Latest News

Sunday, March 12, 2017

မတ်လ၁၂ရက်နေ့ကနေ တပတ်အတွင်း ပြည်နယ်နဲ့တိုင်းအချို့ မှာ နေ့အပူအချိန် ၄၀ဒီဂရီစင်တီဂရိတ် ကျော်မည်။

မတ်လ၁၂ရက်နေ့ကနေ တပတ်အတွင်း ပြည်နယ်နဲ့တိုင်းအချို့ မှာ နေ့အပူအချိန် ၄၀ဒီဂရီစင်တီဂရိတ် ကျော်မည်။

မတ် ၁၂ ရန်ကုန်


မတ်လ ၁၂ ရက်နေ့ကနေ တပတ်အတွင်း ပြည်နယ်နဲ့ တိုင်းအချို့မှာ နေ့အပူချိန် ၄၀ ဒီဂရီစင်တီဂရိတ်ထက် ကျော်လွန်လာဖွယ် ရှိတယ်လို့ သိရပါတယ်။

နေ့အပူချိန် ၄၀ ဒီဂရီအထက်ကျော်လွန်နိုင်တဲ့ ဒေသတွေကတော့ ရခိုင်ပြည်နယ်မြောက်ပိုင်း၊ မကွေးတိုင်းတောင်ပိုင်း၊ ပဲခူးတိုင်း၊ မန္တလေးတိုင်းတောင်ဖျားပိုင်း၊ ဧရာဝတီမြောက်ပိုင်းနဲ့ ရန်ကုန်တိုင်းမြောက်ပိုင်းတို့ ဖြစ်တယ်လို့သိရပါတယ်။

နေ့အပူချိန်မြင့်တက်မှုကြောင့် အပူဒဏ်၊ရေရှားခြင်းနဲ့ မီးလောင်ခြင်းတွေကို သတိပြုရမှာ ဖြစ်တယ်လို့ မိုးလေဝသနဲ့ဇလဗေဒပညာရှင် ဒေါက်တာထွန်းလွင်က ပြောပါတယ်။

“စိုက်ပျိုးရေးမှာတော့ နည်းနည်းပါးပါးရေပြတ်တာတွေ ကြုံရမယ်။လောလောဆယ်မိုးကြီးတွေရွာနေတော့ စိုက်ပျိုးရေးကကောင်းနိုင်ပါသေးတယ်။ဒါပေမယ့်နောက်ပိုင်းမှာ မိုးပြတ်သွားရင်တော့ စိုက်ပျိုးရေးကို နည်းနည်း သတိထားဖို့လိုပါတယ်”လို့ သူကဆက်လက်ပြောပါတယ်။
နေ့အပူချိန် ၃၅ ဒီဂရီစင်တီဂရိတ်မှ ၄၀ စင်တီဂရိတ်အထိ ရောက်ရှိနိုင်တဲ့ ဒေသတွေကတော့ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ တနင်္သာရီတိုင်းတို့ဖြစ်တယ်လို့သိရပါတယ်။

ဝင်းနန္ဒာ

Kumudra

No comments:

Post a Comment