Latest News

Friday, March 17, 2017

တညင်းကုန်း အအေးခန်းဟင်းသီးဟင်းရွက်ဈေးသစ်ကြီး ဧပြီလ တွင်ဖွင့်လှစ်မည်

တညင်းကုန်း အအေးခန်းဟင်းသီးဟင်းရွက်ဈေးသစ်ကြီး ဧပြီလ

တွင်ဖွင့်လှစ်မည်

ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်က တညင်းကုန်း အအေးခန်း ဟင်းသီးဟင်းရွက် ဈေးသစ်ကြီး ကို လာမယ့် ဧပြီ လအတွင်းမှာ စတင်ဖွင့်လှစ်သွားမယ်လို့ မြန်မာအက်ဂရိုအိတ်(စ်)ချိန်း ပတ်ဘလစ် လီမိတက်(MAEX) က သတင်း ရရှိပါတယ်။

အဲဒီဈေးသစ်ကြီးမှာ အရင် တညင်းကုန်း ဈေးဟောင်းက ဈေးသည် ၁,၀၀၀ ကျော်ကို နေရာ ပြန် လည် ချပေးသွားမယ့်အပြင် စိုက်ပျိုးထုတ်လုပ်သူတွေ ကိုယ်တိုင် ရောင်းချနိုင်ဖို့အတွက်လည်း ဈေးဆိုင်ခန်း တွေကို အချိန်ပိုင်း ငှားရမ်းပေးသွားမှာ ဖြစ်တယ်လို့  MAEX က အမှုဆောင် အရာရှိ ဦးအောင်ကြီးက ပြောပါတယ်။

အဲဒီ ဈေးသစ်ကြီးကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ၂၅ ရာခိုင်နှုန်း၊ မြန်မာ အက်ဂရို အိတ်(စ်)ချိန်း ပတ်ဘလစ် လီမိတက် (MAEX) က ၇၅ ရာခိုင်နှုန်းနဲ့ အကျိုးတူ ပူးပေါင်းကာ နှစ်ပေါင်း ၇၀ ထိ လုပ်ကိုင်ခွင့် ရရှိထားတာပါ။

MAEX ကုမ္ပဏီက ပထမ ပိုင်းအနေနဲ့ သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်နဲ့ ပန်းမန် အဆင့်မြင့် အအေးခန်း လက်ကားဈေးသစ် အဖြစ် ဖွင့်လှစ်သွားမှာ ဖြစ်ပါတယ်။

DVB

No comments:

Post a Comment