Latest News

Thursday, March 23, 2017

စစ်အုပ်ချုပ်ရေး ထုတ်ပြန်ဖို့ ဖိလစ်ပိုင် သမ္မတ စဉ်းစားနေ


ဖိလစ်ပိုင်သမ္မတ ဒူတာတေးက သူ့အနေနဲ့ စစ်အုပ်ချုပ်ရေး ထုတ်ပြန်တာ၊ ဒေသဆိုင်ရာ ရွေးကောက်ပွဲ တွေကို ဆိုင်းငံ့တာတွေလုပ်သွားဖို့ စဉ်းစား သုံးသပ်နေတယ်လို့ ပြောကြား လိုက်ပါတယ်။
ဒူတာတေး ဟာ ထိုင်းနိုင်ငံခရီးစဉ် အပြီး မှာ  ခုလို ပြောဆိုတဲ့အတွက် ဖိလစ်ပိုင်နိုင်ငံမှာ စိုးရိမ်မှုတွေ မြင့်တက်နေပါ တယ်။ စစ်အုပ်ချုပ်ရေး ကြေညာရင် မူးယစ်ပြသာနာတစ်ခု တည်းသာမကဘဲ ပြသာနာ အားလုံးကို ဖြေရှင်းပြီးသား ဖြစ်သွားလိမ့် မယ်လို့ ဒူတာတေးက ဆိုပါတယ်။

အကြမ်းဖက်သမားတွေကို နှီပ်ကွပ်နိုင်ဖို့ စစ်အုပ်ချုပ်ရေးနဲ့အတူ စစ်တရားရုံးတွေပါ တည်ထောင်သွားမယ်လို့ ဖိလစ်ပိုင်သမ္မတကပြောပါတယ်။လက်ရှိအချိန်မှာဖိလစ်ပိုင်နိုင်ငံအတွင်းဒေသဆိုင်ရာအုပ်ချုပ်ရေးနေရာအတွက်လစ်လပ်မှု သောင်းကျော်ရှိနေပြီးအဲဒီ ရွေးကောက်ပွဲကိုမကျင်းပဘဲ ဒေသဆိုင်ရာခေါင်းဆောင် ၄ သောင်းကျော်ကိုခန့်အပ်ဖို့ စီစဉ်ထားပြီးဖြစ်တယ်လို့ ဖိလစ်ပိုင် သမ္မတ ကပြောပါတယ်။

သမ္မတ ဒူတားတေး ဟာ ပြီးခဲ့တဲ့ နှစ်က သမ္မတအဖြစ်ရွေးချယ်ခံရပြီး သမ္မတ သက်တမ်းအတွင်း မူးယစ်ဆေးဝါး နှိမ်နှင့်းရေး စစ်ပွဲ ဆင်နွဲမှုကြောင့်လူပေါင်း ၆ ထောင်ကျော်သေဆုံးခဲ့ပြီးဖြစ်ပါတယ်။

အာဏာရှင် ဖာဒီနန်မားကို့စ်ကို ပြည့်သူ့အာဏာလှုပ်ရှားမှုနဲ့ ဖြုတ်ချခဲ့တဲ့ ဒီမိုကရေစီစနစ် တည်ဆောက်ဆဲ
ဖိလစ်ပိုင်နိုင်ငံမှာ ဒူတာတေးရဲ့ ခုပြောဆိုချက်တွေကြောင့် စိုးရိမ်မှုတွေဖြစ်ပေါ်နေတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။ ဒူတာတေး ဟာ လူအခွင့်ရေးချိုးဖောက်သူအဖြစ် စွပ်စွဲခံနေရပေမယ့် မူးယစ၀်ဆေးဝါးနှီမ်နှင်းရေး စစ်ပွဲကိုဆက်လက်လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။
ref cna
ဇက်အမ်အို(တိုင်းဧရာ) ဘာသာပြန်သည်

No comments:

Post a Comment