Latest News

Thursday, March 9, 2017

အိမ်မီးလောင် ဆုံးရှုံးခဲ့သော ဇာတ်ပို့ညီညီမင်းကို ရုပ်ရှင်လောကသားများက ၀ိုင်းဝန်းကူညီ

အိမ်မီးလောင် ဆုံးရှုံးခဲ့သော ဇာတ်ပို့ညီညီမင်းကို ရုပ်ရှင်လောကသားများက ၀ိုင်းဝန်းကူညီ


 တောင်ဥက္ကလာပ မီး လောင်မှုတွင် နေအိမ်မီးလောင်ဆုံးရှုံးခဲ့သည့် ဇာတ်ပို့သရုပ်ဆောင် ညီညီမင်းကို ရုပ်ရှင်လောကသား များက သွားရောက်ပံ့ပိုးလှူဒါန်းခဲ့ သည်။

တောင်ဥက္ကလာပမြို့နယ် အမှတ် (၉)ရပ်ကွက်၊ သူရ (၂) လမ်းတွင် မတ်လ ၅ ရက်ညက မီး လောင်ကျွမ်းမှု ဖြစ်ပွားပြီး ဇာတ် ပို့သရုပ်ဆောင် ညီညီမင်း၏ အိမ် လည်း မီးလောင်ဆုံးရှုံးခဲ့သည်။

‘‘ဘာမှကို မရလိုက်ပါဘူး။ ရုပ်ရှင်လောကသားတွေကတော့ လာလှူကြပါတယ်။ ပံ့ပိုးကြပါ တယ်’’ဟု လက်ရှိတွင် မီးဘေး ကယ်ဆယ်ရေးစခန်း၌  သွား ရောက်နေထိုင်နေသည့် ညီညီ မင်းက ပြောသည်။

ညီညီမင်းအတွက် ရုပ်ရှင် လောကသားများ အကူအညီပေး ရန် လူရွှင်တော်ကောင်းကျော်က ၎င်း၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှ တစ်ဆင့် တိုက်တွန်းထားသည်။

‘‘ရုပ်ရှင်နှင့် ဗီဒီယိုသရုပ် ဆောင် ကိုညီညီမင်း၏ နေအိမ် တိုက်ခန်းသည် တောင်ဥက္ကလာပ (၉)ရပ်ကွက် သူရ (၂)လမ်း မီး လောင်ရာတွင် ပါဝင်ဆုံးရှုံးခဲ့ရ ကြောင်း မီးဘေးသင့်ကယ်ဆယ် ရေး ယာယီဓမ္မာရုံကိုရောက်မှ သိရှိခဲ့ရပါတယ်ဗျာ။ နှစ်ရှည်လ များ အနုပညာအလုပ်က ရရှိလာ သည့် ငွေကြေးလေးများ တစ်ည တည်းနဲ့ အကုန်ပြောင်သွားခဲ့တာ ကို ရင်ထဲမှာ မချိပေမယ့် ရိုက်ကူး ရေးအတွက် ခေတ်အဆက်ဆက် အဝတ်အစားများနဲ့ ကာရိုက်တာ အတွက် အဝတ်အစား ဘာတစ်ခု မှမကျန် မီးထဲပါသွားတာ ပိုပြီးဝမ်း နည်းကြောင်းနှင့် ဘဝကို ဘယ်ကဘယ်လို ပြန်စရမှန်းမသိ အောင် ဖြစ်သွားရပါတယ်လို့ မျက်ရည်လေးဝိုင်းပြီး ပြောကြားလာ တာ မြင်ရတာ ရင်ထဲစို့ပြီး အလွန်စိတ်မကောင်းဖြစ် ခဲ့ရပါသည် ဗျာ..’’ဟု အစရှိသဖြင့် လူရွှင် တော် ကောင်းကျော်က မတ်လ ၆ ရက်တွင် ၎င်း၏ ဖေ့စ်ဘွတ်ခ် စာမျက်နှာ၌ ရေးသားထားသည်။

ဇာတ်ပို့သရုပ်ဆောင် ညီညီ မင်းကို နှင်းဆီရင်ခွင် ဖောင်ဒေး ရှင်း၊ ဝေဠုကျော်ဖောင်ဒေးရှင်းတို့ က အလှူငွေများ သွားရောက် လှူဒါန်းခဲ့ပြီး ရုပ်ရှင်အစည်းအရုံး ကလည်း အလှူငွေများ လှူဒါန်းခဲ့သည်။ ထို့အပြင် ရုပ်ရှင်အစည်း အရုံးဥက္ကဋ္ဌ     ဦးလူမင်းက အလှူငွေလှူဒါန်းခဲ့သကဲ့သို့ ဇာတ်ကားများ ရိုက်ကူးရန် လိုအပ်မည့် အဝတ်အစားများကို မတ်လ ၉ ရက်က သွားရောက်လှူဒါန်းခဲ့ ကြောင်း သိရသည်။



7Day News Journal

No comments:

Post a Comment