Latest News

Saturday, March 18, 2017

ပိုးမီအတွက် သူရဲ့အမာခံပရိတ်တစ်ဦးကအခွေ ထုတ်ပေးဖို့စီစဉ်နေ

ပိုးမီအတွက် သူရဲ့အမာခံပရိတ်တစ်ဦးကအခွေ ထုတ်ပေးဖို့စီစဉ်နေ

ရန်ကုန် - မတ်၁၈။ မြန်မာအိုင်ဒေါကနေနုတ်ဆက်ထွက်ခွါခဲ့ရတဲ့ပိုးမီအတွက် သူရဲ့အမာခံပရိတ်တစ်ဦးကအခွေထုတ်ပေးဖို့စီစဉ်နေတယ်လို့သိရပါတယ်။

“ဘယ်လိုပေးဖြစ်ခဲ့တာလဲဆိုတော့မြန်မာအိုင်ဒေါကိုစကြည့်ခဲ့တယ်။သူ့ကိုပြန်saveလုပ်ခဲ့တဲ့အပတ်လေအဲ့မှာပိုးမီကိုပိုသတိထားမိခဲ့တာပါ။ပြီင်္းတော့အားပေးဖြစ်ခဲ့တယ်။ကျွန်တောတို့ကဂီတကိုလည်းလေးစားတယ်။ဂီတကိုကြိုက်တယ်ချစ်တယ်ဆိုတော့ပြီးတော့မမေသော်နဲ့ကလဲအရမ်းရင်းနှီးတယ်ဆိုတော့အင်းလေးလာရင်လဲကျွန်တော့်ဆီကိုလာနေတယ်။သီချင်းကြောင်းတွေလဲပြောဖြစ်တယ်ဆိုတော့အဲ့မှစပြီးပိုးမီအကြောင်းကိုပြောဖြစ်ခဲ့တာပါ။အခုပွဲမှာကျတော့အခွေထုတ်ပေးဖို့မပါဘူးဆိုတော့လုပ်ပေးချင်တယ်ပေါ့သူ့ကိုလည်းvottingတွေလည်းအရမ်းပေးတယ်ပြုတ်မယ်လဲမထင်ဘူးလေ။ပြုတ်သွားတယ်ဆိုတော့ခေါင်းတွေပးထူသွားတယ်ဘယ်လိုမှနေလို့မရတော့ဘူးဆိုတော့ချက်ချင်းစဉ်းစာူးပြီးတင်ဖြစ်လိုက်တာပါ”လို့ခေတ်ဆန်းယဉ်ပိုးထည်ချည်ထည်ကြာထည်လုပ်ငန်းပိုင်ရှင်ကိုမြင့်သိန်းထွန်းကပြောပါတယ်။

ပိုးမီအတွက်အခွေလုပ်ဖြစ်တယ်ဆိုရင် တေးရေးမေသော်ကသာတစ်ခွေလုံးစာအတွက်သီချင်းတွေကိုရေးစပ်ပေးမှာဖြစ်တယ်လို့သိရပါတယ်။

ပိုးမီကတော့မြန်မာအိုင်ဒေါပွဲပြီးမှာသာအခွေအတွက်ကိုလုပ်နိုင်မှာ
ဖြစ်ပြီးအခုချိန်ပွဲစဉ်မပြီးသေးတာကြောင့်လုပ်ခွင့်တွေမရနိုင်သေးဘူးလို့သိရပါတယ်။သည်အခွေကိုကွာလတီအကောင်းဆုံးတွေလုပ်ချင်တာကြောင့် ကုန်ကျစရိတ်တွေကိုထည့်မတွက်ဘဲ အကောင်းဆုံးအတွက်ကုန်ကျငွေဘယ်လောက်လောက်ကုန်ကုန် အကုန်ကျခံသွားမှာ့ဖြစ်တယ်လို့သိရပါတယ်။

သည်အခွေကိုလုပ်ခွင့်ရတဲ့အချိန်မှာအမြန်ဆုံးလုပ်နိုင်အောင်ပြုလုပ်သွားမှာဖြစ်တယ်လို့သိရပါတယ်။
အရည်ချင်းရှိတဲ့လူငယ်တွေကိုနရာမှန်ကိုရောက်စေချင်တဲ့စေတနာကြောင့်ပြုလုပ်ပေးတာဖြစ်တယ်လို့သိရပါ
တယ်။သည်အခွေကိုမြန်မာအိုင်ဒေါအစီစဉ်တွေအားလုံးပြီးစီးမှသာစပြီးပြုလုပ်မှာဖြစ်ပါတယ်။လိမ္မာ/Kumudra


No comments:

Post a Comment