Latest News

Wednesday, March 8, 2017

စစ်ဘေးရှောင် မြန်မာ လုပ်သားများ နေရပ်ပြန်နိုင်ရန် လောက်ကိုင်ခရိုင် ကြက်ခြေနီအသင်း ကူညီ

စစ်ဘေးရှောင် မြန်မာ လုပ်သားများ နေရပ်ပြန်နိုင်ရန် လောက်ကိုင်ခရိုင် ကြက်ခြေနီအသင်း ကူညီ

ကိုးကန့်ဒေသက စစ်ပွဲတွေကြောင့် လောက်ကိုင်မြို့ကို ရောက်ရှိနေတဲ့ စစ်ဘေးရှောင် မြန်မာ လုပ်သားတွေ နေရပ်ပြန်နိုင်ဖို့ အတွက် လောက်ကိုင်ခရိုင် ကြက်ခြေနီ အသင်းက ကယ်ဆယ်ရေး စခန်း ဖွင့်လှစ်ပြီး ကူညီ ဆောင်ရွက် ပေးနေပါတယ်။

ကယ်ဆယ်ရေး စခန်းကို လောက်ကိုင် ဆေးရုံဝန်းမှာ ဖွင့်လှစ်ပြီး စခန်းကို ရောက်ရှိလာတဲ့ သူတွေကို နေရပ် ပြန်နိုင်ဖို့ အတွက် ချင်းရွှေဟော်မြို့ကို ကူညီ ကယ်ဆယ် ကားတွေနဲ့ လိုက်လံ ပို့ဆောင်ပေးတာ ဖြစ်ပါတယ်။ လက်ရှိလူဦးရေ ၂၀၀ ကျော် ကူညီ ပို့ဆောင်ပေးပြီး ဖြစ်တယ်လို့ သိရပါတယ်။

လောက်ကိုင်မြို့က စစ်ရှောင်တွေကို မြန်မာ၊ ကိုးကန့် ပရဟိတ အဖွဲ့တွေနဲ့ အရပ်ဘက်အဖွဲ့ အစည်းတွေ ကလည်း ၀ိုင်းဝန်း ကူညီပေးနေပါတယ်။ လက်ရှိချိန်ထိ ကိုးကန်ဒေသမှာ စစ်ရေး တင်းမာမှုတွေ ရှိဆဲ ဖြစ်ပါတယ်။

DVB

No comments:

Post a Comment