Latest News

Saturday, March 18, 2017

အကယ်ဒမီပေးပွဲ မတက်ဖြစ်တော့တဲ့ ခိုင်သင်းကြည်

အကယ်ဒမီပေးပွဲ မတက်ဖြစ်တော့တဲ့ ခိုင်သင်းကြည်

သရုပ်ဆောင်ခိုင်သင်းကြည်ကတော့ ဒီနေ့ (မတ်လ၁၈)ရက်နေ့ ကျင်းပမယ့် အကယ်ဒမီပေးပွဲကို မတက်ရောက်ဖြစ်တော့ပါဘူး။ ဖခင်ရဲ့ကျန်းမာရေးကြောင့် ဘန်ကောက်ကို ရောက်နေတာလို့ သူမရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားပါတယ်။ လက်ရှိမှာတော့ ဖခင်ရဲ့ ကျန်မားရေးအခြေအနေပြန်ကောင်းသွားပြီ ဖြစ်ပြီး ဆေးရုံက ဆင်းလို့ရပေမယ့် ဆရာဝန်နဲ့ Check upပြန်ပြရဦးမှာ ဖြစ်တာကြောင့် ဒီနေ့ အကယ်ဒမီပေးပွဲကတော့ မတက်ဖြစ်တော့ဘူးလို့ ဆိုပါတယ်။
ဖခင်ရဲ့ ကျန်းမာရေးအတွက် စိတ်ပူပြီး မေးပေးကြတဲ့ အမျိုးတွေ၊ မိတ်ဆွေသူငယ်ချင်းတွေ အားလုံးကို ကျေးဇူးတင်ကြောင်းလည်း ပြောထားပါတယ်။

အကယ်ဒမီပေးပွဲ မတက်ဖြစ်တဲ့အတွက် မဝတ်လိုက်ရတဲ့ ဝတ်စုံနဲ့ လက်ဝတ်ရတနာတွေအတွက် ဝိန့်စိန်ရွှေဆိုင်နဲ့ မပုံ့ တို့ကို လည်း ကျေးဇူးတင်တယ်လို့ ဆိုပါတယ်။သူမက အကယ်ဒမီပေးပွဲ မတက်လိုက်ရပေမယ့် လူမင်းနဲ့ ထွန်းထွန်း၊ အေးမြတ်သူ၊ သက်မွန်မြင့်နဲ့ ဝတ်မှုန်ရွှေရည်တို့ ကံကောင်းပါစေလို့လည်း ဆုတောင်း ပေးထားပါတယ်။

ခိုင်သင်းကြည်ဟာ အနုပညာလောကထဲတွင် ပရိသတ်အားပေးမှု အခိုင်အမာရရှိထားသူ တစ်ဦးဖြစ်ပါသည်။ ကျရာဇာတ်ရုပ်များကို ပီပြင်စွာ သရုပ်ဆောင်နိုင်သူ တစ်ဦးဖြစ်တဲ့ သူမဟာ ၂၀၁၃ခုနှစ်အတွက် အကောင်းဆုံးအမျိုးသမီးဇာတ်ပို့ဆုကို  "စုန်းပြူး" ရုပ်ရှင်ဇာတ်ကားနဲ့ ရရှိခဲ့ပြီး ၂၀၁၄ခုနှစ်အတွက်ကိုတော့ "ကောင်းကျိုးကိုယ်၌တည်စေမင်း" ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆုကို ရရှိထားသူ တစ်ဦးဖြစ်ပါတယ်။Duwun
Photo : ခိုင်သင်းကြည်ဖေ့စ်ဘွတ်

No comments:

Post a Comment