Latest News

Wednesday, March 22, 2017

ဘာပဲဖြစ်ဖြစ် ကိုယ့်ကိုယ်ကို ယုံပါ

ဘာပဲဖြစ်ဖြစ် ကိုယ့်ကိုယ်ကို ယုံပါ

တစ်ခါတစ်ခါ ဘာကိုမှ မယုံကြည်ချင်တော့လောက်အောင် စိတ်ဓါတ်ပျက်ပြားသွားတာမျိုး လူတိုင်း ကြုံဘူးကြမယ် ထင်ပါရဲ့။
ကျွန်မကိုယ်တိုင်လည်း ကြုံဖူးပါတယ်။

လူတိုင်းကြုံဖူးကြပေမဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုမဲ့သွားအောင် အလဲထိုးနိုင်တဲ့ အဖြစ်အပျက်တွေနဲ့ အကြောင်းအရာတွေကတော့တစ်ယောက်နဲ့တစ်ယောက် မတူကြပါဘူး။

နေ့စဉ် လုပ်ငန်းခွင်ဖိအား။ မိသားစုပဿနာ ငွေကြေးအခက်အခဲ စတာတွေနဲ့ ဘ၀ကို စိတ်ပျက်အားငယ်စွာ ဖြတ်သန်းနေတဲ့ သူတွေ ကျွန်မတို့ပတ်ဝန်းကျင်မှာလည်း အများကြီး ရှိပါတယ်။

လူတိုင်းမှာ မတူညီတဲ့  ပြဿနာတွေ တစ်မျိုး မဟုတ်တစ်မျိုးတော့ အမြဲ ရှိနေကြတာပါပဲ။
ဒီလို အဆင်မပြေမှုတွေ ပြဿနာတွေနဲ့ ကြားကနေ ရှင်သန်ဖို့ ကြိုးစားနေရတဲ့
အခြေအနေနဲ့မှာ၊ နေ့စဉ်နဲ့ အမျှအဆင်မပြေဖြစ်ပြီး ဖိအားတွေ ဖြစ်လာရင်း တဖြည်းဖြည်းနဲ့ စိတ်ဆင်းရဲပြီး အလုပ်တောင် သွားချင်စိတ် မရှိတော့တာ။

ကျွန်မအတွက် စိတ်ညစ်စေတဲ့ဖြစ်ရပ်တွေက ရှိပါတယ်။ သတင်းမီဒီယာလုပ်ငန်းဖြစ်တဲ့အတွက် စိန်ခေါ်မှုများတာ၊ ငွေကြေးလည်ပတ်မှုနှေးကွေးတာ၊ သတင်းထောက်တွေကို မြဲအောင် ထိန်းရတာတွေနဲ့သတင်းဝယ်တဲ့ ဖောက်သည်ကို မြဲအောင်ထိန်းရတာ စတာတွေရှိပါတယ်။

ဒီလို လုပ်ငန်းခွင်နဲ့ပတ်သက်တဲ့ ဖိအားတွေရှိနေချိန်မှာ၊ တစ်ဖက်ကလည်း မိသားစုတွင်းမှာ ကိုယ်က ပြဿာနာ မလုပ်ပေမဲ့ တစ်ယောက်ယောက်က ပြဿာနာ ဖြစ်စေလို့ပဲ ဖြစ်ဖြစ် မိသားစုတွင်းအဆင်မပြေမှု တစ်ခုခု ရှိလာနေပြီး အခြား ပြဿာနာ တစ်ခုပါ ကြုံလာပြီဆိုရင်တော့  အရာအားလုံးကို လွှတ်ချပြီး အဝေးဆုံးကို ပြေးသွားချင်စိတ်တောင် ၀င်ခဲ့ဖူးတယ်။

ဒါပေမဲ့ စိတ်ညစ်နေတဲ့ အခြေအနေကနေ စိတ်နေသာအောင် ဘယ်လို လုပ်ရမယ်ဆိုတာ ကိုယ့်ကိုယ်ကို သိထားတော့စိတ်ဓါတ်ကျတဲ့ အဆင့်ထိတော့မရောက်တော့ပါဘူး။ အရင်တုန်းကတော့ရောက်ခဲ့ဖူးတယ်။

ခုတော့ စိတ်လည်း နည်းနည်းညစ်လာပြီဆိုရင်  ကျွန်မက အာရုံပြောင်းပါတယ်။  စာဖတ်ပါတယ်။ တရားထိုင်ပါတယ်။

အလုပ်လုပ်နေရင်းနဲ့ ဒီကိစ္စကြောင့်စိတ်ညစ်တယ်ဆိုရင် ဒါကို ခဏမေ့ထားပြီး လုပ်စရာရှိတဲ့ အလုပ်တွေကို ဖိလုပ်ပါတယ်။

တစ်ခါတစ်ရံတော့စိတ်ညစ်စရာရှိတယ် ဒါကို မဖြေရှင်းလို့မရဘူးဆိုရင်တော့ အဲဒီကိစ္စမှာ ကိုယ့်ကို ဘယ်အကြောင်းအရာက စိတ်ညစ်စေသလဲ။ ဆိုတာကို သိအောင်လုပ်ပါတယ်။ ပြီးတော့ အဲဒါ သိရင် ဖြေရှင်းလို့ရသွားပြီ။ ဖြေရှင်းနိုင်ပြီလို့ ကိုယ့်ကိုယ်ကို ယုံကြည်လိုက်တာနဲ့စိတ်ညစ်စရာဟာ ကျွန်မရဲ့အဝေးကို ရောက်သွားတော့တယ်။

မိသားစုဘ၀ရဲ့သာယာပျော်ရွှင်မှုတွေနဲ့ ပြန်လည် နစ်ဝင်သွားပြီး နေ့စဉ်ဘ၀ကို ကောင်းမွန်စွာ ဖြတ်သန်းလာနိုင်ပြန်ရော… အဲဒီလိုနဲ့စိတ်ညစ်စရာတွေကို ကျွန်မ ဖြတ်သန်းလာခဲ့တာ စိတ်ဓါတ်ကျတဲ့အဆင့်ထိ မရောက်တော့ပါဘူး။

ဒါကြောင့်ဘာကြောင့်ပဲ ဖြစ်ဖြစ် ဒိလို ဖိအားတွေနဲ့ အဆင်မပြေမှုတွေက နေရာတိုင်းမှာ ရှိနေတယ်၊ ကိုယ်တစ်ယောက်တည်း ကြုံရတာ၊ ရင်ဆိုင်ရတာ မဟုတ်ပါဘူး။

ဒီလို အခြေအနေဆိုးတွေကို ဖြတ်ကျော်နို်ငမှ ရှေ့ကို ရောက်တယ်ဆိုတာကို သဘောပေါက်ပြီး ကိုယ်က ဖြတ်ကျော်နို်ငဖို့ စဉ်းစားပါတယ်။ စိတ်ပျက်တတ်ပေမဲ့ ယုံကြည်ချက်ကိုတော့ မစွန့်ပါဘူး။ မရပ်လိုက် အားမလျော့လိုက်ပါဘူး

ဘာကြောင့်ပဲ ဖြစ်ဖြစ် စိတ်ညစ်စရာလေး ရှိတယ်လို့ခံစားလာရပြီဆိုရင် ကိုယ်ဝါသနာပါတာလေး အလုပ်တစ်ခုခုကို လုပ်ကိုင်ပါ၊ ၀ါသနာပါတဲ့အလုပ်ဆိုတော့ စိတ်က အဲဒီထဲကို ရောက်သွားပြီး စိတ်ညစ်တာတွေ ပြေလျော့သွားပါတယ်။ အဲဒါ ကိုယ့်အတွကိပို်ကောင်းပါတယ်.။

ဒါပေမဲ့ ကိုယ်က အခြေအနေကြောင့်ကိုယ်က အလုပ်တစ်ခုခုကို လုပ်ရတော့မယ်ဆိုရင်တော့ စိတ်ညစ်တာကို ခဏထားပြီး အဲဒါကို ပြီးဆုံးအောင် ဖြစ်အောင် လုပ်ပါ။ ဒါကလည်း ကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာ ပြဿာနာကို ဖြေရှင်းနိုင်တဲ့ဆေး ဖြစ်သွားတတ်ပါတယ်။

နောက်တစ်ချက်ကတော့လော့ဓံကို ရင်ဆိုင်နိုင်ဖို့ စိတ်ဓါတ်ကြံ့ခိုင်ဖို့ စာများများ ဖတ်ဖို့လိုအပ်ပါတယ်။ ပြီးတော့ဘာသာရေး အသိလည်း ရှိဖို့လိုတယ်။ တရားထိုင်ခြင်းဟာ စိတ်ပိုင်းဆိုင်ရာအင်အားဖြစ်စေသလို လူကိုလည်း တည်ငြိမ်ရင့်ကျက်စေပါတယ်။

တကယ်တော့စိတ်ဓါတ်ကျတယ်ဆိုတာ ကိုယ့်ကိုယ်ကို ယုံ့ကြည်မှုကျဆင်းသွားချိန်မှာ ဖြစ်တာပါ။ စိတ်ညစ်နေတဲ့ အဆင့်ကနေ တဖြည်းဖြည်း စိတ်ဖိအားတွေ များလာပြီး စိတ်ဓါတ်ကျတဲ့ အဆင့်ကို ရောက်ရှိသွားတယ်။

ဒါကြောင့် ဘယ်လို အခြေအနေပဲ ဖြစ်ပါစေ ကိုယ့်ကိုယ်ကို ယုံကြည်ပါ၊ ကိုယ်ဖြစ်ချင်တာကို ကိုယ်ကပဲ လုပ်နိုင်တာပါ၊ သူများက ကူညီနိုင်တာ ၂၀% ပဲရှိပါတယ်။ ၈၀%က  ကိုယ့်ကိုယ်ကို ဆောင်ရွက်ရတာပါ။ အဲဒီ ၈၀%မှာ ၅၀% လောက်က ယုံကြည်မှုနဲ့ဆိုင်ပါတယ်။ ကိုယ်က ဖြစ်အောင် လုပ်မယ်လို့ ယုံကြည်လိုက်တာနဲ့ ကိုယ်ဖြစ်အောင်လုပ်နို်င်ဖို့ မခက်ခဲတော့ပါဘူး။ ဖြစ်အောင်လုပ်နိုင်တဲ့ နည်းလမ်းတွေကိုလည်း ရှာတွေ့ သွားတတ်ပါတယ်။

လူတွေက တစ်ခုခုကို လုပ်မယ်လို့စဉ်းစားတဲ့အခါ မဖြစ်နိုင်တဲ့ ရှု့ထောင့်တွေကို စဉ်းစားကြတယ်။အဲဒါကို အပျက်စိတ်လို့ ခေါ်ပါတယ်။ အစိုးရိမ်ကြီးတဲ့ သူတွေက အပျက်စိတ်နဲ့ တွေးဖို့ အားသန်ကြပါတယ်။ အဲဒါကို ကျွန်မကတော့အားမပေးပါဘူး။ လုပ်မယ်လို့ ဆုံးဖြတ်ရင် ဖြစ်အောင်လုပ်နိုင်မဲ့ နည်းလမ်းကိုပဲ စဉ်းစားပါ၊ ဖြစ်မဲ့ နည်းလမ်းကိုပဲ ထပ်ခါထပ်ခါ တွေးပြီး စဉ်းစားပါလို့သာ ဆိုချင်တယ်။ အဲဒါကတော့ အပြုစိတ်လို့ ခေါ်သလို၊ အောင် စိတ်လို့လည်း ခေါ်ကြါပတယ်။ အကောင်းမြင်တတ်တဲ့ သူတွေက အပြုစိတ်နဲ့သာ စဉ်းစားတတ်တာ များပါတယ်။ အဲဒီလို စဉ်းစားရင်းနဲ့လူကလည်း လိုက်ပါပြီး ဆောင်ရွက်ရင်း အားထုတ်ကြိုးစားလာပြီး  အောင်မြင်သွားကြတာပါ၊

အဲဒီလိုမှ မဟုတ်ဘူး မဖြစ်တာ စဉ်းစားလို့တစ်ခုခုလုပ်လို့အဆင်မပြေတဲ့အခါ အားလျော့ပြီး ဆက်မလုပ်ချင်တော့ဘူး၊ မအောင်မြင်နိုင်ဘူးလို့စိတ်ထဲ လက်ခံသွားတာကိုး ဒါကြောင့်အဖြစ်နိုင်တာ အပျက်စိတ် မ၀င်ပါစေနဲ့။ ၀င်လာရင်လည်း မောင်းထုတ်ပြီး ဖြစ်နို်ငတာကိုပဲ စိတ်ထဲ စွဲနေအောင် စဉ်းစားပါ၊ တွေးပါ။

ကျွန်မကတော့ ကိုယ်လုပ်ချင်တဲ့ အလုပ်တစ်ခုဆိုရင် ဒါကို ငါလုပ်မယ်၊ ငါလုပ်နိုင်တယ်။ ငါလုပ်ရင် ဖြစ်ရမယ်ဆိုတဲ့စိတ်နဲ့လုပ်ဆောင်ပါတယ်။ အဲဒါကိုလည်း အပြည့်အ၀ကို ယုံကြည်ထားတယ်။

အဲဒါကြောင့် ကိုယ်ဖြစ်ချင်တဲ့ ဘ၀ကို ဖြစ်အောင် လုပ်နိုင်တာ ကိုယ်ကိုယ်တိုင်ပဲ ဆိုတာကို နားလည်ထားရင် စိတ်ညစ်စရာဆိုတာလည်း ခဏလေးနဲ့ ပျောက်အောင် လုပ်နိုင်လာပါတယ်။

ဘာကြောင့်ပဲ ဖြစ်ပါစေ စိတ်ညစ်နေတဲ့ အချိန်မှာတောင် ကိုယ့်ရဲ့ယုံကြည်မှုတွေကိုေ လျာ့မပစ်လိုက်ပါနဲ့။

ကိုယ့်အိမ်မက်တွေကို အကောင်အထည်ဖော်နိုင်တယ်ဆိုတဲ့မျှော်လင့်ချက်နဲ့ယုံကြည်ချက်ကိုတော့မစွန့်လိုက်သရွေ့အောင်ုမင်မှုကို မျှော်လင့်နိုင်တာပါပဲ။
ကျမလို စ်တ်ညစ်နေတဲ့သူတွေရှိရင် ဘာပဲဖြစ်ဖြစ်ကိုယ့်ကိုယ်ကို ယုံကြည်ဖို့ အားပေး တိုက်တွန်းပါရစေရှင်။

မတူတဲ့အမြင်ရှိရင်လည်း ဆွေးနွေးဖို့ဖိတ်ခေါ်ပါတယ်။
ကျေးဇူးတင်ပါတယ်ရှင်။
မေသင်္ကြန်ဟိန်(မြစ်မခ)

No comments:

Post a Comment