Latest News

Tuesday, March 14, 2017

စိတ်ဓာတ်ကျနေရင် ဒိန်ချဉ်နဲ့ရင်ဆိုင်မယ်

စိတ်ဓာတ်ကျနေရင် ဒိန်ချဉ်နဲ့ရင်ဆိုင်မယ်

ဒိန်ချဉ်မှာ ပါဝင်တဲ့ probiotics က ကိုယ်ခံအားကို ကောင်းစေပြီး ရောဂါပိုးမွှားတွေကို တွန်းလှန်ရာမှာ အထောက်အကူ ပြုပါတယ်။ မနက်ပိုင်း အစားအစာ စားချိန်မှာ ဒိန်ချဉ်သောက်ခြင်းက ကိုယ်ခံအားစနစ်ကို မြင့်တက်စေကြောင်း သုတေသီတွေက ထောက်ခံထားပါတယ်။ ဒါတင်မက နောက်ထပ် ထူးခြားတဲ့ ကောင်းကျိုးရှိပါသေးတယ်။


ဗာဂျီးနီးယားဆေးတက္ကသိုလ်က သုသေသနပညာရှင်တွေဟာ စိတ်ဓာတ်ကျဆင်းမှုကို ဒိန်ချဉ်သောက်သုံးခြင်းဖြင့် ဖြေရှင်းနိုင်ဖို့ လေ့လာခဲ့ကြပါတယ်။ ကြွက်တွေကို ဒိန်ချဉ်တိုက်ကျွေးပြီး လေ့လာကြည့်တဲ့အခါ စိတ်ဓာတ်ကျဆင်းမှု လက္ခဏာရပ်တွေကို တွန်းလှန်နိုင်တာ တွေ့ရပါတယ်။ လူတွေမှာလည်း အလားတူကောင်းကျိုး ရနိုင်၊ မရနိုင်ကို ဆက်လက်လေ့လာနေကြပါတယ်။


ဒိန်ချဉ်မှာပါဝင်တဲ့ ကောင်းတဲ့ဘက်တီးရီးယား (Lactobacillus) ဟာ စိတ်ခံစားချက်ကို ပုံမှန်ဖြစ်စေပါတယ်။ အစာအိမ်အတွက်လည်း အထောက်အကူဖြစ်စေပြီး ကျန်းမာရေးအတွက်လည်း ကောင်းကျိုးများစွာရှိလို့ ဒိန်ချဉ်ကို နေ့စဉ်စားမယ်လို့ ဆုံးဖြတ်မိရင် မှန်ကန်တဲ့ဆုံးဖြတ်ချက်ပါပဲ။

Source : Indy 100 : Duwun

No comments:

Post a Comment