Latest News

Monday, March 13, 2017

သင်္ကြန်၁၀ရက်ပိတ်ပေးရန် အစိုးရညှိနှိုင်းပေးမှုကို အလုပ်ရှင်အများစုလက်ခံ

သင်္ကြန်၁၀ရက်ပိတ်ပေးရန် အစိုးရညှိနှိုင်းပေးမှုကို အလုပ်ရှင်အများစုလက်ခံ



အလုပ်သမားများ သင်္ကြန်နှစ်သစ်ကူးရုံးပိတ်ရက် ၁၀ ရက်ထားရှိရန် အစိုးရ၏ ကြားဝင်ညှိနှိုင်းမှုကို အလုပ်ရှင် အများစုက လက်ခံကြသည်။

သင်္ကြန်နှစ်သစ်ကူးရုံးပိတ် ရက်ကို ပြည်ထောင်စုအစိုးရက လျှော့ချသတ်မှတ်ခြင်းကြောင့် အလုပ်သမားများအခက် အခဲမ ဖြစ်စေရန်နှင့် ယင်းကိစ္စရပ်ကို အ ကြောင်းပြု၍ မလိုလားအပ်သော ပြဿနာများ ဖန်တီးမှုမရှိစေရန် အလုပ်သမား၊ လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန အမြဲတမ်းအတွင်းဝန်က မတ်လ ၁၃ ရက်တွင် လုပ်ငန်းရှင် များနှင့်ညှိနှိုင်းဆွေးနွေးခဲ့ရာ ၁၀ ရက် တစ်ဆက်တည်းနားရက်ပေး ရန် လက်ခံခဲ့ကြသည်။

ပြည်ထောင်စုအစိုးရအဖွဲ့ သင်္ကြန်နှစ်သစ်ကူးပိတ်ရက်ကို လျှော့ချလိုက်သော်လည်း အလုပ် သမားများအနေဖြင့် ခရီးသွားရန် ကြိုတင်စီစဉ်ထားမှုများရှိ၍ အ လုပ်ရှင်များဘက်က လျှော့ချ လိုက်သော နားရက် ငါးရက်ကို ဖြည့်စွက်ပေးစေလိုကြောင်း အ လုပ်သမား၊ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးမျိုး အောင်က ယင်းတွေ့ဆုံပွဲတွင် တက်ရောက်လာသည့် လုပ်ငန်း ရှင်များနှင့် လုပ်ငန်းဌာနများ၏ ကိုယ်စားလှယ်များကို တိုက်တွန်း ပြောကြားခဲ့သည်။

အလုပ်ရှင်များက အလုပ်သ မားများကို ပေးရမည့် သင်္ကြန်ပိတ် ရက် ငါးရက်ကို သက်ဆိုင်ရာခွင့် ရယူခွင့်ရှိထားသူများကို ခွင့်ရက် အဖြစ်ပေးခြင်း၊ အခြားရက်များ တွင် အစားထိုးဆင်းစေခြင်းတို့ ဖြင့်လည်းကောင်း ပြန်လည် ကုစားနိုင်ကြောင်း ဦးမျိုးအောင် က အကြံပြုပြောကြားခဲ့သည်။

ယင်းအခမ်းအနားသို့ တက် ရောက်လာကြသည့် လုပ်ငန်းရှင် အများစုက အလုပ်သမားများ အ ခက်အခဲမဖြစ်စေရေးနှင့် လုပ်ငန်း ခွင်အဆင်ပြေစေရေးအတွက် ယ ခုနှစ်တွင် သင်္ကြန်နားရက်ကို ၁၀ ရက်ဆက်လက်ထားရှိမည်ဟု လက်ခံဆွေးနွေးကြသည်။

‘‘ဒီနှစ်ကတော့ နားရက် ၁၀ ရက်ဆက်ပေးကြဖို့တော့ရှိပါ တယ်။ အဲဒီလိုပေးလိုက်တဲ့အခါ မှာ လုပ်ငန်းရှင်တွေလည်း လုပ် ငန်းနစ်နာမှုမရှိရအောင် ဘယ်လို ပြန်အစားထိုးမလဲဆိုတာတော့ စဉ်းစားကြရမှာပေါ့’’ဟု လှိုင်သာ ယာစက်မှုဇုန်မှ အထည်ချုပ်လုပ် ငန်းရှင် ဒေါက်တာခင်မောင်ဦးက ပြောသည်။

အလုပ်ရှင်ကပေးရသော နားရက်ငါးရက်အား အပတ်စဉ် စနေနေ့၌ ပုံမှန်နေ့တစ်ဝက် (၄ နာရီ) အလုပ်ဆင်းရရာမှ သင်္ကြန် အပြီးတွင် ၈ နာရီအပြည့်ဆင်းစေ ပြီးပေးခဲ့သည့်  နားရက်ပြည့် အောင် ပြန်နုတ်ယူခြင်းဖြင့်လည်း ပြန်ချေနိုင်သည်ဟု ၎င်းက အကြံ ပြုသည်။အချို့အလုပ်ရှင်များက ပုံမှန်တနင်္ဂနွေပိတ်ရက်ကို အစား ထိုးရက်များအဖြစ် ငါးပတ်ဆင်း စေခြင်းဖြင့်  သင်္ကြန်တွင်း ပေးလိုက်ရသော ပိတ်ရက်ကို ပြန် ချေမည်ဟုဆိုသည်။

သို့သော် နောက်နှစ်များတွင် အစိုးရသတ်မှတ်ထားသည့် ပိတ် ရက်အတိုင်းသာထွက်ရှိမည်ဖြစ် ပြီး နောင်တွင် လုပ်ငန်းခွင်ကဏ္ဍ များနှင့်ပတ်သက်သောကိစ္စရပ် များကို ဆုံးဖြတ်ရန်ရှိပါက အ လုပ်သမားဝန်ကြီးဌာနအနေဖြင့် အလုပ်ရှင်၊ အလုပ်သမားများ ဘက်မှ ရပ်တည်ဆွေးနွေးပေးရန် ၎င်းတို့က ပြန်လည်တောင်းဆိုခဲ့ သည်။

‘‘ကျွန်တော်တို့နိုင်ငံက အ လုပ်ပိုလုပ်ဖို့လိုနေတာလည်းမှန် ပါတယ်။ ဒီနှစ်ကတော့ အချိန် ကပ်မှ သတ်မှတ်လိုက်တဲ့ ကိစ္စ ဖြစ်နေတဲ့အတွက် အလုပ်သမား တွေအဆင်ပြေအောင် အလုပ်ရှင် တွေကတော့ ၁၀ ရက်တစ်ဆက် တည်း ဆက်ပေးကြဖို့များပါ တယ်။ နောက်နှစ်တွေမှာတော့ အစိုးရသတ်မှတ်ချက် ပိတ်ရက် အတိုင်းထားပါမယ်’’ဟု စီးပွား ရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သည့် ဦးထွန်းထွန်းက ပြောသည်။

လုပ်ငန်းရှင်အများစုက ယခု နှစ်တွင် သင်္ကြန်ပိတ်ရက် ၁၀ ရက်ထားရှိရန် လက်ခံခဲ့သော် လည်း အစိုးရက အချိန်ကပ်မှ ပိတ်ရက်လျှော့ချသည့် အစီအမံ အပေါ် ဝေဖန်ကြသည်။

‘‘အောက်ခြေအခြေအနေကို ထည့်မတွက်ဘဲ လုပ်လိုက်တဲ့ကိစ္စ က အလုပ်ရှင်နဲ့ အလုပ်သမား ပြဿနာဖြစ်အောင် ဖန်တီးပေး လိုက်သလိုဖြစ်နေတယ်’’ဟု ရွှေ လင်ဗန်းစက်မှုဇုန်စီမံခန့်ခွဲရေး ကော်မတီ ဥက္ကဋ္ဌ ဦးအေးသောင်း က ပြောသည်။

အလုပ်သမား၊ လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့အင်အားဝန် ကြီးဌာန အမြဲတမ်းအတွင်းဝန် သည် သင်္ကြန်ပိတ်ရက် သတ်မှတ် ချက်နှင့်ပတ်သက်၍ မန္တလေး တိုင်းဒေသကြီးအတွင်းရှိ အလုပ် ရှင်၊ အလုပ်သမားများနှင့် မတ်လ ၁၁ ရက်က သွားရောက် တွေ့ဆုံညှိနှိုင်းမှုပြုလုပ်ထားခဲ့ပြီး မတ်လ ၁၂ ရက်တွင် ရန်ကုန်တိုင်းဒေသ ကြီးအတွင်းရှိ အလုပ်သမားသမဂ္ဂ အဖွဲ့များ၊ အလုပ်သမားကိုယ်စား လှယ်များနှင့် တွေ့ဆုံညှိနှိုင်းခဲ့ သည်။

‘‘အခုအခြေအနေအရတော့ ရန်ကုန်နဲ့မန္တလေးက အလုပ်ရှင် တွေ အများစုက ဒီနှစ်မှာ ၁၀ ရက် ဆက်ပိတ်ပေးဖို့ သဘောတူကြ တယ်။ အဓိကကတော့ အဲဒီတိုင်း နှစ်တိုင်းပါပဲ။ အခု အလုပ်ရှင်၊ အလုပ်သမားတွေ တင်ပြချက် တွေကို ၀န်ကြီးဌာနကိုယ်စား လာ ရောက်နားထောင်တာပါ။ ဒါကို ပြည်ထောင်စုဝန်ကြီးဆီ ထပ်ပြီး တင်ပြသွားပါမယ်။ ပြီးရင် ၀န်ကြီး ဌာနကနေ ပုဂ္ဂလိကလုပ်ငန်း ကဏ္ဍတွေအတွက် သင်္ကြန်ပိတ် ရက်နဲ့ပတ်သက်လို့ အမိန့်ကြေ ညာစာတစ်စောင်ထုတ်ပါမယ်’’ ဟု အလုပ်သမား၊ လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့အင်အားဝန် ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်က ပြောသည်။

အလုပ်သမား၊ လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့အင်အားဝန် ကြီးဌာနက သင်္ကြန်ပိတ်ရက် သတ်မှတ်ချက်နှင့်ပတ်သက်၍ မတ်လ ၁၂ ရက်က အလုပ်သမား များနှင့်တွေ့ဆုံဆွေးနွေးခဲ့စဉ်က အလုပ်သမားများမှ ပိတ်ရက်အ စားထိုးခြင်းကို ခွင့်ရက်များထဲမှ နုတ်ယူမည်ဆိုပါက လက်မခံ ကြောင်း ပြောကြားခဲ့ကြသည်။

‘‘အခြားရက်တွေမှာ အစား ထိုးဆင်းနိုင်မယ်ဆိုရင် အလုပ် သမားတွေ လက်ခံတယ်။ အလုပ် ရှင်တွေလည်း ဒီသဘောပဲရှိမှာ ပါ။ ခွင့်ရက်ထဲက ယူရမယ်ဆိုရင် တော့ အဆင်မပြေနိုင်ဘူး’’ဟု မြန်မာနိုင်ငံ စက်မှုလက်မှုနှင့် ၀န် ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ် သမားသမဂ္ဂများအဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌ ဦးနော်အောင်က ပြော သည်။

7Day News Journal

No comments:

Post a Comment