Latest News

Wednesday, March 1, 2017

ဘင်္ဂလားဒေ့ရှ်တွင် ဘင်္ဂါလီ ဒုက္ခသည်များကို လူဦးရေစာရင်း စတင်ကောက်ခံ

ဘင်္ဂလားဒေ့ရှ်တွင် ဘင်္ဂါလီ ဒုက္ခသည်များကို လူဦးရေစာရင်း စတင်ကောက်ခံ


 ဘင်္ဂလားဒေ့ရှ်နိုင်ငံ အ ရှေ့တောင်ပိုင်းတွင် နေထိုင်သော ဘင်္ဂါလီ (မူရင်းတွင် ရိုဟင်ဂျာဟု သုံးနှုန်းထား) ဒုက္ခသည်များကိုအာဏာပိုင်များက လူဦးရေစာရင်း စတင်ကောက်ခံနေကြောင်း တာဝန်ရှိသူများကပြောသည်။

 လူမနေသော ကျွန်းတစ်ကျွန်းသို့ ဘင်္ဂါလီဒုက္ခသည်များ အား ပြန်လည်နေရာချထားရန် အငြင်းပွားဖွယ်ဆောင်ရွက်မှု တစ် စိတ်တစ်ပိုင်းအနေဖြင့် ထိုသို့ လူဦးရေစာရင်း ကောက်ခံခြင်းဖြစ် သည်။ ကော့ဘဇားခရိုင်ရှိ ဒုက္ခ သည်စခန်းများတွင် စာရင်းအင်း ဆိုင်ရာ အစိုးရတာဝန်ရှိသူများက ဒုက္ခသည်အရေအတွက် ကောက် ယူလျက်ရှိသည်။

ထိုဒုက္ခသည်များသည် အိမ် နီးချင်း မြန်မာနိုင်ငံ ရခိုင်ပြည်နယ် မှ ထွက်ပြေးလာသူများဖြစ်သည်။

‘‘အရင်ဆုံး ဒီဒုက္ခသည်စခန်း ထဲမှာနဲ့ စခန်းပြင်ပမှာနေတဲ့ မြန် မာနိုင်ငံသား မိသားစုတွေရဲ့ စာ ရင်းတစ်ခုလုပ်မယ်။ ပြီးတော့မှ စုစုပေါင်းကို ရေတွက်မှာပါ’’ ဟု ဘင်္ဂလားဒေ့ရှ်စာရင်းအင်းဆိုင်ရာ ဌာနမှ တာဝန်ရှိသူ ၀ါဟင်ဒူရာမန်ကပြောသည်။

 ယခု လူဦးရေစာရင်း ကောက်ခံရခြင်း အကြောင်းရင်းသည် ထိုဘင်္ဂါလီဒုက္ခသည်များအား ဘင်္ဂလားပင်လယ်အော်ရှိ သန်ဂါချာကျွန်းသို့ ရွှေ့ပြောင်းရန် အစိုးရ၏ အစီအစဉ်ကြောင့်ဖြစ် ကြောင်း ၎င်းကပြောသည်။

 ကော့ဘဇားခရိုင်အုပ်ချုပ် ရေးမှူး အယ်လီဟူစိန်က ယင်းလူ ဦးရေကောက်ခံခြင်း လုပ်ငန်းစဉ် မှာ အနည်းဆုံးသုံးလ ကြာမြင့် မည်ဖြစ်ပြီး ၎င်းတို့ကို  ပြန်လည် နေရာချထားရန် အစိုးရ၏ ကနဦး အစီအစဉ်အတွက် အကျိုးရှိမည် ဖြစ်ကြောင်းပြောသည်။

ခန့်မှန်းခြေအားဖြင့် ဘင်္ဂ လားဒေ့ရှ်နိုင်ငံတွင် ဘင်္ဂါလီဒုက္ခ သည် လေးသိန်းခန့် နေထိုင်လျက် ရှိသည်။

အဆိုပါ ဒုက္ခသည်များအား ရွှေ့ပြောင်းမည့်ကျွန်းသည် ရေ နစ်မြုပ်မှုအန္တရာယ် မြင့်မားပြီး တစ်ခါတစ်ရံ ကျွန်းတစ်ခုလုံး ရေ နစ်မြုပ်လေ့ရှိကြောင်း သတိပေးခဲ့ သော်လည်း ပြီးခဲ့သည့်လတွင် ဒုက္ခသည်များ ရွှေ့ပြောင်းရန် အ စီအစဉ်ကို အစိုးရက ရှေ့ဆက် လုပ်ဆောင်ခဲ့သည်။

—Ref: AFP



7Day News Journal


No comments:

Post a Comment