Latest News

Saturday, March 11, 2017

ကန်ပိုင်တီဘက်မှ တရားမဝင် တင်သွင်းလာသည့်​ တရုတ်​ကြက်​ဥများဖမ်းမိ

ကန်ပိုင်တီဘက်မှ တရားမဝင် တင်သွင်းလာသည့်​ တရုတ်​ကြက်​ဥများဖမ်းမိ

ဗန်း​မော်​၊ မတ်​ ၁၁

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့တွင် မတ်​လ ၁၀ ရက်​​နေ့ ည ၉ နာရီခန့်​က သတင်း​ပေးချက်​အရ တရုတ်ကြက်ဥဖာ ၁၅၉ ဖာကို ဖမ်းဆီးရရှိခဲ့ကြောင်း ဗန်း​မော်​မြို့မ ရဲစခန်းမှ သိရသည်​။

ယင်းသို့ ဖမ်းဆီးရရှိခဲ့သော တရုတ်ကြက်ဥဖာ ၁၅၉ ဖာနှင့် တင်​​ဆောင်​လာသည့်​ကားအား အကောက်ခွန်ဦးစီးဌာမှူးရုံးသို့ ယနေ့ (မတ်​လ ၁၁ ရက်) လွှဲပြောင်းပေးအပ်ခဲ့ကြောင်း အဆိုပါရဲစခန်းမှ သိရသည်။

အဆိုပါ တရုတ်စာတန်းပါ ကြက်ဥဖာများကို ဝိုင်းမော်မြို့နယ်၊ မဒိန်ကျေးရွာမှ ဗန်းမော်မြို့တွင် ကြက်​ဥအလုံး ၃၆၀ ပါ တစ်ဖာလျှင် ၂၆၀၀ ကျပ် ဈေးနှုန်းဖြင့် ရောင်းချရန် ယူလာခဲ့ရာမှာ ဖမ်းဆီးရခဲ့ခြင်းဖြစ်​ကြောင်း သိရသည်​။

တရားမဝင် တရုတ်ကြက်ဥဖာ ၁၅၉ ဖာကို သယ်​​ဆောင်​လာသူ ပိုင်ရှင် သက်နိုင်ထွန်း၊ ယာဉ်မောင်း သက်စိုးဦးနှင့်​ ဒေါင်ဖန်း (၆) ဘီးအဖြူရောင်ယာဉ်အား မြို့မရဲစခန်းမှ အကောက်ခွန် ဦးစီးဌာနရုံးသို့ ယနေ့ (မတ်​လ ၁၁ ရက်နေ့) လွှဲပြောင်း​ပေးခဲ့သည်ဟု ဗန်း​မော်​မြို့မရဲစခန်းမှ ရဲမှူးသိန်းဝေမြင့်က ပြောကြားသည်။

ဗန်းမော်မြို့တွင် မွေးမြူရေးကြက်ဥ တစ်ထောင်ဖိုးလျှင် ၈ လုံး ဈေးပေါက်နေပြီး ယခု တရားမဝင် တင်သွင်းလာသော တရုတ်ကြက်ဥ ၃၆၀ ပါ တစ်ဖာကို ၂၆၀၀ ကျပ်​ဖြင့်​ ရောင်းချပါက ထက်ဝက် အမြတ်ရရှိမည်ဖြစ်​​ကြောင်း ကြက်မွေးမြူရေးသမားများထံမှ သိရသည်။

The Voice

No comments:

Post a Comment