လယ်သမားများ အမှန်တကယ် အခက်ကြုံတွေ့ပါက နိုင်ငံတော် အရန်
ဆန် ၀ယ်ယူပေးမည်ဟု ဆန်စပါးအသင်းချုပ်ဒုဥက္ကဋ္ဌပြော
ရခိုင်ပြည်နယ်တွင် စပါးဈေးကျဆင်းမှုကြောင့် လယ်သမားများအမှန်တကယ် အခက်အခဲကြုံတွေ့နေပါက စီးပွားကူးသန်းဝန်ကြီးဌာနနှင့် ပူးပေါင်း၍ နိုင်ငံတော်အရန်ဆန်အဖြစ် အခြေခံဈေးနှုန်းသတ်မှတ်ဝယ်ယူမည်ဟု မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းက ပြောသည်။
လယ်သမားများအနေဖြင့် စပါးဈေးကျဆင်းမှုကြောင့် အမှန်တကယ် အခက်အခဲ ကြုံနေရသည်ဆိုပါက ရန်ကုန်ရှိ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်သို့ တင်ပြပြီး အကူအညီတောင်းနိုင်ကြောင်း ၎င်းက ဆက်လက်ပြော သည်။ ‘‘လောလောဆယ်အထိတော့ အကူအညီ တောင်းတာမျိုးမရှိသေးဘူး’’ဟု ဒေါက်တာစိုးထွန်းက ပြောသည်။ မြောက်ဦးမြို့နယ်မှ လယ်သမား တစ်ထောင်ခန့်သည် စပါးဈေးကျဆင်းနေမှုကြောင့် အစိုးရက အကူအညီပေးရန် ဖေဖော်ဝါရီ ၂၅ ရက် မြို့တစ်ပတ်လှည့်လည်၍ ဆန္ဒဖော်ထုတ်ခဲ့သည်။
မိုးစပါးစိုက်ပျိုးချိန်တွင် ၂ နှစ်ဆက်တိုက် ရေကြီးနစ်မြုပ်မှုများကြုံတွေ့ရပြီး စပါးရိတ်သိမ်းချိန်တွင် အလုပ်သမားစရိတ်ကြီးမြင့်မှု အပါအ၀င် အခက်အခဲများစွာ ကြုံတွေ့ရသော်လည်း ရိတ်သိမ်းပြီး စပါးများရောင်းချချိန်၌ တင်းတစ်ရာလျှင် ကျပ် ၃၀၀,၀၀၀ ခန့်ဈေးရရှိပြီး လက်ရှိတွင် ၀ယ်သူမရှိသည့် အခြေအနေဖြင့် ကြုံတွေ့နေရခြင်းဖြစ်သည်။
ထိုကဲ့သို့ လယ်သမားများ ခက်ခဲသောအခြေအနေမျိုး ကြုံ တွေ့နေရမှုကို အစိုးရအနေဖြင့် ကူညီပေးနိုင်ရန် ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်သည်ဟု ရခိုင်ပြည်နယ်မှ လယ်သမားတစ်ဦးကဆိုသည်။
ရခိုင်ပြည်နယ် အစိုးရအဖွဲ့တာဝန်ရှိသူများသည် ရခိုင်ပြည် နယ်မှထွက်သည့် ဆန်များကို လစဉ်တန်ချိန် သုံးသောင်းခန့် ပုံမှန်ရောင်းချနိုင်ရန် ၂၀၁၇ ဇန်န၀ါရီက ကုမ္ပဏီအချို့နှင့် ညှိနှိုင်းဆွေးနွေးခဲ့သည်။
7Day News Journal
Wednesday, March 1, 2017
လယ်သမားများ အမှန်တကယ် အခက်ကြုံတွေ့ပါက နိုင်ငံတော် အရန် ဆန် ၀ယ်ယူပေးမည်ဟု ဆန်စပါးအသင်းချုပ်ဒုဥက္ကဋ္ဌပြော
လယ်သမားများ အမှန်တကယ် အခက်ကြုံတွေ့ပါက နိုင်ငံတော် အရန် ဆန် ၀ယ်ယူပေးမည်ဟု ဆန်စပါးအသင်းချုပ်ဒုဥက္ကဋ္ဌပြော
Reviewed by Ar Ti
on
6:03 AM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment