Latest News

Monday, March 27, 2017

မြန်မာနိုင်ငံကို အိန္ဒိယနိုင်ငံက စစ်လက်နက်များ ထောက်ပံ့

မြန်မာနိုင်ငံကို  အိန္ဒိယနိုင်ငံက  စစ်လက်နက်များ ထောက်ပံ့

မြန်မာနိုင်ငံကို အိန္ဒိယနိုင်ငံကနေ ပေါ့ပါးတဲ့ တော်ပီဒို ရေအောက်ဗုံးတွေ ထောက်ပံ့ ပို့ဆောင်ပေးနေတယ်လို့  The Times of india  အိန္ဒိယသတင်းစာမှာ ရေးပါတယ်။

အိန္ဒိယနိုင်ငံဟာ မြန်မာနိုင်ငံကို ဒုံးကျည်တွေ၊ မော်တာအမြောက်ဆန်တွေ၊ ရိုင်ဖယ်သေနတ်တွေ၊ ရေဒါကိရိယာတွေ၊ ညကြည့်ကိရိယာတွေ၊ တံတားဆောက်လုပ်ဖို့ အလွယ်တကူ သယ်ဆောင်နိုင်တဲ့ ပစ္စည်းတွေ၊ လမ်းဖောက်လုပ်ရာမှာသုံးတဲ့ မြေညှိစက်တွေနဲ့ ကုန်တင်ကားတွေ  မြန်မာစစ်တပ်ကို ပို့ဆောင်ပြီးပြီလို့ သတင်းက ဆိုပါတယ်။

မြန်မာကို ပို့ဆောင်မယ့် အိန္ဒိယထုတ် အဆင့်မြင့် ရေအောက်တော်ပီဒိုဗုံး အမေရိကန်ဒေါ်လာ ၃၇ ဒသမ ၉ သန်းတန် ပို့ကုန်စာရွက်စာတမ်းတွေကို အိန္ဒိယကာကွယ်ရေးနဲ့ ဘဏ္ဍာရေးဝန်ကြီး အာရန်ဂျိတ်လေထံ မတ် ၂၄ ရက်က ရောက်ရှိတယ်လို့ ဆိုပါတယ်။

နည်းပညာ အဆင့်မြှင့်ထားပြီး ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်လုပ်တဲ့ ပေါ့ပါးတဲ့တော်ပီဒိုရေအောက်ဗုံးတွေ ပို့ဆောင်မှုဟာ အရင်က မြန်မာပြည်ကို ပို့ဆောင်ထားတဲ့ ရေအောက်အနက်နဲ့ ရေအောက်အရာဝတ္ထုများ အခြေအနေ တိုင်းတာကိရိယာအပါအဝင် ပစ္စည်းတွေပြီးရင် နောက်ပို့တဲ့ပစ္စည်း ဖြစ်မယ်လို့ အိန္ဒိယ ကာကွယ်ရေးဌာန သုတေသနနဲ့ ဖွံ့ဖြိုးမှုအဖွဲ့ (DRDO) အကြီးအကဲ အက်စ်ခရစ်စ်တိုဖာက ပြောပါတယ်။

အိန္ဒိယစစ်တပ်ဟာ ကီလိုမီတာ ၁၆၄၃ ရှည်လျားတဲ့ နှစ်နိုင်ငံ နယ်စပ်တလျှောက်မှာ မြန်မာ့တပ်မတော်နဲ့အတူ ပူးတွဲကင်းလှည့်တာတွေ တိုးမြှင့်လုပ်ဆောင်နေပါတယ်။

နှစ်နိုင်ငံ နယ်စပ်တစ်လျှောက်ရှိ တောထဲမှာ ကာလကြာအခြေပြုပြီး အိန္ဒိယအစိုးရကို တိုက်ခိုက်နေတဲ့ နာဂလက်နက်ကိုင်အဖွဲ့တွေကို မြန်မာနိုင်ငံဘက်က တာဝန်ယူ စစ်ဆင်ရေး လုပ်ဆောင်မှုအပေါ် အိန္ဒိယနိုင်ငံက စိတ်ဝင်စား သဘောကျတယ်လို့လည်း အိန္ဒိယ သတင်းစာမှာ ရေးသားထားပါတယ်။

ကိုးကား - The Times of india

DVB

No comments:

Post a Comment