Latest News

Thursday, March 9, 2017

ဧရာဝတီတိုင်းတွင်း ယမန်နှစ်က ကလေးသူငယ် ၁၀၀ ကျော်နှင့် မသန်စွမ်း ၅ ဦး လိင်အကြမ်းဖက်ခံရ

ဧရာဝတီတိုင်းတွင်း ယမန်နှစ်က ကလေးသူငယ် ၁၀၀ ကျော်နှင့် မသန်စွမ်း ၅ ဦး လိင်အကြမ်းဖက်ခံရ

မနှစ်က ဧရာဝတီတိုင်းဒေသကြီးအတွင်း ကလေးသူငယ် ၁၀၀ ကျော်နဲ့ မသန်စွမ်း ၅ ဦး လိင်အကြမ်းဖက်ခံခဲ့ရတယ်လို့ နယ်လုံဝန်ကြီးက ပြောပါတယ်။

ဧရာဝတီတိုင်းဒေသကြီးအတွင်းမှာ ၂၀၁၆ ခုနှစ်အတွင်း လိင်အကြမ်းဖက်မှုပေါင်း ၂၀၀ နီးပါး ဖြစ်ပွားခဲ့ပြီး လိင်အကြမ်းဖက် ခံရသူတွေထဲမှာ ကလေးသူငယ် ၁၀၀ ကျော်နဲ့ မသန်စွမ်း ၅ ဦး ရှိခဲ့တယ်လို့ ဧရာဝတီတိုင်းဒသကြီးလွှတ်တော် ပဉ္စမ ပုံမှန်အစည်းအဝေးမှာ တိုင်းဒေသကြီး လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးက ဗိုလ်မှူးကြီးကျော်စွာလှိုင်က ပြောကြားခဲ့တာပါ။

“လိင်အကြမ်းအကြမ်းဖက်မှုတွေကို စစ်ဆေးစီရင်နေတာမှာ ပြစ်ဒဏ်ချမှတ် ထားသူ ၄၀ ကျော်ရှိပြီး ကျန်အမှုတွေကတော့ တရားရုံးတွေမှာစစ်ဆေးဆဲဖြစ်တယ်လို့ဆိုပါတယ်။ အမြင့်ဆုံးပြစ်ဒဏ်ဖြစ်တဲ့ ထောင်ဒဏ် အနှစ် ၂၀ ချမှန်ခံရသူ ၃ ဦး ရှိပြီး ထောင်ဒဏ် ၇ နှစ်ကနေ ၁၀ နှစ်အထိက ၂၉ ဦး၊ ထောင်ဒဏ် ၃ နှစ်ကနေ ၅ နှစ်အထိက ၅ ဦးနဲ့ ထောင်ဒဏ် ၃ နှစ်အောက်က ၃ ဦး ရှိခဲ့တယ်”လို့ လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးရဲ့ ဖြေကြားချက်အရ သိရပါတယ်။

ဧရာဝတီတိုင်းဒေသကြီးအတွင်း အမျိုးသမီးနဲ့ ကလေးငယ်တွေ အများအပြား လိင်အကြမ်းဖက်မှုတွေ ခံနေရတာဟာ စိုးရိမ်ထိတ်လန့်စရာအဖြေအနေကို ရောက်ရှိနေပြီး နောင်မဖြစ်ပေါ်ဖို့အတွက် အစိုးရ အဖွဲ့အနေနဲ့ ကူညီစောင့်ရှောက်ပေးသင့်တယ်လို့ ဝါးခယ်မ မဲဆန္ဒနယ်အမှတ် ၂ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ကပြောပါတယ်။

DVB

No comments:

Post a Comment