဲ့ အတိုက်အခံ အမတ် တစ်ယောက်က လွှတ်တော်မှာ တင်သွင်း လာတာ ဖြစ်ပေမယ့်၊ လွှတ်တော်က အတည်ပြုဖို့တော့ မဖြစ်နိုင်လောက်ဘူး ဆိုပြီး သတင်းထောက်တွေက သုံးသပ်ပါတယ်။

Sources :
BBC

No comments:

Post a Comment