Latest News

Saturday, March 11, 2017

မလေးရှား ဇိမ်ခန်းက မြန်မာ အမျိုးသမီး ၁၉ ဦး ကို ကယ်တင်


မလေးရှားနိုင်ငံ၊ ဂျလန်ကမ်ပါမှာ လိင်အလုပ်သမအဖြစ် ခိုင်းစေခံနေရတဲ့ မြန်မာ အမျိုးသမီး ၁၉ ဦး ကို ကယ်တင်ပြီး လူ ၅ ဦးကိုဖမ်းဆီးလိုက်ပါတယ်။

ဘူကစ် အာမန် လူကုန်ကူးမှု တိုက်ဖျက်ရေးနဲ့ ရွှေ့ပြောင်းလုပ်သားများကို အမြတ်ထုတ်မှု တိုက်ဖျက်ရေး ယူနစ်ဖြစ်တဲ့ အက်ပတီဆမ် (Aptisom) အဖွဲ့က မနေ့က မတ်လ ၁၀ ရက်နေ့မှာ အခုလို စီးနင်း ဖမ်းဆီးလိုက်တာ ဖြစ်ပါတယ်။

ရာဇဝတ်မှု စုံစမ်းရေး ဌာန အကြီးအကဲ ဒါတွတ် ဂန် တီယန် ကီးက ကယ်တင်လိုက်တဲ့ အမျိုးသမီး ၁၉ ဦးဟာ ရှမ်းနဲ့ ဗမာ တွေဖြစ်ပြီး ကျန်တစ်ဦးက ဗီယက်နမ်က ဖြစ်တယ်လို့ ဆိုပါတယ်။

ဖမ်းဆီးလိုက်တဲ့ ၅ ဦးကတော့ အပေါက်စောင့် တစ်ဦး၊ ကောင်တာဝန်ထမ်းတစ်ဦး၊ ဇိမ်ခေါင်းနဲ့ ဖောက်သည် နှစ်ဦးတို့ ဖြစ်တယ်လို့ ဂန် တီယန် ကီးက ပြောပါတယ်။

မလေးရှား ရင်းဂစ် ၆၆၇၀၊ ကွန်ဒုံး ၁၇၅ ခု၊ ဝေါ်ကီတော်ကီ စကားပြောစက်၊ မိုဘိုင်းဖုန်း လေးလုံးတို့ကိုလည်း သိမ်းဆည်းရမိပါတယ်။
MCN

No comments:

Post a Comment