Latest News

Friday, March 10, 2017

ထူးကြီးမြို့တွင် တက္ကသိုလ်ဝင်တန်း သင်္ချာဖြေဆိုသည့်နေ့တွင် ကျောင်းသူ ၁ ဦးဆေးရုံတက် ဖြေဆိုရ

ထူးကြီးမြို့တွင် တက္ကသိုလ်ဝင်တန်း သင်္ချာဖြေဆိုသည့်နေ့တွင် ကျောင်းသူ ၁ ဦးဆေးရုံတက်ြေေဖြေဆို



ဧရာဝတီတိုင်းဒေသကြီး အင်္ဂပူမြို့နယ်တွင်းက ထူးကြီးမြို့ အထကမှာ ဒီနေ့ တက္ကသိုလ်ဝင်စာမေးပွဲ သင်္ချာဖြေဆိုတဲ့နေမှာ ကျောင်းသူတဦး ထူးကြီး ပြည်သူ့ဆေးရုံမှာ ဆေးကုသရင် စာမေးပွဲဖြေ ဆိုခဲ့ရပါတယ်။ မနေ့က အင်္ဂလိပ်စာဖြေဆိုရင် မူးလဲကျအတွက် စာဖြေပြီး ဆေးရုံတက် ကုသ နေရပါတယ်။


ထူးကြီးမြို့ အုပ်ချုပ်ရေးမှူး ဒုဦးစီး ဦးမင်းမင်းခိုင် က “အဲကျောင်းသူလေးကိုတော့ ဆေးရုံမှာ ကျောင်းဆရာ/မများနှင့် ကြီးကြပ်သူတွေက စောင့်ပြီး ဖြေဆိုနေတာပါ။ ခုနေလည်း ဖြေဆိုနိုင်ပါတယ်။ ကျန်းမာရေးလည်း တိုးတက်လာပါတယ်။ ကလေးမလေးက မကြာခဏတက်တဲ့ရောဂါရှိလို့ ခုလို ဆေးရုံတက်ပြီး ဆေးရုံက ဆေးကုသစောင့်ရှောင်မှုနဲ့စာမေးပွဲ ဖြေဆိုခွင့်ပေးထားရတာပါ”လို့ ပြောပါတယ်။

အင်္ဂပူမြို့နယ်မှာ တက္ကသိုလ် ဝင် စာဖြေဖို့ ဖောင်တင်ထားသူတွေနဲ့ ကျောင်းပြင်ပ အပြင်ဖြေအပါအဝင် စုစုပေါင်း ၃၂၂၇ ရှိပါတယ်။ ဖြေဆို သူပေါင်း ၃၀၅၇ ဦးသာဖြေဆို ကြပါတယ်။ အများဆုံးက အပြင်ဖြေတွေ ပျက်ကွက်ကြတာပါ။ သင်္ချာဖြေတဲ့နေ့အထိ စုစုပေါင်း ၁၇၀ ရှိပြီ ဖြေဆို ရာခိုင်နှုန်း ၉၄ ဒသမ ၇၃ ပျက်ကွက်ရာခိုင်နှုန်း ၅ ဒသမ ၂၇ ရှိပြီး စာစစ်ဌာနပေါင်း ၇ ခု ရှိတယ်လို့ အင်္ဂပူ မြို့နယ်ပညာရေးမှူး ရုံးစာရင်းဇယားတွေ အရသိရပါတယ်။

သတင်း - သန်းထိုက်မြင့်

DVB

No comments:

Post a Comment