Latest News

Friday, March 17, 2017

ကျောက်​ဖြူတွင် ​စက်​​လှေပေါက်ကွဲ၊ ​​၄ ဦး​သေ ၂ ဦး​ပျောက်​ဆုံး

ကျောက်​ဖြူတွင် ​စက်​​လှေပေါက်ကွဲ၊ ​​၄ ဦး​သေ ၂ ဦး​ပျောက်​ဆုံး

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ ဦးကင်းအုပ်စု ကုလားဘာတောင်ကျေးရွာကနေ အလှူပွဲကိုသွားတဲ့ စက်လှေ အင်ဂျင်ပေါက်ကွဲပြီး မြစ်​ထဲနစ်မြုပ်လို့ ၄ ဦး သေဆုံးသွားပြီး ၂ ဦးပျောက်တယ်လို့ ကျောက်ဖြူ မြို့မရဲစခန်းက ပြောပါတယ်။


“ဒီကနေ့ နေ့လယ် ၂ နာရီဝန်းကျင်က ကျောက်ဖြူငလီပွေ့ဆိပ်ကမ်းကနေ့ သွားရာကနေ့ စက်လှေအင်ဂျင် ပေါက်ကွဲလို့ ရုန်းရင်ဆန်ခတ်ဖြစ်ပွားရာကနေ မြစ်ထဲကို ခုန်ချလိုက်တာ”လို့ ကျောက်ဖြူမြို့မ ရဲစခန်းက ဒုရဲမှူးဝင်းလွင်က ဒီဗွီဘီကိုပြောပါတယ်။

“အလောင်းလေးလောင်းက ရထားပြီးပါပြီ။ နောက်ထပ် နှစ်လောင်း ပျောက်နေတယ်။ အခု သေဆုံး လေးလောင်း ပေါ့လေ။ အဲဒီမှာ စုစုပေါင်း ၁၅ ဦး လိုက်ပါသွားတယ်။ ကျနော်တို့ ဖြစ်စဉ်ကို စုံစမ်းနေပါတယ်။ အင်​ဂျင် ​ပေါက်​ကွဲသွားတယ်​လို့ သိရတယ်​။ အဲ့ဒီမှာ ရုန်းရင်းဆန်​ခတ်​ဖြစ်​ပြီး​တော့ မြစ်​ထဲကိုခုန်​ချကြတာ။ ရှင်ပြုပွဲကို သွားတာလို့ သိရတယ်​။”လို့ သူက ဆက်ပြောပါတယ်။

လက်တလောမှာ ပျောက်ဆုံးနေတဲ့သူတွေ လိုက်လံရှာဖွေ​နေပြီး ဖြစ်​စဉ်​​တွေနဲ့ ပတ်​သက်​လို့ မကြာခင်​ ထုတ်​ပြန်​သွားမယ်​လို့ သူက ဆက်​လက်​​ပြောပါတယ်​။

DVB

No comments:

Post a Comment