Latest News

Tuesday, March 14, 2017

ကြော်ငြာဆိုင်းဘုတ် မီးလုံးတက်လဲရာမှ ဓာတ်ကြိုးပေါ် ပြုတ်ကျသေဆုံး

ကြော်ငြာဆိုင်းဘုတ် မီးလုံးတက်လဲရာမှ ဓာတ်ကြိုးပေါ် ပြုတ်ကျသေဆုံ


မင်္ဂလာတောင်ညွန့်မြို့နယ်၊ မင်္ဂလာဈေးထောင့်က ကြော်ငြာဆိုင်းဘုတ်ကို မီးလုံးတက်လဲတဲ့ အလုပ်သမား တယောက် မတ်လ ၁၅ ရက်၊ မနက် ၁၀ နာရီလောက်က ပြုတ်ကျသေဆုံးခဲ့ပါတယ်။

“ဓာတ်ကြိုးပေါ်ကို ပြုတ်ကျတယ်။ ပြီးတော့ မင်္ဂလာဈေးဝင်းထဲကို ကျသွားတယ်။ ခေါင်းလည်းကွဲ၊ ဓာတ်လိုက်တဲ့ဒဏ်ရာလည်း ရသွားတယ်။ အဲဒီနေရာမှာပဲ သေသွားတယ်” လို့ ရေတွင်းကုန်းရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးရဲနောင်သိန်းက ဒီဗွီဘီကို ပြောပါတယ်။

သူနဲ့အတူ ပါလာပြီး အောက်ကနေ အလုပ်လုပ်တဲ့ အလုပ်သမားနှစ်ယောက်ကတော့ ထွက်ပြေးသွားတယ်လို့ အခင်းဖြစ်နေရာကလူတွေက ဆိုပါတယ်။

ကနဦးသိရတဲ့ သတင်းအရ သေဆုံးသူဟာ ဒဂုံဆိပ်ကမ်းမြို့နယ်က ဦးသောင်းထွန်းဖြစ်ပြီး ရုပ်အလောင်းကို ရန်ကုန်ဆေးရုံကြီးကို ယူဆောင်သွားတယ်လို့ သိရပါတယ်။

ဓာတ်ပုံ – ရဲနောင်သိန်း

DVB

No comments:

Post a Comment