Latest News

Thursday, March 23, 2017

ရွှေဝယ်ရာမှာဆောင်ရမယ့်အခွန် ဘယ်လိုကောက်မလဲ ဆိုင်ရှင်တွေ ကိုယ်တိုင်မသိသေး

ရွှေဝယ်ရာမှာဆောင်ရမယ့်အခွန် ဘယ်လိုကောက်မလဲ ဆိုင်ရှင်တွေ ကိုယ်တိုင်မသိသေး

ရွှေအခေါက်ဝယ်မယ်ဆိုရင် ငါးရာခိုင်နှုန်း ပေးဆောင်ရမှာဖြစ်ပြီး ရွှေထည်ပစ္စည်းဝယ်ရင်တော့ တစ်ရာခိုင်နှုန်း ၀ယ်သူက ပေးောဆင်ရမှာဖြစ်တယ်။

နေပြည်တော်၊ မတ် ၂၂ - ဧပြီလကစပြီး ရွှေဝယ်ယူရင်အခွန် တစ်ရာခိုင်နှုန်းပေးဆောင်ရမယ်လို့ တရားဝင်ထုတ်ပြန်ကြေညာခဲ့ပေမဲ့ နည်း ဥပဒေမထွက်သေးတာကြောင့် ဘယ်လိုပုံစံနဲ့ကောက်ခံရမယ်ဆိုတာ ရွှေလုပ်ငန်းရှင်တွေ ကိုယ်တိုင်မသိကြသေးပါဘူး။

မန္တလေးမြို့ ရွှေလုပ်ငန်းရှင်များအသင်း ဗဟိုအလုပ်အမှုဆောင် ဦးမော်ကကောက်မယ်ဆိုတဲ့ ဥပဒေတော့ထွက်ပါပြီ၊ ဘယ်လိုကောက် မယ်ဆိုတဲ့ နည်းဥပဒေမထွက်သေးပါဘူး၊ အခွန်ကောက်ရင် တံဆိပ်ခေါင်းကပ်ရမှာလား၊ ကပ်မယ်ဆိုရင်လဲ ကပ်စရာတံဆိပ်ခေါင်းက မရှိသေးဘူးလို့ ပြောပါတယ်။

ပြီးခဲ့တဲ့တစ်ပတ်ကနေပြည်တော်မှာ ရွှေလုပ်ငန်းရှင်များအသင်းသား တွေနဲ့ နာမည်ကြီးရွှေဆိုင်ပိုင်ရှင်တွေကို နေပြည်တော်ကို  ဖိတ်ကြား ပြီး အခွန်ကောက်ခံမှုနှုန်းအတွက် အစည်းအဝေးတစ်ရပ်ပြုလုပ်ခဲ့တယ်။

အစည်းအဝေးအရဆိုရင် ရွှေအခေါက်ဝယ်မယ်ဆိုရင် ငါးရာခိုင်နှုန်း ပေးဆောင်ရမှာဖြစ်ပြီး ရွှေထည်ပစ္စည်းဝယ်ရင်တော့ တစ်ရာခိုင်နှုန်း ဝယ်သူကပေးဆောင်ရမှာဖြစ်တယ်လို့ ဦးမော်ကပြောပါတယ်။

ရွှေထည်ဝယ်ခွန်နဲ့ပတ်သက်ပြီး လွှတ်တော်ထဲမှာဆွေးနွေးခဲ့တဲ့ ပုလဲ မဲဆန္ဒနယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က ‘အခုမှတစ်ရာခိုင်နှုန်းကို အခွန်တိုးကောက်မယ်ဆိုရင် ဥပဒေကို လက်တစ်လုံးခြားလုပ် သလိုဖြစ်မှာပေါ့၊ ဒီနှုန်းအတိုင်းကောက်ချင်ရင်  အရင်ကတည်းကလုပ်ငန်းရှင်တွေနဲ့ ညှိရမှာလို့ ပြောပါတယ်။

အခွန်အကောက်ဥပဒေကြမ်းကို အစိုးရရဲ့တင်သွင်းချက်မှာ ရွှေဝယ် ယူသူတိုင်း သုံးရာခိုင်နှုန်းလို့ ပြန်သတ်မှတ်ခဲ့ပေမဲ့ ရွှေလုပ်ငန်းရှင် များအသင်းနဲ့လွှတ်တော်ကိုယ်စားလှယ်တွေရဲ့တောင်းဆိုချက်အရတစ်ရာခိုင်နှုန်းမှာ အတည်ပြုလိုက်တာဖြစ်ပါတယ်။

ဥပဒေပြဋ္ဌာန်းချက်အတိုင်းမဟုတ်ဘဲ အခေါက်ရွှေဝယ်ရင်ငါးရာခိုင် နှုန်းပးရမယ်ဆိုတဲ့ ကိစ္စရပ်ကြောင့် လာမယ့် ၂၄ ရက်နေ့မှာ တစ်နိုင်ငံ လုံးမှာရှိတဲ့ ရွှေလုပ်ငန်းရှင်များအသင်းနဲ့ ရွှေဆိုင်ပိုင်ရှင်တွေ ညှိနှိုင်းမှာဖြစ်တယ်။

ဦးမော်က အခွန်ဦးစီးမှူးတစ်ယောက်ကိုမေးကြည့်တယ်၊ ဒီကိစ္စနဲ့ ပတ်သက်လို့ ခင်ဗျားတို့ဘာညွှန်ကြားထားတာရှိလဲဆိုတော့ ဘာမှ တော့ ညွှန်ကြားထားတာမရှိဘူး၊ ကျွန်တော်တို့မှာလဲ နည်းဥပဒေမရှိ သေးတော့ကောက်လို့ မရဘူးလို့တော့ဖြေပါတယ်လို့ ပြန်လည် ပြောပြပါတယ်။

ရွှေဝယ်ယူရင်ဝယ်သူကအခွန်ဆောင်ရမယ်ဆိုတဲ့ အသံကြောင့် ရွှေဆိုင်အချို့ အရောင်းအဝယ်ရပ်တန့်တာတွေရှိနေတယ်လို့ ရွှေဆိုင်တချို့ရဲ့ ပြောပြချက်အရသိရပါတယ်။
မိုးမိုး Kumudra

No comments:

Post a Comment