Latest News

Wednesday, March 15, 2017

အစားအသောက်၊ ဆေးဝါး ၊ အလှကုန်စစ်ဆေးရေး ဘာကြောင့် ထိရောက်မှုနည်းသလဲ

အစားအသောက်၊ ဆေးဝါး ၊ အလှကုန်စစ်ဆေးရေး ဘာကြောင့်

ထိရောက်မှုနည်းသလဲ

စားသောက်ကုန်၊ ဆေးဝါး နဲ့အလှကုန်ပစ္စည်းတွေကို သုံးစွဲသူလူထုအန္တရာယ်ကင်းရှင်းရေး စစ်ဆေးရာမှာ တာဝန်နဲ့လုပ်ပိုင်ခွင့်ကွာခြားမှုတွေကြောင့် လုပ်ငန်းဆောင်ရွက်ချက်ထိရောက်မှုနည်းနေရတယ် လို့ သိရပါတယ်။

စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးဆွေတင့်ကြူးက ဦးတို့ဌာနအနေနဲ့က တရားမဝင်တဲ့စားသောက် ကုန်တွေစသဖြင့်ပေါ့၊ အဲဒါတွေစစ်ဆေးတဲ့အခါမှာကျန်တဲ့ အက်ဖ်ဒီအေတို့၊ စည်ပင်တို့နဲ့ပူးပေါင်းပြီးပဲလုပ် ရတာများတယ်၊ အရေးယူမှုအပိုင်းမှာ အခုလက်ရှိအရေးယူနေတာကတော့ စည်ပင်ပေါ့၊ ဦးတို့ဌာနအနေနဲ့က လုပ်ပိုင်ခွင့်ရတာ အင်မတန်မှ နည်းတယ်၊ ဒါကြောင့် ဥပဒေသစ်ရေးဆွဲနေတယ်လို့ပြောပါတယ်။

လက်ရှိပြည်တွင်းမှာရောင်းချနေတဲ့ စားသောက်ကုန်၊ ဆေးဝါး၊ အလှကုန်တွေနဲ့ပတ်သက်ပြီး အက်ဖ်ဒီအေရဲ့ထောက်ခံချက် မရှိရင်သက်ဆိုင်ရာမြို့နယ်တွေမှာရှိတဲ့ ဈေးစည်ပင်သာယာရေးကော်မတီတွေကနေ သူတို့ရဲ့စည်ပင် ဥပဒေနဲ့ အရေးယူဆောင်ရွက်နေပါတယ်။
ဒါ့အပြင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) အနေနဲ့ကလည်း တရားမဝင် စားသောက်ကုန်၊ ဆေးဝါးနဲ့ အလှကုန်တွေတွေ့ရှိခဲ့ရင် လက်ရှိမှာအစားအသောက်ဥပဒေအရ အရေးယူဆောင်ရွက်ခင့်ရှိတယ်လို့ သိရပါတယ်။

ဦးဆွေတင့်ကြူးက စားသုံးသူရေးရာဦးစီးဌာနက ဥပဒေအရခွင့်ပြုသလောက်ကလေးပဲဆောင်ရွက်ရတယ်၊ အဓိက ကတော့ပညာပေးတာပေါ့လို့ ပြောတယ်။

သူကဆက်ပြီး ပြည်သူတွေကိုအရေးယူမှုအပိုင်းအထိ ဦးတို့ကလုပ်ပိုင်ခွင့်မရှိဘူး၊ ဒါ့ကြောင့်ဥပဒေအသစ်လဲ ပြန်ရေးဆွဲနေ တယ်၊ ဒီဥပဒေပေါ်ထွက်လာရင်တော့ ပြည်သူတွေမျှော်လင့်သလို ပိုပြီးအကာအကွယ်ပေးနိုင်လိမ့်မယ် လို့ထင်ပါတယ်လို့ ပြောပါတယ်။

စားသုံးသူရေးရာဦးစီးဌာနအနေနဲ့ လက်ရှိမှာစားသောက်ကုန်တွေ၊ ဆေးဝါးတွေကို စစ်ဆေးတဲ့အခါမှာသက်ဆိုင်ရာအဖွဲ့ အစည်းတွေနဲ့ပူးပေါင်းပြီး ဆောင်ရွက်နေရပေမဲ့ အရေးယူမှုအပိုင်းကတော့ ဈေးစည်ပင်နဲ့ အက်ဖ်ဒီအေတို့ ကသာ လုပ်ဆောင်နေတာဖြစ်ပါတယ်။ စားသုံးသူရေးရာဦးစီးဌာနအနေနဲ့ကတော့ လက်ရှိဥပဒေအရအရေးယူပိုင်ခွင့်မရှိဘဲ အငြင်းပွားမှုအဖွဲ့နဲ့သက်ဆိုင်ရာအဖွဲ့အစည်းတွေကို အဆင့်ဆင့်တင်ပြနေရတာဖြစ်ပါတယ်။

လက်ရှိမှာတော့ အက်ဖ်ဒီအေ၊ စည်ပင်နဲ့စားသုံးသူရေးရာ ဦးစီးဌာနတို့ပူးပေါင်းပြီး ကိုယ်ပိုင်အမှတ်တံဆိပ်မရှိတဲ့အသေးစား၊ အလတ်စားလုပ်ငန်းတွေအတွက် သက်ဆိုင်ရာစည်ပင်သာယာရေးကော်မတီတွေကိုမေးမြန်းပြီး စက်မှုကြီးကြပ်စစ်ဆေးရေး အဖွဲ့မှာ လုပ်ငန်းမှတ်ပုံတင်လာရောက်လျှောက်ထားကြဖို့ တိုက်တွန်းတယ်လို့သိရပါတယ်။

မာရီခိုင်

Kumudra

No comments:

Post a Comment