Latest News

Sunday, March 12, 2017

အလှပြင်စင်တာတခုမှ မြန်မာအမျိုးသမီး ၁၉ ဦးနှင့်ဗီယက်နမ် ၁ ဦးကို မလေးရှားရဲ ကယ်တင်

အလှပြင်စင်တာတခုမှ မြန်မာအမျိုးသမီး ၁၉ ဦးနှင့်ဗီယက်နမ် ၁ ဦးကို မလေးရှားရဲ ကယ်တင်


မလေးရှားနိုင်ငံ ပီရက်က်ပြည်နယ်ရှိ အီးပို့မြို့ ဂျလန်းကမ်ပါအရပ်က အလှပြင်စင်တာတစ်ခုကို ရဲတွေက ရှောင်တစ်ခင် ၀င်ရောက်စစ်ဆေးစဉ် လူကုန်ကူးခံရတယ်လို့ ယူဆရတဲ့ မြန်မာနိုင်ငံမှ ရှမ်းအမျိုးသမီး ၁၉ ဦးနဲ့ ဗီယက်နမ်အမျိုးသမီးတဦးကို ကယ်တင်နိုင်ခဲ့ပါတယ်။

မလေးရှားနိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့က မတ်လ ၉ ရက်နေ့မှာ အီးပို့မြို့ ဂျလန်းကမ်ပါအရပ်က လိင်ဖျော်ဖြေရေးလုပ်ကိုင်နေတယ်လို့ ယူဆရတဲ့ အလှပြင်စင်တာတစ်ခုကို ရှောင်တစ်ခင်ရှာဖွေခဲ့ပြီးနောက် အခုလို ကယ်တင်ခဲ့တာ ဖြစ်ပါတယ်။

ပီရက်က်ပြည်နယ် ရာဇဝတ်မှုဖော်ထုတ်ရေးဌာနရဲ့ အကြီးအကဲဖြစ်သူ ဒါတက်ခ်ဂန်တီရန်ကီးက “ရှောင်တစ်ခင်စစ်ဆေးမှုအတွင်း အောက်ထပ်မှာ စောင့်ကြပ်နေသူ၊ ငွေစာရင်းကောင်တာ ဝန်ထမ်း၊ ဦးစီးသူနဲ့ သုံးစွဲနေသူ ၂ ဦး၊ စုစုပေါင်း အမျိုးသား ၅ ဦးကို ဖမ်းဆီးခဲ့တယ်” လို့ ပြောပါတယ်။

မလေးငွေ ၆၇၀ RMG နဲ့ ကွန်ဒုံး ၁၇၅ ခု၊ စကားပြောစက် ၂ ခု၊ တယ်လီဗေးရှင်း ၂ စုံနဲ့ မိုဘိုင်းဖုန်း ၄ လုံးတို့အပါအဝင် အခြားပစ္စည်းတွေကို သိမ်းလိုက်တယ်လို့လည်း ဆိုပါတယ်။

ဒီအမှုကို ပုဒ်မ ၁၂ ၊ ပုဒ်မ ၁၄ တို့နဲ့ စုံစမ်းနေတယ်လို့ အကြီးအကဲဂန်က ပြောပါတယ်။

သတင်း - themalaymailonline



DVB

No comments:

Post a Comment