Latest News

Sunday, March 5, 2017

ဦးကိုနီ လုပ်ကြံမှုကြီး အပေါ် စည်သူ မြင့်ဆွေ၏ သုံးသပ်ချက်

ဦးကိုနီ လုပ်ကြံမှုကြီး အပေါ် စည်သူ မြင့်ဆွေ၏ သုံးသပ်ချက်

ဦးကိုနီ လုပ်ကြံ သတ်ဖြတ်ခံရသည့် အမှုကြီးနဲ့ ပါတ်သက်၍ သမ္မတရုံးမှ ဖေဖေါ်ဝါရီ ၁၅ ရက်နေ့ က ဒုတိယ အကြိမ် သတင်း ထုတ်ပြန်ခဲ့ပါတယ်။

ဦးကိုနီ လုပ်ကြံခံရပြီး ငါးရက်အကြာ ဖေဖေါ်ဝါရီ ၃ ရက်နေ့ မှာ ပထမ အကြိမ် အဖြစ် သတင်းထုတ်ပြန်ပြီး ဖြစ်ပါတယ်။ ထိုကြေငြာချက်မှာ ကြည်လင်းဆိုသူအား အသက် ၄၆ နှစ် ရှိ အောင်ဝင်းဇော်မှ ဦးကိုနီ အား  လုပ်ကြံသတ်ဖြတ်ပေးဖို့ ငှားရမ်းခဲ့တယ်လို့ ဖေါ်ပြထားပါတယ်။

ဒုတိယ သတင်းကြေငြာချက်မှာ ယခင် တပ်မတော်မှ ဒုတိယ ဗိုလ်မှုးကြီး အဆင့်ရှိသူ အောင်ဝင်းခိုင်မှ အကို ဖြစ်သူ အောင်ဝင်းဇော်ကို ငွေ သိန်းတထောင်ပေးပြီး ဦးကိုနီကို သတ်ပေးဖို့ ကမ်းလှမ်းခဲ့ပြီး ယခုအခါ ထွက်ပြေးလွတ်မြောက်နေဆဲ လို့ ဆိုပါတယ်။

ဒီနေရာမှာ လုံးဝ အံ့အားတသင့် ဖြစ်ခဲရတာ ကတော့ အခုလို ဟိုလေးတကြော်ကြော် ဖြစ်ခဲ့ရတဲ့ လုပ်ကြံမှုကြီး ဖြစ်ပွားပြီး သုံးပါတ်ကြာတဲ့ အထိ နိုင်ငံအတွင်း တရားဥပဒေ စိုးမိုးရေး တာဝန်ယူထားတဲ့ တပ်မတော် လက်အောက်ခံ ပြည်ထဲရေး ၀န်ကြီးဌာနက သတင်းစာ ရှင်းလင်းပွဲ မပြု လုပ် ခဲ့တာပဲ ဖြစ်ပါတယ်။ တပ်မတော်သည် လုပ်ကြံမှုကို စုံစမ်း ဖေါ်ထုတ်ရန် ပူးတွဲ တာဝန်ယူထားတဲ့ အတွက်လည်း အခုလို နေနိုင်တာကို အံ့အားသင့်ခဲ့ရခြင်း လည်း ဖြစ်ပါတယ်။

အခုလို သတင်းစာ ရှင်းလင်းပွဲ ပြု လုပ်ရန် နှောင်နှေးခဲ့ရခြင်း နဲ့ အထက်တန်း တပ်မတော် အရာရှိဟောင်းကြီး တဦးအား အဓိက သံသယ စာရင်း ရှိသူ စာရင်းတွင် ပါဝင်နေခြင်းကြောင့် ပြည်သူများ အနေနဲ့ အမှန်ကို သိခွင့်ရပါ့တော့မလားဆိုသော စိတ်ပျက် အားငယ်မှု တွေုဖြစ်ပေါ်လာခဲ့ကြရပါတော့တယ်။

၂၀၁၄ ခုနှစ်တွင် တပ်မတော်မှ အနားယူခဲ့ပြီး ဆိုသော အောင်ဝင်းခိုင်သည် ဦးကိုနီ အား လုပ်ကြံရန် ၂၀၁၆ ခုနှစ် ဂျူ လိုင်လ အတွင်းက အကို ဖြစ်သူ ထံ ချည်းကပ်ခဲ့ပါတယ်။ သို့သော်ငြားလည်း ဒီမတိုက်မှီကတည်းက အကြံအစည် ရှိနေကြတာလည်း ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။

ဒီအချက်က ဘာကို ရည်ညွန်းပြဆိုနေ သလဲ ဆိုက တပ်မတော် အရာရှိဟောင်းတဦးက ဦးကိုနီကို သတ်ဖြတ်ရန် အချိန်အတော်ကြာကပင် စီမံနေတယ် ဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။ စီမံနေတဲ့ ကာလ နဲ့ ကြည်လင်းမှ သူ့အား ကျပ် သိန်းတထောင် ကမ်းလှမ်းခဲ့တယ်ဆိုတဲ့ အစစ်ခံချက်များအရ အောင်ဝင်းခိုင်သည် ပုဂ္ဂို လ်ရေး ရန်ညှိး ရန်စ ကြောင့် ပြု လုပ်ခဲ့တာ မဟုတ်ဖူး ဆိုတာရယ် ၎င်းကို အထောက်အပံ့ ပေးနေတဲ့ နိုင်ငံကို မတည်မငြိမ် ဖြစ်ရန် ဖန်တီးလိုနေကြတဲ့ အုပ်စုတစု နဲ့ အတူ ပူးပေါင်းဆောင်ရွက်ခြင်း ဖြစ်နိုင်တယ် ဆိုတဲ့  ခန့်မှန်းချက်တွေ တိုးပွားများပြားလာခဲ့ရပါတယ်။

နောက်ကွယ်က ပါဝင်နေသူတွေ ဘယ်သူတွေလည်း ဆိုတာ မသိရသေးပဲ ရှိနေဆဲ ဖြစ်ပါတယ်။ သို့သော်ငြားလည်း တပ်မတော် အရာရှိဟောင်းတယောက်သည် အဓိက သံသယရှိသူ ဖြစ်လာတာကြောင့် အချို့ မှ တပ်မတော်နဲ့ ဆက်စပ်နေမယ်။ ဒါမှ မဟုတ်လည်း အရင် တပ်မတော် အရာရှိဟောင်းတွေ ပါဝင်ပါတ်သက်နေရမယ်လို့ သံသယ တွေ ရှိလာခဲ့ရပါတယ်။

၂၀၀၃ ခုနှစ် မေလ မြန်မာပြည်သည် စစ်အစိုးရ လက်အောက် ရှိနေစဉ်ကာလက ဒေါ်အောင်ဆန်းစုကြည်အား တိုက်ခိုက်ရန် ကြံစည်ခဲ့ကြတဲ့ ဒီပဲယင်း လူသတ်ပွဲကြီး ဖြစ်ပွားခဲ့ပါတယ်။ အဆိုပါ တိုက်ခိုက်မှုကြီးသည် စစ်ကိုင်းတိုင်းအတွင်း ဖြစ်ပွားခဲ့ပြီး အမှောင်ကို အကာအကွယ်ပြု၍ စနစ်တကျ: စီစဉ်တိုက်ခိုက်ခဲ့တာ ဖြစ်တဲ့ အတွက် NLD ထောက်ခံသူ ၇၀ ခန့် အသက် ဆုံးရှုံးခဲ့ရတယ်လို့ သတင်းတွေ ထွက်ပေါ်လာတဲ့ အထိ ဖြစ်ခဲ့ရပါတယ်။ သို့သော်လည်း အဆိုပါ လူသတ်ပွဲကြီးနှင့် ပါတ်သက်ပြီး တဦးတလေမျ အရေးယူ နိုင်ခဲ့ခြင်း မရှိခဲ့သေးပေ။

ထိုအချိန်က အတွင်းရေးမှုး (၁) ဖြစ်သူ စစ်ထောက်လှမ်းရေး အကြီးအကဲ ဒုတိယ ဗိုလ် ချူပ်ကြီး ခင်ညွန့် က သူရဲ့ ကိုယ်တိုင်းရေး အထ္ထုပတ္တိ မှာ အခု လို ရေးသသသားခဲ့ပါတယ်။

"ဒီပဲယင်း အရေး အခင်းအကြောင်း က္ဈန်တော် မသိရဘူး ပြောရင် လိမ်ရာ ကျပါလိမ့်မယ်။ ဒီကိစ္စက နိုင်ငံရေး ပြသာနာ တခု ဖြစ်တဲ့အပြင် က္ဈန်တော်ကိုယ်၌ က အတွင်းရေးမှုး (၁) အဖြစ် တာဝန်ယူထားရတဲ့ အတွက်ကြောင့် သိခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က ရှေ့ကနေ မော်တော်ဆိုင်ကယ်များ ဦးဆောင်ပြီး ကားတန်းရှည်ကြီးနဲ့ နိုင်ငံအနှံ့ ခရီးလှည့်လည့်ကာ စည်းရုံးရေး မိန့် ခွန်းတွေ ပြောကြားနေတာကြောင့် စစ်အစိုးရ အနေနဲ့ အမှန်တကယ် စိုးရိမ်ကြောင့်ကြမှု ဖြစ်ခဲ့ကြပါတယ်။

ကားတန်းကြီးက မုံရွာကို ရောက်ရှိလာချိန်မှာတော့ ဥက္ကဌ (ဗိုလ်ချူပ်မူးကြီး သန်းရွှေ) က သူအခန်းထဲသို့ စစ်ဖက် အရာရှိ ၅ ဦး ၆ ဦး ခန့်ကို ခေါ်လို့ ရောက်သွားချိန်မတော့ ကားတန်းကို ဖြစ်သည့်နည်းဖြင့် ဟန့်တားပြစ်ရမယ်လို့ ပြောခဲ့ပါတယ်။ အကြမ်းဖက်တဲ့ နည်းကို မသုံးသင့်ကြောင်း က္ဈန်တော်က အကြံပြုတာကို သဘောမတူ ခဲ့ပါဘူး။

က္ဈန်တော် အဲ့သည်လို ပြောခဲ့တာ  က္ဈန်တော်အတွက် တခု ကောင်းသွားရတာကတော့ ဒီကိစ္စ အတွက် က္ဈန်တော့်ကို တာဝန် မပေးတော့ပါဘူး။ အဲ့သည့်တာဝန်ကို အတွင်းရေးမှုး (၂) ဒုတိယ ဗိုလ်ချူပ်ကြီး စိုးဝင်းကို စစ်ဆင်ရေး ကို ခေါင်းဆောင်ဖို့ တာဝန် သတ်မှတ်လိုက်ပါတယ်။ ဒုတိယ ဗိုလ်ချူပ်ကြီး ရဲမြင့်ကို ဒုတိယ ခေါင်းဆောင် အဖြစ် တာဝန်ပေးပြီး မုံရွာကို ရဟတ်ယာဉ်တွေနဲ့ ပို့ ဆောင်ပေးခဲ့ပါတယ်'

ဒီစကားတွေကို အဓိပ္ပါယ် ဖေါ်ရရင် NLD ကားတန်းကို တိုက်ခိုက်ခဲ့တာ ဗိုလ်ချူပ်မှုးကြီးရဲ့ အမိန့် နဲ့ ပြု လုပ်ခဲ့တာလို့ ပြောလို့ ရပါတယ်။

ဦးကိုနီ အမှုကို ပြန်ဆက်ရမယ်ဆိုရင် ဂျန်န၀ါရီ ၂၉ ရက်နေ့ လုပ်ကြံပြီးနောက် ဖမ်းဆီးခဲ့တာ ဖြစ်ပြီး အောင်ဝင်းဇော်ကိုတော့ နောက်တနေ့ မနက်စောစော ဖားအံ့မှာ ဖမ်းဆီးရမိခဲ့ပါတယ်။ ဂျန်န၀ါရီ ၃၀ ရက်နေ့မှ ရဲအဖွဲ့က ဒေါပုံမှာ ရှိတဲ့ အောင်ဝင်းခိုင် အိမ်ကို ၀င်ရောက် ရှာဖွေ ခဲ့ပါတယ်။

တိုက်တိုက်ဆိုင်ဆိုင်ပဲ ထိုနေ့မှာပင် တပ်မတော် သတင်း အမှန် များ ထုတ်ပြန်ရေး အဖွဲ့က အမှုကို စုံစမ်းစစ်ဆေးနေတဲ့ အဖွဲ့ နဲ့ ပူးပေါင်း ဆောင်ရွက် သွားမယ်လို့ ကြေငြာခဲ့ပါတယ်။

ဒီနေရာမှာ သိသာ ထင်ရှားလာရတဲ့ အကြောင်းကတော့ ဂျန်န၀ါရီ ၃၀ ရက်နေ့ မှာပဲ တပ်မတော် နဲ့ လုံခြုံရေး အဖွဲ့များက အဓိက သံသယ ရှိနေသူသည် တပ်မတော် အရာရှိဟောင်း ဆိုတာ သိရှိ သွားခဲ့ပြီ ဆိုတာပဲ ဖြစ်ပါတယ်။ သို့သော် ဒီနေရာမှာ စိတ်ဝင်စားဖို့ ကောင်းပြန်တာက အောင်ဝင်းခိုင်ကို ဖမ်းဆီးနိုင်ရေး အတွက် သူရဲ့  ဓါတ်ပုံကို ထိုနေ့ မှာပဲ ထုတ်ပြန်ရမယ့်အစား နောက်ပိုင်း ၁၆ ရက် အကြာမှ ထုတ်ပြန်ပေးခဲ့ပါတယ်။

ဒီဖြစ်ရပ်ကြီး:ရဲ့ အကျိုးဆက်ကတော့ ပြည်သူများ အနေနဲ့ ဦးကိုနီ သေဆုံးခဲ့ရမှုမှာ ပါဝင် ပါတ်သက်နေသူတွေ အားလုံး တရားဥပဒေ နဲ့ ရင်ဆိုင်ရပါတော့မလား ဆိုတဲ့ သံသယ တွေ ပိုကြီးထွား လာခဲ့ရတာပဲ ဖြစ်ပါတော့တယ်။

Ref:  Frontier Myanmar

Photo  Credit :  Original uploader

ပြန်လည် တင်ပြသူ — HSW

No comments:

Post a Comment