Latest News

Tuesday, March 28, 2017

မွန်ပြည်နယ် မဟာသင်္ကြန်ဗဟိုမဏ္ဍပ်ကျင်းပရေး ကျပ်သိန်း ၅၀၀ အသုံး ပြုမည်

မွန်ပြည်နယ် မဟာသင်္ကြန်ဗဟိုမဏ္ဍပ်ကျင်းပရေး ကျပ်သိန်း ၅၀၀ အသုံး ပြုမည်

မော်လမြိုင်မြို့ ကမ်း နားလမ်းတွင် တည်ဆောက်မည့် ပြည်နယ်အဆင့် မဟာသင်္ကြန် ဗဟိုမဏ္ဍပ်အတွက် ကျပ်သိန်း ၅၀၀ အသုံးပြုမည် ဖြစ်ကြောင်း ပြည်နယ်အစိုးရရုံးအဖွဲ့မှ သတင်းရရှိသည်။

‘‘ဒီငွေကျပ်သိန်း ၅၀၀ က မြို့နယ်တွေမှာ လုပ်မယ့် မဏ္ဍပ်တွေ အတွက် အသုံးပြုဖို့ ပေးသွားမှာ မဟုတ်ဘူး။ ပြည်နယ်အဆင့်မှာ လုပ်မယ့် ဗဟိုမဏ္ဍပ် တစ်ခုအ တွက်ပဲ အသုံးပြုမယ်။ ဗဟိုမဏ္ဍပ်ကိုပဲ ဦးစားပေးဆောင်ရွက်ထား တော့ မနှစ်ကထက် ပိုပြီး စည် စည်ကားကားဖြစ်သွားမယ်။ ပြည် နယ် အတွင်းမှာ မဏ္ဍပ်ဘယ်နှခု ထားမယ်၊ စီးပွားဖြစ်မဏ္ဍပ်တွေ ကို ခွင့်ပြု၊ မပြုဆိုတာ ကျွန်တော် တို့အစည်းအဝေး မလုပ်ရသေး ဘူး’’ဟု မွန်ပြည်နယ် အစိုးရအဖွဲ့ ညွှန်ကြားရေးမှူး ဦးမြင့်သန်းဝင်း က ပြောသည်။

ယခုနှစ်တွင် ၂၀၁၇-၁၈ အ စိုးရအသုံးစရိတ်မှ ကျပ်သိန်း ၅၀၀ ကို မဏ္ဍပ်တည်ဆောက်ရေး၊ ပိတ်ပွဲဖွင့်ပွဲအခမ်းအနား၊ ယိမ်းအက ဖျော်ဖြေပွဲများ၊ ဆုချီးမြှင့်မည့်အစီအစဉ်၊ ရေကစားမည့်နေရာတွင် ရေရရှိရေးနှင့် သက်ကြီးပူဇော်ပွဲများ၌ အသုံးပြုမည်ဖြစ်သည်။

ပြီးခဲ့သည့် ၂၀၁၆-၁၇ မဟာသင်္ကြန်တွင် ယခင်အစိုးရက ရေး ဆွဲထားသည့် ဘဏ္ဍာငွေကျပ် ၈၅ သိန်းဖြင့် ဗဟိုမဏ္ဍပ်အတွက် အသုံးပြုထားပြီး ယခင်နှစ် က မော်လ မြိုင်မြို့အတွင်း ရေကစားမဏ္ဍပ် ၁၇ ခုထားရှိသည်ဟု ဦးမြင့်သန်း ဝင်းက ဆိုသည်။

မွန်ပြည်နယ် သင်္ကြန်ပွဲတော်သည် ဧပြီ ၁၃ ရက်မှ မြန်မာနှစ်ဆန်း တစ်ရက် နေ့ (ဧပြီ ၁၇ ရက်)အထိ ဖြစ်ပြီး သံဖြူဇရပ်မြို့နယ်ရှိ စက်စဲကမ်းခြေနှင့် ကျိုက်ထိုမြို့ နယ် ကျိုက်ထီးရိုးဘုရားတို့တွင် အစည်ကားဆုံးဖြစ်သည်။ သင်္ကြန်အတက်နေ့နှင့် နှစ်ဆန်းတစ်ရက် နေ့တို့တွင် ကျိုက်မရောမြို့နယ်၊ မော်လမြိုင် ကမ်းနားလမ်း၊ အောက်လမ်းမကြီးနှင့် အထက်လမ်းမကြီး၊ ရိုးဂိုကျေးရွာတို့သည် အစည်ကားဆုံး နေရာများဖြစ်သည်။ ( 7Day News )

No comments:

Post a Comment