Latest News

Sunday, March 5, 2017

မဲဆွယ်စည်းရုံးရေးဆင်းမယ့် အစိုးရအဖွဲ့ဝင်တွေကို အစိုးရပိုင်ပစ္စည်း အသုံးမပြုဖို့ သတိပေး

မဲဆွယ်စည်းရုံးရေးဆင်းမယ့် အစိုးရအဖွဲ့ဝင်တွေကို အစိုးရပိုင်ပစ္စည်း အသုံးမပြုဖို့ သတိပေး

ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေးဆင်းမယ့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အစိုးရအဖွဲ့ဝင်တွေအနေနဲ့ အစိုးရပိုင်ပစ္စည်းတွေ အသုံးမပြုဖို့ သတိပေးထားတယ်လို့ ပါတီရဲ့ ဗဟိုအတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန် က ပြောပါတယ်။

နေပြည်တော် စည်ပင်ဧည့်ရိပ်သာထဲက ယူနီစန်လက်ဖက်ရည်မှာ ဒီကနေ့ ကျင်းပတဲ့ ပါတီ ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးအပြီးမှာ ဦးဝင်းထိန်က ပြောတာဖြစ်ပါတယ်။

 ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်ရွေးကောက်ပွဲဥပဒေတွေမှာ နိုင်ငံပိုင်ငွေကြေး၊ မြေ၊ အိမ်၊ အဆောက်အအုံ၊ ယာဉ်၊ ပစ္စည်းတို့ကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်တဲ့နည်းနဲ့ ဖြစ်စေ ရယူသုံးစွဲသူ သို့မဟုတ် အဲဒီလိုရယူသုံးစွဲတဲ့ အဖွဲ့အစည်းဝင်တွေဟာ ရွေးကောက်တင်မြှောက်ခံပိုင်ခွင့် မရှိစေရဆိုပြီး ပြဌာန်းထားပါတယ်။

ဒီနေ့ အစည်းအဝေးမှာ ပါတီစည်းကမ်းထိန်းသိမ်းရေးကိစ္စတွေနဲ့ တိုင်ကြားခံထားရတဲ့ အင်န်အယ်လ်ဒီပါတီက ကိုယ်စားလှယ်တွေကိစ္စ ဆွေးနွေးခဲ့တယ်လို့လည်း ဦးဝင်းထိန်က ပြောပါတယ်။

ဒါ့အပြင် လက်ရှိထွက်ပေါ်နေတဲ့ သတင်းတွေအရ အစိုးရအဖွဲ့အတွင်း အပြောင်းအလဲတွေ ရှိလာနိုင်တယ်ဆိုတာနဲ့ပတ်သက်ပြီး ကောလဟလသာဖြစ်တယ်လို့ ဦးဝင်းထိန် က ငြင်းဆိုပါတယ်။

အစည်းအဝေးကို ဦးဝင်းထိန်၊ ဦးဥာဏ်ဝင်း၊ ဒေါက်တာဇော်မြင့်မောင်၊ ဒေါက်တာအောင်မိုးညို၊ ဒေါ်နန်းခင်ထွေးမြင့် စတဲ့ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တွေတက်ရောက်ခဲ့ပေမယ့် ဦးဝင်းမြင့်နဲ့ ကျန်းမာရေးအခြေအနေကြောင့် ဦးဖြိုးမင်းသိန်းတို့ တက်ရောက်လာခြင်းမရှိပါဘူး။

Photo: Win Ko Ko Latt/ RFA

( NLD ပါတီရဲ့ ဗဟိုအတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန် ကို မတ်လ ၅ ရက်နေ့က တွေ့ရစဉ် )

No comments:

Post a Comment